Part 18

236 6 1
                                    

Unicode

"သူမ ချစ်သောမိုးစက်လေး...ကျွန်တော်ဖြစ်ပါရစေ..."

"အပိုင်း(၁၈)
......................................

"မေပျို ပြီးရင် ထွက်ခဲ့တော့နော်"

မေပျိုအခန်း တံခါးကိုခေါက်ပြီး ခေါ်တော့ ခြောက်နာရီ အတိဖြစ်နေသည်။

အချိန်တိကျသည်က လူကြီးလူကောင်းပီသသည် ခေါ်မလား။စမတ်ကျသည် ခေါ်မလား။လက်ထဲက နာရီကိုတစ်ချက်ကြည့်ပြီး တွေးမိသည်။ထို့အတူ လူငယ်ဆန်ဆန် ပတ်လာသည့်G shock နာရီကို ကြည့်ပြီး ပြုံးလိုက်မိသည်။

ဒီညတော့ လူငယ်ပုံစံ ပေါ့ပေါ့ပါးပါး ဝတ်ဆင်လာခဲ့သည်။

အမြဲလိုလို ရှပ်ဘော်ဒီဖစ် စပို့ရှပ်နှင့် စတိုင်လ်ပန် များသာ အဝတ်များသည့် သူသည် ဒီနေ့မှာတော့ ဟူဒီအနက်ရောင်တီရှပ်ပေါ်တွင် လည်သာအနက်ရောင် jaket ကို ထပ် ဝတ်ဆင်ပြီး ရှုးကိုလည်းအနက်ပဲ ရွေးဝတ်ထားသည်။

ဆံပင်ကေကိုလည်း ပြောင်လက်အောင် မဖြီးထား။သပ်သပ်ရပ်ရပ်ဖြစ်ရုံသာ ဖြီးထားခဲ့သည်။မေမေသာ ရှိရင် သူ့ပုံစံကို ကြည့်ပြီး ဘာပြောမလဲ။ကိုယ့်ငါးချဉ် ကိုယ်ချဉ်လေမလား။သို့မဟုတ် သူ့ကို တစ်ပတ်ပတ်ပြီး စူးစူးစမ်းစမ်း အကြည့်နှင့် ကြည့်လေမလား။သူ သိပ်သိချင်ပါသည်။

အတွေးနှင့်ပြုံးနေမိစဉ် တံခါးဖွင့်သံကြောင့် လှည့်ကြည့်မိသည်။ပထမ သာမန်လှည့်
ကြည့်ပြီး ခေါင်းကို ပြန်လှည့်လိုက်သော်လည်း ပြီးမှ ကိုယ့်မျက်စိကိုယ် မယုံကြည်သလို သေချာပြန်လှည့်ကြည့်မိသည်။

မိန်းမတစ်ယောက်သည် အဖြူရောင် ဂါဝန်အကားလေး ဝတ်ရုံနှင့် ကျောလယ်ထိ ဆံနွယ်များဝဲနေအောင် ဖြန့်ချရုံနှင့် ပန်းဆီရောင် နှုတ်ခမ်းနီပါးပါးလေး ဆိုးရုံနှင့် ထိုမျှ ပြောင်းလဲလှပနိုင်သလား။ယခင်ပြင်ဆင်ခြယ်သခြင်း အလျင်းမရှိသည့် မျက်နှာလှလှလေးသည် ယခုတော့ သွေးရောင်လှလှ ပွင့်လာသည့် ပန်းကလေးအလား ဖူးငုံလှပနေ၏။

"ဒီပုံစံနဲ့ ရလား"

"အင်း"


ဆတ်ခနဲခေါင်းညိတ်မိသလို အကြည့်လည်း ချက်ချင်းလွှဲလိုက်မိသည်။

သူမချစ်သော  မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )Where stories live. Discover now