Unicode
" သူမ ချစ်သောမိုးစက်လေး…ကျွန်တော်ဖြစ်ပါရစေ…"
"အပိုင်း(၂၆)
..………………………………
"မိုးမိလာတာလား"
"အင်း"
"မိုးရေထဲ လျှောက်လာတာလား"
"မဟုတ်ပါဘူး"
"ဒါဆို ဘယ်နားမှာ မိုးမိတာလဲ"
ဘုန်းသစ်မင်း ဝင်လာကတည်းက မေပျို နောက်က လိုက်မေးလာသည်မှာ လှေကားထစ်အနားရောက်တော့ ဘုန်းသစ်မင်းက သူ့ကို ထူးဆန်းသလို ပြန်
ကြည့်၏။
"ထူးထူးဆန်းဆန်း ဝင်လာကတည်းက မေးနေတာ။ မဟုတ်မှလွဲ ကိုယ့်ကို မျှော်နေတာလား"
"မမျှော်ပါဘူး။ ကားနဲ့ တိုက်ရိုက်လာတဲ့သူက ဘယ်အနားမိုးမိလဲ သိချင်လို့"
မေပျို စူပုတ်ပုတ် ပြန်ဖြေသည်ကို ဘုန်းသစ်မင်း သဘောကျစွာ ကြည့်နေမိသည်။ ပြီးနောက် မျက်နှာကို မချိုမချဉ် ကြည့်လျက်
"ဒီနားလေးမှာ ကောင်မလေးတစ်ယောက် မိုးရေထဲမှာ ရပ်နေတယ်။ မေးလည်း မဖြေဘူး။ ထီးပေးလည်း မယူဘူး။ ကိုယ့်ကိုလည်း လူမှားပြီး ခေါ်သေးတယ်"
"အဲ့ဒါ ဘယ်သူ့အကြောင်း ပြောနေတာလဲ"
"အရူးမလေး အကြောင်း ပြောနေတာ"
" တော်လိုက်တော့"
မေပျို ရှက်ကိုးရှက်ကန်းနှင့် သူ့လက်မောင်းကို လိမ်ဆွဲသည့်အခါ အားခနဲ ထအော်၏။
" တကယ်ပြောတာကို ။ နာတာ"
"အကောင်းမေးနေတာ မဖြေဘူးလား။
မဖြေရင်နေတော့ "
"ဟေး ဖြေမယ် ဖြေမယ် ။ စိတ်ကြီးပဲ အစ်မက။
"မေးနေတာကို အကောင်းမှ မဖြေတာ"
"အင်းပါ။ ဒီအနားရောက်မှ ကားက ဘာဖြစ်မလဲ မသိလို့ ဆင်းကြည့်လိုက်တာလို့။ အဲ့ဒါ မိုးမိသွားတာ"
"ကားပျက်သွားတာပေါ့"
"ဘက်ထရီခေါင်းလွတ်နေတာ။ ကိုယ်ပြင်တာ ကောင်းသွားပြီ"
" ဦးလေးကြီးက ကားလည်း ပြင်တတ်တယ်လား"
"ဒါပေါ့ ဘယ်လိုလဲ။ ကိုယ် တော်တာကို လက်ခံလိုက်ပြီ မဟုတ်လား"
မေပျို နှာခေါင်းရှုံ့ကာ သူ့ကို ကြည့်လိုက်သည်။
"တော်ပါ။ ရေချိုးတော့။ ဟင်းနွှေးလိုက်ဦးမယ်"
မေပျို သူ့ကို တွန်းပြီး လှည့်ထွက်မည့်ကြံတော့ သူက မေပျို ပခုံးကိုကိုင်ပြီး သူ့ဘက်သို့ ဆွဲလှည့်ကာ ပြုံးပြီး ကြည့်နေ၏။
"အဲ့ဒီလိုမျိုးတွေ အသေးစိတ် လိုက်မေး လိုက်ပြောနေတော့ မင်းက ဘာနဲ့ တူလဲ သိလား"
"ဘာနဲ့တူတာလဲ"
မေပျို အထိတ်တလန့်နှင့် မေးသည့်အခါ သူက ကြည့်ပြီး ရယ်နေ၏။
"ဘာလဲ ဘာလို့ရယ်နေတာလဲ"
"အမေနဲ့ တူတယ် ပြောမလို့ပါ။ ဘာလို့လန့်နေတာလဲ"
"မလန့်ပါဘူး။ အဲ့ဒီမှာ ဖျားတော့မယ်။
မြန်မြန်ချိုးတော့"
"ဟုတ်ကဲ့"
မေပျို ရယ်ချင်စိတ်ကို ထိန်းပြီး လှေကားမှ ပြေးဆင်းလာခဲ့သည်။ ရင်ထဲလည်း ကြည်နူးကျေနပ်နေမိသည်။ သို့သော် စားပွဲပေါ်တင်ထားသည့် ပီဇာဘူးကို မြင်သည့်အခါ အပျော်သည် ချက်ချင်းဆိုသလို ရပ်တန့်သွား၏။
"တွေ့မှာပေါ့။ နင်က ငါ့မိန်းမပဲ မဟုတ်ဘူးလား။ ငါ့နောက် လိုက်ဖို့ ပြင်ထားချည်"
ရဲရဲတင်းတင်း ပြောသွားသည့် နယုန့်စကားကို စိတ်ထဲ မကြိုက်မိ။ သို့သော် ထိုအရာသည် အမှန်ပဲ ဖြစ်သည်။
![](https://img.wattpad.com/cover/364694485-288-k55803.jpg)
YOU ARE READING
သူမချစ်သော မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )
Romanceမိုးဖြစ်စေတဲ့ တိမ်တချို့ကို ကျွန်တော်အားကျပါတယ် ကျွန်တော်ကတော့ ပြယ်လွင့်ရမယ့် တိမ်တစ်စပါပဲ ( သူမဆိုတဲ့ စကားလုံးဟာ မြန်မာအဘိဓာန်မှာ မရှိတာသိရက် စာရေးသူကခေါင်းမာမာနဲ့ထုတ်ခဲ့တဲ့ စာအုပ်လေးပါ ထွက်ရှိခဲ့တဲ့ခုနှစ်ကတော့ 2020 ခုနှစ်ပါ )