Part-10

5.6K 258 6
                                    

သံစဉ်မောင်တစ်ယောက် စိတ်လှုပ်ရှားနေ၍ ကားမောင်းလျှင် အန္တရာယ်ဖြစ်မည်စိုးသောကြောင့် လရောင်ကသာ မောင်းခဲ့လေသည်။ လမ်းတွင်လည်း သိသမျှ ဘုရားစာ အကုန်ရွတ်ကာ ပါပါးအတွက်ဆုတောင်းပေးနေလေသည်။

အောင်သုခ ဆေးရုံ။

သံစဉ်နှင့်လရောင်တို့ သူနာပြုဆရာမလေးကို မေးကာ လူနာအခန်းဆီသို့ရောက်လာခဲ့သည်။ ပါပါးကို ဆရာဝန်တွေက ဆေးကုနေသဖြင့် အပြင်လူမဝင်ခိုင်း၊ အကိုဖြစ်သူ သံလွင်မောင်သာ အခန်းရှေ့တွင် ထိုင်နေလေသည်။

" ကိုကြီး..ပါပါး ဘာဖြစ်တာလဲ ဘယ်လိုဖြစ်တာလဲ..."

" ရင်ဘတ်အောင့်တယ်ဆိုပြီး ခေါက်ခနဲ လဲသွားတာ နှလုံးဖောက်တယ်ထင်တာပဲ ကိုကြီးတော့..ဦးလေးစိုးထိုက်ကလည်း အရေးတကြီးကိစ္စနဲ့ တောင်ငူကိုခဏ သွားတော့ အလုပ်တွေက ပါပါးပဲလုပ်နေတာ ပါပါးအလုပ်ဒဏ်ပိတာလားလည်းမသိဘူး အန်ကယ်မြတ်မင်းအောင်ကိုယ်တိုင်ဝင်ပြီး checkလုပ်နေတယ် ထွက်မလာသေးဘူး...အခြေအနေစောင့်ကြည့်ရမှာ...လောလောဆယ်ထိုင်ဦး"

သံစဉ်မောင်တစ်ယောက် သူ့အကိုဘေးတွင် ဝင်ထိုင်လိုက်သည်။

" ဒါနဲ့ကိုကြီး မိန်းမရော"

" သားရှိလို့လေ အိမ်စောင့်နေခဲ့တယ်...မနက်ကျမှ ပါပါးဖို့ ဟင်းထမင်းတွေပို့ရင်းလာလိမ့်မယ်"

" ဪ"

ဒေါက်တာမြတ်မင်းအောင်က အခန်းထဲမှထွက်လာသည်။ ထို့နောက် သံစဉ်တို့ဘက်လျှောက်လာကာ

" ဦးနေမောင်က နဂိုမူရင်းက နှလုံးရောဂါရှိတာကို အခု သွေးတိုးပါ ရှိနေပြီ။ အသက်ကလည်း စကားပြောနေတာကိုး၊ ပြီးတော့ အလုပ်ဒဏ်ကြောင့်ပဲ ပြောရရင် သူ့အသက်အရွယ်နဲ့ဆို ဒီလောက်လုပ်ဖို့မသင့်တော့ဘူး မင်းတို့အဖေကို ဖြေးဖြေးချင်းနားချယူနော်.."

" ဟုတ်ကဲ့ ဒေါက်တာ"

" အခုက အိပ်ဆေးထိုးပေးထားတယ်...နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတယ်...နောက်ရက်ကျမှ dripချိတ်ရမယ် အားပြည့်အောင်...ပြီးတော့ စိတ်ချမ်းသာအောင်ထားပါ ဖြစ်နိုင်ရင်"

" ဟုတ်ကဲ့ ဒေါက်တာ"

" ဒါဆို ဦးလေးသွားဦးမယ် တစ်ခုခုဆိုပြောလိုက်နော်"

ယောက္ခမကြီးကမြားနတ်မောင်Where stories live. Discover now