MEGA group၏ ၃လတစ်ကြိမ် ကျင်းပသော ရှယ်ယာရှင်အစည်းအဝေးပွဲ။
မောင်နဲ့ ပါပါးက ရောက်နှင့်နေကာ နားနေခန်းထဲတွင် ထိုင်နေကြသည်။ မကြာခင် ဦးကျော်ဇောနှင့် သမီးဖြစ်သူ ဟေဇယ်လ်တို့ရောက်လာလေသည်။
" ကိုနေမောင်..ကျုပ်ဒီနေ့ပဲ သမီးကို ရှယ်ယာတွေလွှဲပေးကြောင်းကြေညာချင်တယ်ဗျာ ပြီးတာနဲ့ အေးရာအေးကြောင်း ကျွန်တော် ပြင်ဦးလွင်မှာပဲ အနားလေးယူတော့မယ် ကျုပ်တစ်သက်လုံး သုညကနေ ဒီဘဝရောက်အောင် မနားမနေလုပ်ခဲ့ရတာ မသေခင်တော့ နားသွားဦးမယ်"
" ကောင်းပါတယ် ကိုကျော်ဇော..ဒါနဲ့ သမီးကရော အသင့်ဖြစ်ပြီလား"
" ဖြစ်ပါပြီ အန်ကယ်.."
" မောင် ကူညီမှာပါ ပါပါးရာ...ဟေဇယ်လ်နဲ့က အချင်းချင်းတွေပဲကို"
" ဟုတ်ပါပြီ.."
" အစည်းအဝေးစတော့မယ်ရှင့် သူဌေး ရှယ်ယာရှင်တွေ အကုန်ရောက်နေပြီဗျ"
ဝန်ထမ်းကောင်လေး ခေါ်မှသာ လေးယောက်သား ရောက်လာခဲ့လေသည်။
ရှယ်ယာရှင်အစည်းအဝေးပွဲတွင် ဦးကျော်ဇောက သူ့သမီးဟေဇယ်လ်မွန်ကို ရှယ်ယာလွှဲအပ်ကြောင်းကြေညာသည်။ အားလုံးက လက်ခုပ်တီးလျက်။ ဟေဇယ်လ်က ရှယ်ယာရှင် အစည်းအဝေးပွဲကို တစ်ချက်ဝေ့ကြည့်လိုက်တော့။ ထိုသူ။
ဟေဇယ်လ့် ရင်ဘတ်ထဲကလူက အရင်တစ်ခါ တောထဲကလို ရွှံ့ပေဗွက်ပေနဲ့မဟုတ်ဘဲ သန့်ပြန့်နေလေသည်။ ရွှေကိုင်းမျက်မှန် ဝိုင်းဝိုင်းလေးက သူ၏ V shapeမျက်နှာနှင့်လိုက်ဖက်လျက်။ လက်ခုပ်တီးတော့ သူကလည်း ဟေဇယ်လ့်ကိုပြုံးပြလျက်။ ရှပ်အင်္ကျီအနက်၊ ဘောင်းဘီအနက်နှင့်ကုတ်အနက်ကိုပါ ဝတ်ထားသော ဟေဇယ်လ့်ရင်ထဲကလူသည် ဟေဇယ်လ့်ကို သူ့အကြည့်မှ မလွှဲနိုင်စေရန် ပြုစားနိုင်လေသည်။
အစည်းအဝေးပွဲပြီးသောအခါ ဟေဇယ်လ်က ထိုလူဆီ မပြေးရုံတမယ် သွားလေသည်။ ထိုလူက လှည့်ပင်မကြည့်။ မှီခါနီးမှ ထိုလူ့လက်ကိုဆွဲလိုက်လေသည်။
" ရှင် ကျွန်မကိုနှုတ်ဆက်ဖို့ကောင်းတယ်"
" ဪ..ဟုတ် မင်္ဂလာပါ မဟေဇယ်လ်"
YOU ARE READING
ယောက္ခမကြီးကမြားနတ်မောင်
Romanceဟန်ဆောင်လက်ထပ်ထားတဲ့ အထဲမှာ စည်းမျဉ်းတစ်ခုက တစ်ယောက်ကိုတစ်ယောက်မချစ်မိဖို့ပဲတဲ့။ နှစ်ယောက်လုံး အဆုံးထိ မချစ်ဘဲနေနိုင်ပါ့မလား။