Unicode
အိမ်သို့မပြန်သေးဘဲ စံအိမ်ကြီးတွင်ရှိနေကာ ဖြစ်ကာ ညနေ Jeon Henry ပြန်လာတော့ အခန်းထဲဝင်လာသည့် အချိန်တွင် Taehyung အတွက် ဖရဲသီးပန်းကန်နဲ့အတူ ပျားရည်ပန်းကန်လုံးသေးလေးပါ ယူလာပြီးဝင်လာသည်။
ဖရဲသီးပန်းကန်ထဲတွင် စတော်ဘယ်ရီလေးတွေလည်း ပါနေလျက် ထိုအရာတွေကို မြင်သည်နှင့် Taehyung မှာကုတင်ပေါ်ကနေ ဆင်းလျက်သားဖြစ်သွားပြီးအလျင်အမြန် Jeon Henry အနားသို့ရောက်သွားသည်။
"ငါ့အတွက်မလား...တကယ်ကို လွှမ်းနေတာ"
"ကိုယ့်ကိုလား"
"ဟင့်အင်း...မဟုတ်ဘူး..ဖရဲသီးကိုလေ...မင်းကျွေးမယ်လို့ပြောထားတာလေ"
"အော...အဲ့လိုလား"
Jeon Henry လက်ထဲက ပန်းကန်ကိုယူသွားကာ ဆိုဖာပေါ်တွင် သွားထိုင်ပြီး Jeon Henry လည်း ဝတ်ထားသည့် အပေါ် ကုတ်ကို ချွတ်ကာ Taehyung ရဲ့အနားသို့ သွားဝင်ထိုင်လိုက်သည်။
ဖရဲသီးကို ပျားရည်လေးနဲ့တို့ပြီး စားလိုက်ရတဲ့ခံစားချက်က ဘာနဲ့မှလဲမရဘူး။
"ချိုလား"
"အင်း..မင်းကို ပိုချစ်သွားပြီ Jeon Henry...ဖရဲသီးချိုချိုနဲ့ ပျားရည်က အလိုက်ဖက်ဆုံးဘဲ"
"ကိုယ့်အတွက်တော့ မင်းအပြုံးက အားလုံးထက် ချိုတယ် Jeon Baba.."
စိုက်ကြည့်ကာဖြင့် ခပ်ရှရှပြောလာသည့်စကားကြောင့် ရင်ဘတ်ထဲက သိမ့်ခနဲ သိမ့်ခနဲ။ Jeon Henry စကားသိပ်တတ်တာသိပင်မဲ့ ပြောလိုက်သည့်စကားတိုင်းကလည်းအမိန့်တစ်ခုလို ရုန်းကန်ဖို့သိပ်ခက်သလို နေရခက်စွာဖြင့် ရင်လည်းသိပ်ခုန်တတ်သည်။
"ဘာလို့...စတော်...တော်ဘယ်ရီက သေးနေတာလဲ"
"အကြီးတွေထက် အသေးတွေက ပိုချိုတယ်လေ...ပြီးတော့ စတော်ဘယ်ရီက ရေထိတာနဲ့ချက်ချင်းနာတတ်တာမို့ မင်းအတွက် လိုသလောက်ဘဲဆေးပြီးယူလာပေးတာ...ထပ်စားချင်ရင် ကိုယ်ထပ်ယူလာခိုင်းလိမ့်မယ်"
ရှက်လို့ စကားလမ်းကြောင်းလွှဲသလိုပြောလိုက်ပင်မဲ့ Jeon Henry က သူ့အပေါ်အတည်ကြီး ဂရုစိုက်ကာ လုပ်ပေးနေတာဖြစ်သည်။