" အို...လူတွေ အများကြီးပါလား"
မြတစ်ယောက် ညနေ အလုပ်ဆင်း၍ အိမ်ပြန်လာသောအခါ ယောက္ခထီးဦးနေမောင်တို့အပြင် တခြားလူကြီးတွေပါရောက်နေလေသည်။ ဧည့်ခန်းတွင်လည်း ပစ္စည်းများအပြည့်။ မောင်က ကုပ်ကုပ်လေးထိုင်နေပြီး မြကိုတွေ့တော့ တာ့တာပြပြီး ဖြီးပြသည်။
" ဦးလေးတို့က လာလက်ဖွဲ့တာပါ မင်္ဂလာပွဲမလုပ်ချင်လည်း လက်ဖွဲ့တော့ပေးရမှာပေါ့ ဒါကြောင့် အသိသက်သေ လူကြီးတွေပါ ခေါ်ပြီး လက်ဖွဲ့ပစ္စည်းလာအပ်တာပါ"
မြက မောင့်ဘေးတွင် ထိုင်လိုက်ပြီး မောင့်ခါးကိုဆွဲဆိတ်ကာမေးလိုက်သည်။
" မောင်...အဲလောက်အများကြီး လိုမှမလိုတာ"
" အန်တီနဲ့ထိုက်တန်ပါတယ် ယူလိုက်ပါ"
စားပွဲပေါ်တွင်က ၁သောင်းတန်ဖြင့် အုပ်ရေအထပ်လိုက်က သိန်းတစ်သောင်း၊ရွှေတစ်ပိဿာ၊ ပတ္တမြားတစ်ဆင်စာ၊ အိမ်သော့တစ်ခုနှင့်ကားသော့တစ်ခု။ မြအတွက်တော့ ဒါကများလွန်းနေသည်။
လူကြီးတွေက စကားများကိုယ်စီပြောနေစဉ်ဘေးအိမ်က သီချင်းထဖွင့်လေသည်။ ဆူဆူညံညံဖြင့် ဆောင်းဘောက်များဖွင့်ကာ အော်ကြဟစ်ကြလျက်။
ဦးနေမောင်က ဆူညံတာဆို လုံးဝမကြိုက်ချေ။ ဒါကိုသိသော မောင်က" ပါပါး...သူတို့က ဒီလိုပါပဲ ပုံမှန်ဖွင့်နေကျရယ်၊ စိတ်ထဲမထားပါနဲ့ စကားပဲဆက်ပြောပါ"
ဦးနေမောင်က ရုတ်တရက် အိမ်ပြင်သို့ထထွက်သွားလေသည်။ မောင်ပင် လန့်သွားသည်။ မြကလည်း ဦးနေမောင်ကိုအားနာနေသည်။ ဒေါ်မြစံပယ်ချိုကတော့ အစကတည်းက ငြိမ်ချက်သားကောင်းနေသည်။
တကယ်တော့ ဒေါ်မြစံပယ်ချိုထင်ထားသည်က သံစဉ်မောင်က သာမန်လူလတ်တန်းစားထဲမှ မိခင်ငယ်ငယ်ကဆုံးသွား၍ ကိုယ့်ဘာသာထိန်းကျောသ်းနေခဲ့သူဟုထင်ခဲ့သည်။ ယခု ဒီလိုပုံဆိုတော့ မတုန်မလှုပ်ဖြစ်လျက်။
၁၅မိနစ်ကြာတော့ ဦးနေမောင်ကအိမ်ထဲပြန်ဝင်လာသည်။
" ဧည့်သည်တွေကို အားနာပါရဲ့ဗျာ..ကျွန်တော် ဖုန်းတစ်ချက်သွားဆက်တာဗျ"
YOU ARE READING
ယောက္ခမကြီးကမြားနတ်မောင်
Romanceဟန်ဆောင်လက်ထပ်ထားတဲ့ အထဲမှာ စည်းမျဉ်းတစ်ခုက တစ်ယောက်ကိုတစ်ယောက်မချစ်မိဖို့ပဲတဲ့။ နှစ်ယောက်လုံး အဆုံးထိ မချစ်ဘဲနေနိုင်ပါ့မလား။