Part 13

270 7 0
                                    

Unicode

"သူမ ချစ်သောမိုးစက်လေး...ကျွန်တော်ဖြစ်ပါရစေ..."

"အပိုင်း(၁၃)
......................................

အမျိုးသမီးအဆောင်ဖွင့်ထားသည့် တိုက်ပုပုလေးတစ်ခုရှေ့တွင် ဘုန်းသစ်မင်း ကားကိုရပ်လိုက်သည်။လိပ်စာအရတော့ ဒီနေရာ သေချာ၏။သို့သော် အဆောင်သူကတော့ တုတ်တုတ်မျှ မလှုပ်အောင် အိပ်ပျော်နေလေသည်။အခုတော့လည်း သူမဟုတ်သလိုပင်။ခုနတုန်းကတော့ ကိုယ်လက်တွေ နာလောက်အောင် ဖမ်းချုပ်ရသည်။ပြန်တွေးမိသည့်အခါ ရယ်ချင်စရာတော့ ကောင်း၏။

တိုက်ကို အပြင်ကနေ တစ်ချက်ကြည့်မိသည်။ဒီတိုက်ထဲမှာ လူဘယ်နှယောက်တောင် နေနေလဲမသိ။ဝင်လိုက် ထွက်လိုက် မိန်းကလေးတွေတော့ များ၏။ခပ်ဟော့ဟော့ ဝတ်စားထားသည့် မိန်းကလေးများလည်း ဝင်ထွက်နေသည်ကို တွေ့ရသည်။သူ့ကားကို တမင်တကာ ပတ်ကြည့်သည့် မိန်းကလေးတောင် ရှိနေ၏။

ဟူး

ပင့်သက်ကို ချပြီး ဘေးကို ကြည့်လိုက်သည်။ရေစိုဝတ်နှင့်လည်း အိပ်ပျော်တာပင်။ဒီအတိုင်းဆို ဖျားမှာလည်းစိုးသည်။သို့သော် ဘယ်လိုနှိုးရမလဲမသိ။မေပျိုဟု ခေါ်လိုက်ဖို့ သူ့မှာတွန့်ဆုတ်နေ၏။လှုပ်နှိုးဖို့ကလည်း သူ့မှာ အင်္ကျီစလေးပင် ကိုင်လိုက်ဖို့ မရဲပေ။ကားဟွန်းတီးဖို့ စဉ်းစားလိုက်သေးသည်။သို့သော် သူမလန့်သွားမည်ကိုလည်း မလိုလားပေ။ထို့ကြောင့် သူ့မှာ ထိုင်ပဲကြည့်နေမိသည်။

ရေစိုဝတ်နှင့် နေရသည်ကို မုန်းသည့်သူ။
စောင့်ရသည့် အလုပ်ကို မကြိုက်သည့်သူ။အခုတော့ စောင့်ပေရောပင်။
ကျောပေးပြီး တစ်ဖက်စောင်းအိပ်နေသည့် သူမကို ကြည့်ပြီး သူ့စိတ်ထဲတွင် ဘာဒေါသမှ မရှိတာ အံ့သြစရာပင်။

ကားစက်သံမှလွဲ ကားထဲတွင် ငြိမ်သက်နေ၏။သူလည်းဆိုဖာကို မှီပြီး မျက်စိမှိတ် ငြိမ်ငြိမ်သက်သက်နေနေမိသည်။
ထိုအချိန်တွင် သူ့ဖုန်းဆီမှ ဖုန်းသံ ဆူညံစွာ ထွက်လာသည်။လန့်နိုးသွားမည်စိုး၍ ဖုန်းကို အမြန်ကိုင်လိုက်သော်လည်း သူမကတော့
လန့်နိုးသွားခဲ့သည်။မျက်လုံးအဝိုင်းသားနှင့် သူ့ကို ပြန်ကြည့်ပြီး သူရောက်နေသည့်နေရာကို သေချာကြည့်ပြီး အံ့သြနေ၏။

သူမချစ်သော  မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )Where stories live. Discover now