Part 25

211 5 0
                                    

Unicode

" သူမ ချစ်သောမိုးစက်လေး...ကျွန်တော်ဖြစ်ပါရစေ..."

"အပိုင်း(၂၅)
......................................

"သည်းခံပါရှင်။ မိတ်ဆွေခေါ်သော ဖုန်းနံပါတ်မှာ လက်တလောတွင် ဆက်သွယ်၍ မရနိုင်ပါရှင်"

ဘုန်းသစ်မင်းသည် ဖုန်းအသံကို နားထောင်ပြီး ဦးအောင်ကို ကြည့်လိုက်သည်။ ဦးအောင်က ခေါင်းတဆတ်ဆတ်ညိတ်နေ၏။

"အဲ့ဒီညက မေပျိုကို ဒီနံပါတ်နဲ့ ဆက်သေးတယ်"

"အဲ့ဒီကတည်းက စက်ပိတ်ထားတာပေါ့"

"ဟုတ်တယ် ကျွန်တော် မေပျိုကဒ်ကို ဖြုတ်ယူထားတာ နှစ်ရက်ရှိပြီ။ တခြားဖုန်းစိမ်းနဲ့လည်း မဆက်ဘူး"

"ဒါဆို ဘယ်လိုဖြစ်မလဲ။ တကယ်ဆို တခြားဖုန်းနဲ့ဖြစ်ဖြစ် ဆက်ရမှာ မဟုတ်ဘူးလား"

"အဲ့ဒါကို ထူးဆန်းနေတာ။ သေချာတာတော့ တစ်ယောက်ယောက်ရှိနေပြီ ဦးအောင်။
မေပျို ထင်ယောင် ထင်မှား ဖြစ်နေတာ မဟုတ်ဘူး"

"သားက ဘယ်လိုထင်လို့လဲ"

ဘုန်းသစ်မင်း ပင့်သက်ကိုချကာ ထိုင်ရာမှ ထရပ်လိုက်သည်။

"နယုန်နဲ့ မေပျို အကြောင်းကို သိတဲ့တစ်ယောက်ပဲ ဖြစ်မယ်"

"နယုန်ရော မဖြစ်နိုင်ဘူးလား"

"မဖြစ်နိုင်ဘူးလေ။ နယုန်ကို ဦးညီညီက ကားနဲ့တိုက်လို့ ဦးညီညီတောင် ထောင်ကျသေးတယ် မဟုတ်ဘူးလား။ ဒါကြောင့် နယုန် မဖြစ်နိုင်ဘူး"

"ဒါဆို ဦးညီညီလက်ချက်လား"

"ပြောလို့တော့ မရဘူးပေါ့။ ကျွန်တော်က ဦးညီညီထက် အဲ့ဒီ နယုန်ဟန်ဆောင်နေတဲ့ တစ်ယောက်ကို သိချင်တာ"

"ဟူး"

ဦးအောင်က ပင့်သက်ချပြီး သူ့ကို ကြည့်သည်။

"ဘယ်လိုတွေးရမှန်းတောင် မသိတော့ဘူး။ သားလည်း တအားစိတ်ပင်ပန်းနေပြီ မဟုတ်လား"

ဘုန်းသစ်မင်း ခေါင်းကို ခါလိုက်သည်။

"ကျွန်တော့်ထက် သူက ပိုပင်ပန်းမှာပါ။ ကျွန်တော် သူ့စိတ်ထဲက အရှုပ်တွေကို ရှင်းပေးချင်တယ်"

"စိတ်အေးအေးထားပါ။ နယုန်မဟုတ်ရင် သားရှင်းနိုင်လောက်ပါတယ်"

ဦးအောင်စကားကြောင့် ဘုန်းသစ်မင်း ခြောက်ကပ်ကပ် ထရယ်လိုက်မိသည်။

"နယုန်ဆိုရင်တော့ ကျွန်တော် မနိုင်လောက်ဘူးဆိုတဲ့ သဘောပေါ့"

"နယုန်ကို အဲ့ဒီကလေးမက တော်တော်ချစ်တယ် မဟုတ်လား"

"အင်း။ ကျွန်တော် ဆေးလိပ်သွားသောက်လိုက်ဦးမယ်"

"အများကြီး မသောက်နဲ့ဦး"

ဦးအောင် လှမ်းမှာလိုက်သော်လည်း သူ ဘာမှ ပြန်မပြောမိ။ အခုတလော မီးခိုးတွေကို တိမ်လို သူ ဖန်တီးမိသည်။ အဆိပ်ဆိုတာ သိပ်လှတဲ့ အငွေ့တွေပဲ မဟုတ်ပါလား။

သူမချစ်သော  မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )Where stories live. Discover now