Part 19

181 9 0
                                    

Unicode

"သူမ ချစ်သောမိုးစက်လေး...ကျွန်တော်ဖြစ်ပါရစေ..."

"အပိုင်း(၁၉)
......................................

"ဘာတွေလုပ်နေတာလဲ"

မီးဖိုချောင်ထဲတွင် အေပရွှန်စီးလျက် အလုပ်ရှုပ်နေသော မေပျိုကို တွေ့လိုက်၍ ဘုန်းသစ်မင်းတအံ့တသြ အနားလာကြည့်မိသည်။

"ဦးလေးကြီးအတွက် မနက်စာ ပြင်နေတာ"

"တကယ်"

သူ တအံ့တသြ မေးတော့ မေပျိုက မထူးဆန်းသလို ခေါင်းပဲညိတ်ပြသည်။

"အန်တီသွားပြီးကတည်းက မနက်စာ ကောင်းကောင်း မလုပ်ပေးရသေးလို့"

သူ ကျေနပ်စွာ ပြုံးလိုက်မိသည်။အခုတလော မေပျိုသည် သူ့ကို စကားလက်ခံပြောလာသလို ရန်မူသည့် အပြုအမူမျိုး သိပ်မရှိတော့၍ စိတ်ထဲကျေနပ် နေမိသည်။

စာတွေလည်း သေချာဖတ်သလို အလုပ်ကိုလည်း ကောင်းကောင်း လုပ်လာနိုင်၏။အထူးသဖြင့် သူ၏ အပြုသဘောဆောင်
သည့် စကားများဆို သေချာ နားထောင်တတ်လာ၏။အရင်ကထက်စာရင် အနည်းငယ်ရင်းနှီးလာသလို ခံစားရမိသည်။

"ထမင်း မကြော်တတ်လို့ ပေါင်မုန့်မီးကင်ပဲ လုပ်ထားတယ်။စားတယ် မဟုတ်လား။တခြားကွတ်ကီးမုန့်တွေလည်း ရှိတယ်။နောက် ဘာစားဦးမလဲ"

"ရပြီ... ဒါလည်း အဆင်ပြေတယ်"

မေပျိုက မီးကင်ထားသည့် ပေါင်မုန့်နှင့် မုန့်များ ပန်းကန်ထဲထည့်ပြီး သူ့ရှေ့ချပေး၏။ပြီးနောက် ယိုဘူးနှစ်ဘူးကို သူ့ရှေ့ချပေး၏။

"ကိုယ့်ဘာသာ သုတ်စားရမှာလား"

"အင်းလေ...အနည်းအများက ဦးလေးကြီးပဲ သိမှာပေါ့..."

"ဟုတ်ပါပြီ...ဒါနဲ့ ကော်ဖီကရော"

"ရေနွေးတည်ထားတယ်...အခါး အချို မမှန်းတတ်လို့...ကိုယ့်ဘာသာဖျော်သောက်လိုက်"

"သြော်...ဒါဆို ပေါင်မုန့်မီးကင်ဖို့အတွက်ပဲ အဲ့ဒီ အေပရွန်ကြီးစီးထားတာပေါ့ ဟဟ"

သူ့စကားကြောင့် မေပျိုက မျက်စောင်းထိုးပြီး အေပရွန်ကို ချွတ်လိုက်သည်။

သူမချစ်သော  မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )Where stories live. Discover now