Part 24

193 8 0
                                    

Unicode

" သူမ ချစ်သောမိုးစက်လေး…ကျွန်တော်ဖြစ်ပါရစေ…"

"အပိုင်း(၂၄)
..………………………………
             
"ဟဲ့ ဒီလို မိုးရွာနေပြီဆို နောက် နာရီဝက်အတွင်း ဘော့စ် လာမလာ လောင်းမလား"
               
မစံပယ်နှင့် မငယ် ပခုံးတိုက် လောင်းကြေးထပ်နေသည့် စကားကို နားထောင်ပြီး ဆိုင်အပြင်သို့ မေပျိုလှမ်းကြည့်လိုက်သည်။ အပြင်မှာ မိုးများ သည်းသည်းမည်းမည်း ရွာနေ၏။ မစံပယ်က ဘာကြောင့် အတိအကျ ပြောနိုင်လဲ မသိ။ ပြီးနောက် မေပျို ပြုံးစစ လှမ်းလှမ်းကြည့်၏။ မငယ်ကတော့ တုံ့ဆိုင်းဆိုင်းနှင့်
               
"မနက်က လာပြီးပြီ မဟုတ်လား"
                
"ထပ်လာဦးမှာ။ နင်လောင်းမလား။ မြေအိုးတစ်ပွဲ"
               
"လောင်းမယ်။ ညနေမှ လာချင်လာလိမ့်မယ်။ အခုတော့ မလာစေရဘူးဟာ"
                
"အိုကေ ကြိုက်တယ်။ မေပျို ။ မှတ်ထားပေးနော်။ ငါက ဘော့စ်လာတဲ့ ဘက်က"
                
"ရှင်"
                 
မေပျို ကြောင်တောင်တောင် ဖြစ်သွားသည့်အခါ မစံပယ်က ရယ်ပြီး ထွက်သွား၏။ မငယ်ကလည်း မေပျို အနားကပ်လာပြီး တိုးတိုးလေး ပြောလာသည်။
                 
"မေပျို ဒီနေ့ ဒီကိုဘော့စ် လာမယ့် ကိစ္စ ရှိလား"
                   
"မရှိဘူးလေ။ ဘာလို့လဲ"
                   
"အေးလေ ဘာလို့ ခဏခဏ လာမှာလဲ နော့"
                  
တစ်ယောက်ကလည်း သူ့ဘာသူ ပြောပြီး ထွက်သွားပြန်သည်။ မေပျိုမှာ သူတို့နှစ်ယောက်ကို ကြည့်ပြီး ရယ်ချင်မိသည်။ အခုတလော လမ်းကြုံသည် မိုးရွာသည်နှင့် သူ ခဏခဏ ရောက်လာတတ်သည်ကို ဝန်ထမ်းတွေပါ ရိပ်မိနေ၏။ မေပျို့စိတ်ထဲမှာလည်း ဦးလေးကြီး လာမည်ဟု ထင်နေမိသည်။
               
လူစိတ်သည် ခပ်ကြီးကြီး သရေကွင်းတစ်ကွင်းလို အတော်များများကို စုချည် စည်းနှောင်၍ ရနိုင်ပြန်သည်။ ပြတ်တောက်မတတ် နာကျင်ခဲ့သော်လည်း ယခုချိန်ထိတော့ စည်းနှောင်၍ ရနေတုန်းပင်။
                
ယခင်က မိုးရွာလျှင် ကမ္ဘာပျက်မတတ် ခံစားတတ်သည့် သူသည် ယခုတော့ အလုပ်ကို ပုံမှန်လာပြီး ကြိုးကြိုးစားစား လုပ်ကိုင်နေနေ၏။ ယခင်က မည်သူနှင့်မျှ အပေါင်းအသင်းမလုပ်သော်လည်း ယခု ဆိုင်ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး ရယ်ရယ်မောမောရှိလာ၏။ ဒါတွေဟာ ကောင်းသော ပြောင်းလဲခြင်းတွေပဲလား။
မေပျို အတွေးများစွာနှင့် ပင့်သက်ချလိုက်မိသည်။
               
"ဟေ့ ငယ် ငယ် ငါ ပြောတာ မှန်ပြီနော်"
                
မစံပယ် ထအော်သံကြောင့် မေပျို လန့်ဖျတ်သွားသည်။ မစံပယ်သည် ဆိုင်တွင်းရှိ ဧည့်သည်များပင် ဂရုမစိုက်နိုင်။ အပြင်ကနေ ပြေးပြီး ဝင်လာပြီး မငယ်ကို အမောတကော လာခေါ်၏။
             
"ငါ ပြောတယ် လာမှာသာပါဆို။ အခု ကားပါကင် ထိုးနေတာ ဘယ်သူ့ကားလဲ သွားကြည့်လိုက်။ အခု သွားကြည့်လိုက်"
          
"တကယ်လာတာလား။ ပြန်သွားတာ နှစ်နာရီလောက်ပဲ ရှိသေးတာကိုလေ"
          
"ဟုတ်ပါတယ်ဆို ။ ငါ မပြောဘူးလား ငယ်ရယ်။ နင် လေ့လာမှုအား အရမ်းအားနည်းတယ် ။အထာကို မနပ်ဘူး"
           
မငယ်က တအံ့တသြ ဖြစ်နေ၏။ တကယ်လည်း ဘုန်းသစ်မင်း ဆိုင်ထဲ ဝင်လာသည့်အခါ ထူးဆန်းသည့် သတ္တဝါလို ခြေဆုံးခေါင်းဆုံး လိုက်ကြည့်နေ၏။
            
"မြေအိုးနော် ငယ်။ ညနေ တွေ့မယ်"
             
"အေးပါ။ ဘယ်လိုဖြစ်နေတာလဲ။ ငါ မကျေနပ်ဘူး။ မေးဦးမယ်"
              
မငယ်က လုပ်လက်စကို ရပ်ကာ ဘုန်းသစ်မင်းဆီ လျှောက်သွား၏။
             
"ဘာသုံးဆောင်မလဲ ဘော့စ်"
              
"ဟင့်အင်း။ ရတယ်။ လမ်းကြုံလို့ ဝင်လာတာ။ လုပ်စရာ ရှိတာ လုပ်ပါ"
             
"ဟုတ်။ ဘော့စ် အခုတလော လမ်းခဏခဏ ကြုံတယ်နော် အဟင်း"
              
မငယ် စကားကြောင့် ဘုန်းသစ်မင်း ခပ်လေးလေး ခေါင်းညိတ်၏။ ပြီးနောက် မငယ်ကို ကျော်ကာ ကောင်တာမှာ ထိုင်နေသည့် မေပျိုကို လှမ်းကြည့်၏။ မေပျိုကတော့ ရယ်ချင်စိတ်ဖြင့် ခေါင်းငုံ့ထားမိသည်။
              
"ဘာပြဿနာရှိလို့လဲ"
               
"မရှိပါဘူး။ အားလုံးအေးဆေးပါ"
              
မငယ်က ဆူဆူပုတ်ပုတ်ပြန်ဖြေပြီး  နောက်အခန်းသို့ ဝင်သွား၏။ သူကတော့ မေပျို ဆီသို့ လှမ်းလျှောက်လာသည်။
             
"ဟိတ်"
              
ကောင်တာကို လက်နှင့်ပုတ် ခေါ်လိုက်သောသူ့ကို မေပျို မော့ကြည့်လိုက်သည်။ မချိုမချဉ် မျက်နှာပေးနှင့် ဘုန်းသစ်မင်းကို မေပျို မျက်မှောင်ကြုံ့ ကြည့်လိုက်သည်။
              
"ဦးလေးကြီး ဘာကိစ္စရှိလို့ လာတာလဲ"
               
"ကိစ္စလား။ ဘာလို့မေးတာလဲ"
               
"ရုံးနဲ့ ဆိုင်က မနီးဘူး မဟုတ်လား"
                
"အင်း အဝေးကြီးလို့လည်း ပြောလို့ရသလို အနီးလေးလို့လည်း ပြောလို့ရတယ်"
                 
"ဟမ်း အဲ့ဒီလိုဆိုတိုင်း ခဏခဏ မလာပါနဲ့။ ဆိုင်က ဝန်ထမ်းတွေ နေရခက်တယ်"
                 
"ဟာ ကိုယ် ဘာလုပ်လို့လဲ"
                  
"ဘာမှမလုပ်ပေမယ့် သူဌေးရှေ့မှာ ဘယ်ဝန်ထမ်းမှ အလုပ်မလုပ်ချင်ဘူးလေ"
                  
"ဟာ အဲ့ဒါတော့ စော်ကားသွားပြီ။ ကိုယ်က အလုပ်သမားတွေချစ်တာ ခံရတဲ့ သူဌေးပါ။  ကိုယ့်ကို ဘယ်သူမှ မမုန်းဘူး။ အားလုံးကို မိသားစုလို ဆက်ဆံထားတာ"
                
မခံချင်စိတ်နှင့် ဆတ်ဆတ်ထိမခံ ပြောနေ
သည့် ဘုန်းသစ်မင်းကို ကြည့်ကာ မေပျို ရယ်နေမိသည်။
                
"မရယ်နဲ့ ။ ကိုယ်တကယ် ပြောတာ"
                 
"မရယ်ပါဘူး။ ဟုတ်ပါပြီ။ ကိစ္စ အထွေအထူးမရှိရင်လည်း ပြန်တော့လေ ။ အလုပ်တွေ ရှိသေးတယ် မဟုတ်လား"
                 
"နေဦး ။ ထမင်းသွားစားမယ်လေ"
                  
"ဟင် မေပျိုက စားပြီးပြီ။ ခုနပဲ လူရှင်းလို့ မစံပယ်တို့နဲ့ စားလိုက်တယ်"
                 
"ဟာ။ ကိုယ်စာပို့ထားတယ်လေ။ စာမဖတ်ဘူးလား"
                 
"ဟင် စာပို့ထားလို့လား"
                  
ထိုအခါမှ မေပျို ဖုန်းကို ကြည့်မိသည်။ "ကိုယ် အဲ့ဒီဘက် လာဖို့ရှိတယ် ထမင်းအတူစားမယ်"ဟူသည့် စာကို မြင်သည့်အခါ မေပျို ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ပြီးနောက် မကျေမနပ်ကြည့်နေသည့်သူကို လျှာထုတ် ပြောင်ပြလိုက်သည်။
                 
"အလုပ်အချိန်အတွင်း ဖုန်းမသုံးလို့ပါ"
                  
"မင်းဟာက လွန်တယ်။ သူဌေး ဖုန်းကိုပါ မကိုင်တာလား"
                  
"အင်း မကိုင်ဘူး။ အလုပ်ပဲ ကြိုးစားလုပ်တယ်"
                 
မေပျို ပြောင်စပ်စပ်ပြောသည့်အခါ ကြိတ်မနိုင်ခဲမရပုံနှင့် အံကြိတ်ပြီး ကြည့်၏။
                   
"နောက်ဆို ကိုယ့်ဖုန်းကို ချက်ချင်း ကိုင်။ ဖုန်းမကိုင် စာပြန်မပို့ရင် တစ်လစာဖြတ်မယ်။ မယုံမရှိနဲ့"
                 
ဒေါပွသွားသည့် သူ့ကို မေပျို မျက်မှောင်ကြုံ့ ကြည့်လိုက်သည်။ သူက ခပ်တင်းတင်း ကြည့်ကာ
                
"ပြန်တော့မယ်"
                 
"ပြန်ပေါ့"
                  
သူက လက်ထဲက သော့ကို ကောင်တာပေါ် တင်လိုက်သည်။
                  
"လိုက်ပို့"
                   
"ဟယ်"
                  
ကားသော့ထားကာ  ခပ်တည်တည်ထွက်သွားသော သူ့ကို မေပျို ပါးစပ်အဟောင်းသား ကြည့်နေမိသည်။ တခစ်ခစ်ရယ်သံ ကြားမိသည့်အခါ လှည့်ကြည့်တော့ မစံပယ်နှင့် မငယ် ဖြစ်နေ၏။ ဘာပြောရမှန်းမသိ မျက်နှာပူထူပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားမိသည်။ ပြီးနောက် ကားသော့ယူကာ သူ့နောက် ပြေးလိုက်ရတော့သည်။
                
ဆိုင် အပေါက်အဝတွင် ရပ်စောင့်နေသော သူ့လက်ထဲသို့ ကားသော့ကို ဆောင့်ဆောင့်အောင့်အောင့် ထည့်ပေးလိုက်သည်။ သူကတော့  ကျေနပ်စွာ ရယ်နေ၏။
                
"ဦးလေးကြီးက အမြင်ကတ်စရာ ကောင်းလောက်အောင် ကလေးဆန်တယ် သိလား"
                 
"အဲ့ဒီစကား ကိုယ် တစ်ခါမှ မကြားဖူးဘူး။ ကလေးဆန်တယ်ဆိုတာ ဘာမှန်းတောင် မသိဘူး"
                  
"တော်ပြီ ပြိုင် မပြောချင်တော့ဘူး။ သွားတော့မယ်"
                  
" နေဦး"
                   
"ဘာလဲ"
                  
" မိုးရေထဲ မထွက်နဲ့နော်။ စိတ်ချမယ်"
                   
"ထွက်မှာ စိတ်ချ။ ဦးလေးကြီး သွားတာနဲ့ကို ထွက်မှာ"
                   
မေပျို အရွဲ့တိုက်ပြောသည့်အခါ သူက အနားသို့ကပ်လာ၏။
                 
"စကားကို တစ်ခါတည်း နားထောင်လိုက်ရင် ဘာဖြစ်သွားမှာမို့လို့လဲ။ မင်းကလေ တော်တော်ဆိုးတယ် သိလား။
ဘာအပြစ်မှ ပေးလို့မရဘူး။ မင်းကို ဆုံးမရတာ တော်တော်ခက်တယ်"
                
"အောင်မာ ။ ဦးလေးကြီးကမှ မေပျိုထက် အဆတစ်ရာ ဆိုးတာ သိလား"
                
"ကိုယ် ဘာလုပ်လို့လဲ"
                 
ပြူးပြူးပျာပျာ ထအော်သော သူ့ကို မေပျို မကျေမနပ် ကြည့်လိုက်သည်။
                
"အာဏာ သုံးတယ်။ ငွေသုံးတယ်။ ဥာဏ်သုံးတယ်။ လူကို အမျိုးမျိုး လှည့်ပတ်ပြီး ချုပ်ချယ်နေတာ။ ဟောဒီ ကမ္ဘာမှာ ဦးလေးကြီး အဆိုးဆုံး"
                 
"ဟာ"

သူမချစ်သော  မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )Where stories live. Discover now