Part-1

10.4K 347 2
                                    

ကလင်...ကလင်...

"ဟဲလို အမိန့်ရှိပါ ဒေါ်မြနှင်းဆီချို စကားပြောနေပါတယ်"

" အမိန့်ကတော့ ညည်းအိမ်ထောင်ပြုဖို့ပဲ မိချို..."

သူ့ကို မိချို ဟု ခေါ်လိုက်သောကြောင့် ဒေါ်မြနှင်းဆီချိုတစ်ယောက် ကြောင်အသွားသည်။ အလုပ်ချိန်ကြီး ဖုန်းခေါ်တယ်ဆိုတော့ အလုပ်အပ်တဲ့လူပဲထင်ကာသွားမိသည်။ ဖုန်းကိုပြန်ကြည့်မှ မာတာမိခင်ပင်။

" ဟာ....အမေကလည်း သမီး အိမ်ထောင်မပြုချင်သေးဘူး...အိမ်ထောင်ပြုတာလည်းစိတ်မဝင်စားဘူး။ သမီးဘဝမှာ မေမေရှိရင်ရပြီလို့"

" ညည်း မအေက အဘွားကြီးဖြစ်နေပြီ အနိစ္စလမ်းကို သွားရတော့မှာ အဲဒီကျ ညည်းတစ်ယောက်တည်းကျန်ခဲ့မှာလေ။ ညည်းဘေးမှာ အဖော်တော့ထားရမှာပေါ့။ ညည်းအသက်ကလည်း ၃၅နှစ်ကျော်နေပြီ။ အခုအိမ်ထောင်ပြုရမှာ။ ညည်းနဲ့သင့်တော်တဲ့လူ ရှာနိုင်ရင်ရှာ။ မရှာနိုင်ရင် ငါပေးစားတဲ့လူကိုယူ။ နောက်လ ငါညည်းဆီလာခဲ့မယ် ဒါပဲ"

ပြောချင်ရာပြောပြီး ကောက်ခနဲ ဖုန်းချသွားသော မာတာမိခင်ပင်။ အမေကတော့ ခက်သည်။ အပြောသာလွယ်သည်။ အလုပ်ကခက်သည်။ချက်ချင်း ပက်ကနဲ လူတစ်ယောက်ကိုကောက်ယူလို့က မရ။ တစ်ဘဝလုံးစာ အတွက် ကိုယ်က ရွေးချယ်ရမည်။ တစ်လတည်းနဲ့တော့ မည်သို့မျှ မဖြစ်နိုင်။

ဒေါ်မြနှင်းဆီချိုက အသက်၃၅နှစ်ကျော် အပျိုကြီးပင်။ ရက်ကန်းထည် ဒီဇိုင်းများကို ဆွဲပေးသည့်သူ။ ပြောရလျှင် ချိတ်ထဘီဒီဇိုင်းများ၊ ပန်းဒီဇိုင်းများအထိ ဆွဲနိုင်သူ။ ဒီဇိုင်းကုမ္ပဏီတွင် သူဌေးနှင့် သူ့ကို လိုက်ပိုးနေသော မန်နေဂျာ ကိုရဲနောင် ပြီးလျှင်သူကရာထူးအကြီးဆုံးပင်။ သေသေသပ်သပ်နေထိုင်သည့်အပြင် ထက်မြက်သည်၊ အိန္ဒြေလည်းကြီးသည်။ မိန်းကလေး၊ ယောကျာ်းလေးများကြားတွင် ကောင်းသတင်းဖြင့် နာမည်ကျော်ကြားသူပင်ဖြစ်သည်။

ဒေါက်..ဒေါက်

" ဝင်ခဲ့ပါ"

ဒီဇိုင်းဌာန အဖွဲ့မှူး တဖြစ်လဲ သူငယ်ချင်းဖြစ်သူ ယဉ်ယဉ်နွယ်ကဝင်လာသည်။

ယောက္ခမကြီးကမြားနတ်မောင်Where stories live. Discover now