Part 30

340 9 0
                                    

Unicode

"သူမ ချစ်သောမိုးစက်လေး…ကျွန်တော်ဖြစ်ပါရစေ…"

"အပိုင်း(၃၀)
..………………………………
            
"ဟား"
             
အရှိန်ပြင်းပြင်း မောင်းထွက်သွားသည့် ကားကို ကြည့်ပြီး တန်ခူး စိတ်တွေ ဆူပွက်လာသည်။ ဒီလူ မေပျိုကို ပြောလျှင် သူ ဘာဆက်လုပ်ရမည်နည်း။ အတွေးများနှင့် ခေါင်းတစ်ခုလုံး ထူပူနေ၏။ မေပျို ဖုန်းကို အဆက်မပြတ်ခေါ်သော်လည်း စက်ပိတ်ထားသည်ပဲ အော်နေ၏။ နောက်ဆုံး စိတ်ပေါက်ပေါက်နှင့်  မျက်စိထဲ မြင်နေရ
သည့် ဘီယာဘူးခွံကို အားနှင့်  ပစ်ကန်လိုက်သည်။
               
ပိန်လိန်သွားသည့် ဘီယာဘူးခွံကိုတွေ့သည်တိုင် သူ့ စိတ်က ကျေနပ်မသွားပေ။ အသက်ကို ပြင်းပြင်းရှူပြီး ခါးကိုထောက်ကာ နည်းလမ်းတစ်ခုကို အသည်းအသန် စဉ်းစားနေမိသည်။
               
"မဖြစ်ဘူး။ မေပျို သိသွားလို့ မဖြစ်ဘူး"
               
သူ ချက်ချင်းဆိုသလို ကားဆီသို့ ပြေးသွားလိုက်သည်။ ထိုလူထက် အရင် မေပျိုဆီ ရောက်ရန် စိတ်တွေ လောနေမိသည်။
            
"တန်ခူး"
             
"တန်ခူး"
            
ဂရေ့စ်သည် သူ့ နောက်ကပြေးလိုက်လာပြီး သူ့ပခုံးကို ဆွဲလှည့်လိုက်၏။
            
"နင် ဘယ်သွားမလို့လဲ"
            
"ဖယ်.. ငါ သွားစရာ ရှိတယ်"
              
ဂရေ့စ်လက်ကိုဖယ်ပြီး ကားတံခါးကိုဖွင့်သည့်အခါ ဂရေ့စ်က ကားတံခါးကို ပိတ်ပြီး ရပ်နေ၏။
            
"နင် ဘယ်သွားမှာလဲ"
            
"ဖယ်စမ်းပါဟာ။ ငါ အရမ်းအရေးကြီးနေတယ်"
             
ဂရေ့စ်ကို ဆွဲတွန်းလိုက်သည့်အခါ ဂရေ့စ်သည် နောက်သို့ ယိုင်သွား၏။ ပြီးနောက် သူ့အင်္ကျီကို မရမက ပြန်ဆွဲထား၏။
            
"ဘာကိုအရေးကြီးနေတာလဲ။ နင့်ကောင်မဆီသွားမလို့ အရေးကြီးနေတာလား။ ပြော ငါ့ကိုပြော။  ငါ သိရမှ ဖြစ်မယ်။ နင်နဲ့ ပတ်သတ်တဲ့ မိန်းမ မှန်သမျှ ငါ အကုန်သိရမှ ဖြစ်မယ်"
             
"ဘာတွေလဲ။ ဘာတွေလာပြောနေတာလဲ"
              
"ငါ မသိဘူးများ ထင်နေလား။  မေပျိုဆိုတာ ဘယ်သူလဲ။ ဘယ်ကမိန်းမလဲ။ နင်နဲ့ ဘယ်လောက်ထိ ပတ်သတ်နေတာလဲ။ ငါ အကုန်သိရမှ ဖြစ်မယ်"
              
"ဟ နင်နဲ့ ဘာဆိုင်လဲ။ ဘာဆိုင်လို့ အာရုံလာနောက်နေတာလဲ"
             
"အာရုံမနောက်လို့ရမလား။ နင်က ငါ့ချစ်သူလေ။ ငါ့ကိုတွဲပြီး နင်လုပ်ချင်ရာ လုပ်တာကို ငါက ထိုင်ကြည့်နေရမှာလား။ နေ့ခင်းကလည်း တိုက်ခန်းကို တစ်ယောက်ခေါ်ထားသေးတယ်။ နင် တစ်နေ့ကို ဘယ်နှယောက်တောင် ပတ်သတ်နေတာလဲ"
           
"ဘာတွေ ပြောနေတာလဲ။ နင်ပြောတာ ငါ ဘာမှ နားမလည်ဘူး"
          
"ငါ အဲ့ဒါတွေ သည်းမခံနိုင်ဘူးလို့ ပြောထားတယ်လေ။ နင့်တိုက်ခန်းကို ဘာလို့ တခြားကောင်မလေးကို ခေါ်တာလဲ။
ငါ အဲ့ဒါကို သေအောင် မုန်းတယ်။ နင် သိရဲ့လား"
           
"ဟား။ ဘယ်ကောင်မလေးမှ မခေါ်ဘူး။ စိတ်ရှုပ်အောင် မလုပ်နဲ့လို့ ပြောနေတယ်လေ"
          
စိတ်ရှိလက်ရှိ ရိုက်ပုတ်နေသည့် ဂရေ့စ်ကို စိတ်ရှုပ်ရှုပ်နှင့် ဆွဲတွန်းသည့်အခါ ဂရေ့စ်သည် ခွေခွေလေး လဲသွား၏။ သူ လုံးဝ ပြန်မထူဘဲ စိတ်ပျက်ပျက်နှင့် ကြည့်ကာ ထွက်သွားလိုက်သည်။
            
"အေး နင် သွား။ အခုချိန်လောက်ဆို နင့်စော်ကို ဆွမ်းကြီးလောင်းပြီးနေလောက်ပြီ"
             
ဂရေ့စ်စကားကြောင့် တန်ခူး တအံ့တသြ ပြန်လှည့်ကြည့်လိုက်သည်။ ဂရေ့စ်က သူ့ကို လှောင်ပြုံးပြုံးကာ ကြည့်ပြီး လဲနေရာမှ ကုန်းထလာသည်။ တန်ခူးသည် ဂရေ့စ်ဆီသို့ ပြန်လျှောက်လာ၏။
              
"နင် ခုန ဘာပြောလိုက်တာလဲ"
              
"သိချင်ရင် နင့်တိုက်ခန်းကို သွားကြည့်လေ။ နင် ခေါ်ထားတဲ့ ကောင်မလေး ကျန်မှ ကျန်သေးရဲ့လားလို့"
               
"ဘယ်သူ့ကို ပြောတာလဲ။ ငါ နားမလည်ဘူး"
                
"ဟား။ ချက်ချင်းကြီးကို ရိုးသားသွားလိုက်တာ။ နင့်တိုက်ခန်းကို ခေါ်ထားတဲ့ ကောင်မလေးလေ ။ များလွန်းလို့ မေ့နေတာလား။ ဘာတဲ့ နယုန်ဆိုလားပဲ။ နင်လိမ်ထားတာ ဟင်း ဟင်း"
                 
"ဘာ"
                 
"နင် ဘာပြောလိုက်တယ်"
                 
ဂရေ့စ် ပခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းဆွဲလှုပ်လိုက်ပြီး မေးလိုက်သည့်အခါ ဂရေ့စ်သည် ခန္ဓာကိုယ်တစ်ခုလုံး တသိမ့်သိမ့်တုန်အောင် ရယ်နေ၏။
                 
"သူက ငါ့ကို နယုန်လို့ မေးပြီး လာတာလား"
                 
"အခု သိသွားပြီလား။ ဟင်း ဟင်း စိတ်တော့ မကောင်းဘူး။ ခပ်ချောချောလေးဆိုတော့ သူဌေး အကြိုက် ဖြစ်သွားတယ်။ သူဌေးက သူ လုပ်ချင်တာ လုပ်လို့ရအောင် နင့်ကို အချိန်ဆွဲပြီး ခေါ်ထားခိုင်းတာ။ ခုလောက်ဆို သူတို့ ကိစ္စပြီးလောက်ပြီပေါ့... နင် သွားချင် သွားတော့လေ.. "
                 
" မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး"
                  
ဂရေ့စ် ပြောသမျှ ပါးစပ်အဟောင်းသားနားထောင်ပြီးသည့်နောက် ဂရေ့စ်ကို ဆွဲတွန်းကာ ပြေးထွက်ခဲ့သည်။
                
"တန်ခူး"
                 
ဂရေ့စ်ခေါ်သံသည် နောက်တွင် ပဲ့တင်ထပ်စွာ ကျန်နေခဲ့သည်။ သူ ဘာဆိုဘာမှ မမြင်တော့ဘဲ တိုက်ခန်းဆီသို့ အားကုန်ပြေးလာခဲ့သည်။
            
ဘယ်က ဘယ်လို ရောက်လဲလဲ မသိပေမယ့် ဒါဟာ အိပ်မက်ဖြစ်နေပါစေ မေပျို။  ဒါဟာ အိပ်မက်ဆိုလျှင် ငါ ချက်ချင်း ကုန်းထပစ်မှာ။ မေပျို... မင်း ဖြစ်လို့မရဘူး။ လုံးဝ ဖြစ်လို့မရဘူး။
           
ရင်ထဲမှာ အကြိမ်ကြိမ် ကျယ်လောင်စွာ အော်နေမိသည်။ ဓာတ်လှေကားပင် မစောင့်ဘဲ လှေကားအတိုင်း ပြေးတက်လာခဲ့သည်။ သူ့အခန်းရှေ့ရောက်သည့်အခါ သံပန်းတံခါးသော့သည် ပွင့်နေ၏။
              
"ဟာ"
              
တံခါးကို ခြေထောက်ဖြင့် အားရပါးရ ဆောင့်ကန်လိုက်သည့်အခါ တံခါးသည် အရှိန်ပြင်းပြင်း ပွင့်သွား၏။
              
"ဘာတွေလဲ။ ဘာတွေ ဖြစ်ကုန်တာလဲ"
               
ရှုပ်ထွေးနေသည့် ပစ္စည်းများကို လိုက်ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။ ထိုထဲမှ ဒိုင်ယာရီစာအုပ်လေးကို တွေ့လိုက်သည့်အခါ သူ အငမ်းမရ ကောက်ယူလိုက်သည်။
               
"ဟား"
                
ဒိုင်ယာရီထဲတွင် သူရေးထားသည့် စာရွက်ကို မတွေ့တော့သည့်အခါ ခြေကုန်လက်ပမ်းကျကာ ဒူးထောက်လျက် ထိုင်ချလိုက်သည်။
               
"ဘယ်လိုဖြစ်ရတာလဲ.. ဘယ်က ဘယ်လို"
                
"မေပျို"
                
ယူကြုံးမရစွာ ခေါင်းကိုမော့ကာ အာခေါင်ခြစ် အော်လိုက်မိသည်။ ပြီးနောက် စာအုပ်ကို ကိုင်ပြီး တိုက်ခန်းထဲမှ ပြေးထွက်လာခဲ့သည်။ တိုက်၏  အပေါ်ဆုံးထပ်တွင် နေ
သည့် ဘော့စ်တိုက်ခန်းဆီသို့ ပြေးတက်လာခဲ့သည်။
                 
သူ ပြေးမတက်လာခင်မှာပင် လှေကားထိပ်မှာ သူ့ကို ဆီးကြိုတားနေသည့် ဘော့စ်၏ တပည့်တပန်းပေါင်းများစွာ ရှိနေ၏။
                
"ဟေ့ကောင် တန်ခူး အဲ့ဒီမှာ ရပ်လိုက်"
                 
လှမ်းအော်ပြီး ပြေးလာသည့် တစ်ယောက်ကို တန်ခူး ဆွဲချပြီး လက်ကိုလွှဲကာ အောက်သို့ ပစ်ချလိုက်သည်။ ထိုလူသည် အငိုက်မိသွားသည့်အခါ အရုပ်တစ်ရုပ်လို ချောင်ကပ်ပြီး ပုံရက်သား လဲကျသွားသည်။ ထိုမြင်ကွင်းကို နောက်တစ်ယောက်က ပါးစပ်အဟောင်းသား ကြည့်နေ၏။
              
" ဟေ့ကောင်"
                
နောက်တစ်ယောက်သည် ကြိမ်းမောင်းပြီး  ထွက်လာသည့်အခါ အရှိန်နှင့် ပြေးတက်ပြီး ထိုလူ့လည်ပင်းကို ဆွဲညှစ်ပြီး နရံမှာ ကပ်ထား၏။
               
"မင်း.. မင်း ဘာဖြစ်လာတာလဲ"
                
မျက်လုံးအပြူးသားနှင့် သူ့ကို ကြည့်ကာ မေးသည့် တစ်ယောက်ကို သူ အားနှင့် လည်ပင်းကို ဖိညှစ်လိုက်သည်။
                
"ငါ့ကောင်မလေး ဘယ်မှာလဲ"
                 
"ဘယ်ကကောင်မလေးလဲ။ အ... အ မင်း လက်ကို လွှတ်ပါဦး။ ငါ အသက်ရှူကြပ်နေပြီ"
                
"ငါ့ကောင်မလေးကို ဘယ်သူတွေ ခေါ်သွားတာလဲ"
                
"ငါ ငါ မသိဘူး"
                
"ဟာ"
                 
တန်ခူး စိတ်မရှည်စွာ လှေကားရင်းမှ ကန်ချလိုက်သည်။ ခွေးကျ ဝက်ကျ ကျသွားသည့် ငနဲသားများသည် သူ့နောက် ပြေးမလိုက်နိုင်အောင် အထိနာသွားကြသည်။
                
သူ ခြေလှမ်းကျဲကျဲ လှမ်းပြီး တိုက်ခန်းရှေ့သို့ ရောက်လာခဲ့သည်။ တိုက်ခန်းရှေ့တွင် လူနှစ်ယောက်က သူ့ကို ပိတ်ထား၏။
              
"မင်း ဝင်လို့ မရဘူး...ဘော့စ်က မင်းကို အဝင်မခံနဲ့ ပြောထားတယ်"
             
"အဲ့ဒီကောင် ယောကျာ်းမဟုတ်လား။ သတ္တိရှိရင် အခုချက်ချင်း ငါ့ကို ထွက်တွေ့လို့ ပြောလိုက်"
             
"မပြောနိုင်ဘူး။ မင်း ထွက်သွားလိုက်တော့"
              
"ဟာ ကြာတယ်ကွာ"
               
တန်ခူး စိတ်တိုတိုနှင့် ထိုတစ်ယောက်ကို ဆွဲထိုးပစ်လိုက်သည်။ ထိုအခါ နောက်တစ်ယောက်ကပါ သူ့ကို ဝင်ထိုး၏။ အားလုံး သူနိုင် ကိုယ်နိုင် သတ်ပုတ်နေကြသည့်အချိန်တွင် တံခါးသည် ဖျတ်ခနဲ ပွင့်လာ၏။
             
"တော်ကြတော့"
              
ကျားဟိန်းသံကဲ့သို့ ဘော့စ် အော်လိုက်သည့်အချိန်တွင် ခေတ္တငြိမ်သွား၏။ သို့သော် တန်ခူးသည် စိတ်ဆိုးမာန်ဆိုးနှင့် ဘော့စ်ဆီသို့ လျှောက်သွားပြီး ဘာမပြောညာမပြော ပိတ်ထိုးပစ်လိုက်သည်။ ထိုအပြုအမူကြောင့် သူ့တပည့်အားလုံး တန်ခူးကို ပြေးထိုးရန် ပြင်နေသည့်အချိန်က သူတို့သူဌေးက လက်ကိုကာထား၏။
            
"စိတ်ဆိုးနေတဲ့ ကျားကို သွားရန်မစနဲ့"
            
"ခင်ဗျား အပိုတွေ မပြောနဲ့။ ကျွန်တော့် ကောင်မလေးကို ခင်ဗျား ခေါ်ထားတယ် မဟုတ်လား"
            
"ဟဟ ဘယ်ကောင်မလေးကို ပြောတာလဲ။ သြော် သိပြီ။ တော်တော်လှတဲ့ ကောင်မလေးတစ်ယောက်တော့ ငါ ခေါ်ထားတယ်။ မင်းက ဘယ်ဆိုးလို့လဲ။ အချောလေး ရှာတတ်သားပဲ"
             
"ခင်ဗျား ပါးစပ်ကို ပိတ်ထား"
              
"အိုး ဝိုး ကြောက်လိုက်တာ။ ကျွတ် ကျွတ်  တန်ခူး.. တန်ခူး မင်းက အရမ်း သနားစရာ ကောင်းတာပဲ"
              
"ဘာ"
             
" စိတ်တော့ မကောင်းဘူး။ ငါတို့ သားကောင်ထောင်တဲ့ထဲ မင်းက တန်ဆာခံဖြစ်သွားရတယ်။ မင်း သိလား။ အဲ့ဒါတွေက မင်း အစ်ကိုနဲ့ ဆိုင်တယ်"
           
"ခင်ဗျားက ဘယ်သူလဲ။  အစ်ကို့ကို ဘယ်လိုလုပ် သိနေတာလဲ"
         
"ဟား ဟား အခုမှ မေးတော့ နောက်ကျပြီပေါ့ကွာ။ ငါတို့ ပြောပြောနေကျ ဂိုဏ်းချုပ်ဆိုတဲ့သူက မင်း အစ်ကို့ကို ကားနဲ့တိုက်သတ်တဲ့ ညီညီဆိုတဲ့ တစ်ယောက်ပေါ့ ဟား ဟား"
         
"ဘာ"
          
တန်ခူး ကိုယ့်နားပင်ကိုယ် မယုံနိုင်အောင် တအံ့တသြ ကြည့်နေမိသည်။ ထိုအခါ ဘော့စ်က အားရစွာ ထရယ်၏။
          
"မင်း အံ့သြသွားပြီလား။ ငါထင်တယ်။ စိတ်ထိခိုက်မှာ စိုးလို့ မပြောပြတာ"
             
ပေါ့ပျက်ပျက် ပြောနေသည့်သူ့ကို  ခံပြင်းနာကြဉ်းစွာ စိုက်ကြည့်ပြီး ဆွဲထိုးလိုက်သည့်အချိန်တွင် ဘော့စ်က ပါးနပ်စွာ ရှောင်လိုက်၏။
               
"ဆောရီး တစ်ခါပဲ ခွင့်ပြုပေးမှာမို့ ဆောရီးပဲ"
                
"ခင်ဗျားကို ကျွန်တော်သတ်မယ်"
                 
"ဘယ်သူက ဘယ်သူ့ကို သတ်မလဲ ကြည့်ရတာပေါ့။  ဟေ့ကောင်တွေ အဲ့ဒီကောင်ကို အရှင်ဖမ်းထား။ မလွတ်စေနဲ့"
             
ဘော့စ် အမိန့်ပေးလိုက်သည်နှင့် သူ့တပည့်ဆယ်ယောက်လောက် တန်ခူးကို ဝိုင်းထိုးကြသည်။ ငါးယောက်လောက်အထိ လက်ရည်တူ ခုခံနိုင်သော်လည်း ကြာသည့်အခါ ဒဏ်ရာများလာ၏။ နောက်ဆုံး သူ့ ခြေတွေ လက်တွေ မလှုပ်နိုင်အောင် ဖမ်းချုပ်ထားကြသည်။
            
ဘော့စ်သည် ဒဏ်ရာတွေနှင့် သူ့မျက်နှာကို ဆွဲမော့ပြီး အားရသလို ကြည့်နေ၏။
           
"ငါ ပြောပါတယ်။ မင်းအင်အားနဲ့ ငါ့ကို လာစွာလို့မရဘူးလို့။ အခုချိန်  မင်း လုပ်ရမှာ မသေဖို့ပဲ ဆုတောင်းဖို့ပဲ "
           
"ကျွန်တော်သေရင်တောင် ခင်ဗျားကို လွှတ်ပေးမယ် မထင်နဲ့"
         
"ဘာ... ဟား ဟား ဟား.. ဒီကောင် တော်တော်ရယ်ရတဲ့ကောင်ပဲ.. ကိုယ့်အခြေအနေ ကိုယ် နားမလည်ဘူး"
          
ဘော့စ်သည် တိုက်တစ်ခုလုံး လွှမ်းမိုးသည့်အသံနှင့် အော်ရယ်နေသည်။ တန်ခူး သူ့ကို စက်ဆုပ်ရွံရှာစွာ စိုက်ကြည့်နေမိသည်။
           
"မင်းကို မိန်းမ မွှန်တတ်လိမ့်မယ် မထင်ထားခဲ့ဘူး။ အိုကေ ငါလည်း သံယောဇဉ်ထားတတ်ပါတယ်။ မင်းကို နောက်ဆုံးအနေနဲ့  ကောင်မလေးနဲ့ ပေးတွေ့လိုက်မယ်။ မင်း ပြောချင်တာတွေ ပြောပေါ့"
             
ထိုသို့ပြောကာ ဘော့စ်သည် သူ့မျက်လုံးကို စည်းရန် သူ့တပည့်များကို အချက်ပြလိုက်သည်။ မြင်မြင်သမျှ  မှောင်မိုက်သွားပြီးနောက် သူ့ကို တရွတ်တိုက်နီးပါး ဆွဲခေါ်သွားကြသည်။ ပြီးနောက် ကားတစ်စီးအပေါ်သို့ သူ့ကိုတင်ပြီး ထွက်သွားကြသည်။

သူမချစ်သော  မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )Where stories live. Discover now