Part 29

301 4 0
                                    

Unicode

"သူမ ချစ်သောမိုးစက်လေး…ကျွန်တော်ဖြစ်ပါရစေ…"

"အပိုင်း(၂၉)
..………………………………
            
ခံနိုင်ရည်ဟာ တစ်နေ့တခြား မြင့်တက်လာမြဲမို့ အခုအချိန် ခက်ခဲနေတဲ့ အရာတွေက နောက်တစ်ချိန်မှာ လွယ်ကူချင် လွယ်ကူသွားမှာ ။ ဒီအချိန်မှာ ဝမ်းနည်းစရာ ကောင်းပေမယ့် တစ်ချိန်မှာ ဟာသ ဖြစ်နေချင် ဖြစ်နေနိုင်တာပဲ ။

ဒီလိုပါပဲ... ဦးလေးကြီးရေ.. မေပျိုကို အခု မမေ့နိုင်ပေမယ့် နောင်တစ်ချိန်မှာ မေ့နိုင်မှာပါ။
           
မေပျို ဒီက ထွက်သွားတော့မယ်....။ 
ဦးလေးကြီးရဲ့ အရိပ်အာဝါသအောက်မှာ မေပျို အရမ်းပျော်ခဲ့ရပါတယ်။ မေပျို အခု အရင်နဲ့ မတူဘဲ စိတ်ရော လူပါ ကျန်းမာနေပါပြီ။ ဒါကြောင့် မေပျိုကို စိတ်ချပါနော်။ လိုက်မရှာပါနဲ့တော့။  ပျော်ပျော်ရွှင်ရွှင်နေပြီး ဘဝကို ဖြတ်သန်းပါ။
            
မေပျို ကတိတစ်ခုတော့ ပေးခဲ့မယ်.. မေပျို ဒီနေ့ကစ မိုးရေမချိုးတော့ဘူး။ ဒါကြောင့် ဦးလေးကြီးလည်း မိုးရေထဲ မထွက်ပါနဲ့နော်။ ဦးလေးကြီးက ချူချာတယ်မလား။ ဆေးလိပ်တွေလည်း လျှော့သောက်ပါ။
             
ကျန်းမာရေးကို အထူး ဂရုစိုက်ပါနော်။
             
                                                မေပျို...
              
              
ပါးပြင်ပေါ် စီးကျလာသော မျက်ရည်တွေကို မြန်မြန်ဆန်ဆန် သုတ်ပြီး စာရွက်ကို ဖြဲလိုက်သည်။ ဝမ်းနည်းသည့် စိတ်ကို အသာဘေးချိတ်ကာ စာရွက်ကို စားပွဲပေါ် ခေါက်ကာ စားပွဲပေါ်တင်လိုက်သည်။
             
စိတ်မပြောင်းခင် ဒီက မြန်မြန်ထွက်သွားမည်ဟု ဆုံးဖြတ်ထားမိသည်။ ထိုအချိန် ဖုန်းသံ မြည်လာသည့်အခါ မေပျို ကိုယ်လေး တုန်ခနဲ ဖြစ်သွားမိသည်
             
ထွက်သွားမယ်ဆိုတာ သူ သိနေတာ များလား...။ မဖြစ်နိုင်။ သူ ဘယ်လိုလုပ် သိမလဲ။ ဒီအတိုင်း ခေါ်တာ နေမှာပါ။
           
မေပျို အမျိုးမျိုး တွေးပြီး ဖုန်းကို ကိုင်ဖို့ မဝံ့မရဲ ဖြစ်နေမိသည်။ နောက်ဆုံး စကားပြောခြင်းလည်း ဖြစ်နိုင်သည်မို့ စိတ်ထဲ ပြောမပြတတ်အောင် ဝမ်းနည်းနေမိသည်။
          
နောက် ဘယ်တော့မှ .. ဘယ်တော့မှ သူ့ အသံမကြားရတော့ဘူးဆိုရင်...။
         
မေပျို တွေဝေမနေတော့ဘဲ ဖုန်းကို ချက်ချင်း ကောက်ကိုင်လိုက်သည်။
            
"ဟဲလို"
             
သြရှရှထူးသံကို နားထောင်ပြီး ဝမ်းနည်းစိတ်သည် လှိုင်းလို တက်လာ၏။ ပါးစပ်ကို ပိတ်ပြီး စိတ်ကို ထိန်းသော်လည်း မျက်ရည်သည် အတားအဆီးမဲ့စွာ ကျလာတော့သည်။
              
"ဟဲလို မေပျို နားထောင်နေလား"
               
"ဟုတ် ဦးလေးကြီး"
              
အသက်ကို ဝအောင် ရှူပြီး အသံကိုထိန်းကာ ပြောလိုက်သည်။
                
"အသံက တစ်မျိုးပဲ။ ဘာဖြစ်နေတာလဲ"
                
"ဟင့်အင်း။ ဘာမှ မဖြစ်ပါဘူး... ဦးလေးကြီး ဘာပြောမလို့လဲ"
                 
"သြော် ကိုယ် ဒီည နောက်ကျမယ်လို့ ပြောမလို့။ ထမင်းစားနှင့်နော်။ ဒေါ်လေးကိုလည်း ပြောပေးဦး"
                  
"ဟုတ်"
                   
"ဘယ်သွားမလဲ မမေးဘူးလား"
                    
"အလုပ်ရှိလို့ မဟုတ်ဘူးလား"
                     
"အင်း ဟုတ်တယ် အရေးကြီးတဲ့ အလုပ်တစ်ခု ရှိတယ်။ ပြီးရင် ကိုယ် မင်းကို ပြောစရာရှိတယ်။ အခု မပြောသေးဘူး။ ကိုယ်ပြန်လာရင် ပြောမယ်။ စောင့်ပေးမယ် မဟုတ်လား"
                   
"ဟုတ်"
                    
"ကိုယ်ပြောမယ့် စကားကို မင်းယုံဖို့ လိုတယ်။ ကိုယ် မင်းကို ဘယ်တော့မှ မလိမ်ဘူးဆိုတာ သိတယ် မဟုတ်လား"
                     
"ဟုတ်"
                      
"အဲ့ဒီလောက်ဆို ရပြီ။ ညကျမှ ပြောမယ်။ ဘာဝယ်လာခဲ့ရမလဲ။  ဘာစားဦးမလဲ"
                   
"ဟင့်အင်း"
                   
"ဒါဆို ဘိုင်နော်။ ကိုယ် ကားမောင်းနေလို့"
                    
" ဟုတ် ဘိုင်"
                   
အပြောနှင့်အတူ လက်လေးပါ ယမ်းကာ နှုတ်ဆက်နေမိသည်။ ပြီးနောက် ဖုန်းချသွားသည်တိုင် ဖုန်းကို  နှမြောတသစွာ ကိုင်ထားမိသည်။
                  
နှုတ်ဆက်ပါတယ်.. ဦးလေးကြီးရယ်။
မေပျို ဦးလေးကြီးကို ယုံပါတယ်။ ဒါပေမယ့် ဦးလေးကြီး စကားကို မေပျို နားမထောင်နိုင်တော့ဘူး။
             
မေပျို ပင့်သက်ကို ချကာ ဖုန်းကို အသက်မဲ့စွာ ငေးကြည့်မိသည်။ ဒါပြီးရင် နယုန်ကို ဖုန်းဆက်လိုက်သင့်လား။ ငါ နင်နဲ့ပဲ အတူနေတော့မယ်လို့ ပြောလိုက်ဖို့ သူ အတော်ဝန်လေးနေမိသည်။
          
သူ ဘာကြောင့် နယုန်အပေါ် သံသယတွေ ထားနေမိလဲ မသိတော့။  နယုန်သေသွားပြီဟု အတည်ပြုလိုက်သည့်အချိန်တွင် သူသည် အနားတွင် သေချာရှိပါသည်။ သို့သော် နယုန်ကို သဂြိုလ်သည့် အချိန်တွင် သူ မေ့မြောနေခဲ့သည်။ ထိုမှစ နယုန်ကို သူ့အတွေးထဲတွင် ရှင်သန်စေခဲ့သည်။

သူမချစ်သော  မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )Where stories live. Discover now