Part-11

5.6K 272 8
                                    

ဦးနေမောင်လည်း ကျန်းမာလာစပြုလာလေပြီ၊ သို့သော် သံစဉ်မောင်နှင့် သံလွင်မောင်က ဆေးရုံမှာပဲနားခိုင်းထားတယ်။ တကယ်လို့အိမ်ပြန်ခေါ်လျှင် ဦးနေမောင်က အလုပ်ပြန်လုပ်နိုင်သောကြောင့်ပင်။

ဦးနေမောင်ရဲ့ လက်ရှိ အလုပ်တွေကို သံစဉ်က လာဦးစီးသည်။ တက္ကသိုလ်မှာကတည်းက ဘူမိဗေဒယူထားသောကြောင့် ကျောက်မျက်ရတနာနှင့် တွင်းထွက်ပစ္စည်းတွေအကြောင်းကိုနားလည်သည်။ သူအခု ကုမ္ပဏီရောက်နေသည်ကို အန်တီ့ကိုအသိမပေးပါ၊ အသိပေးနိုင်သော အန်ကယ်စိုးထိုက်ကိုလည်း တောင်ငူမှတစ်ဆင့် ဆက်သွယ်ရေးခက်သော တောင်ပေါ်မြို့သို့ သွားပြီး တာဝန်ပေးထားလိုက်သည်။

ဆေးရုံတွင် ဦးနေမောင်ကို ပြုစုမည့်လူတွေမှာ ချွေးမဖြစ်သူနှင့်အိမ်အကူအဒေါ်ကြီးသာရှိသည်။ သံစဉ်က နေ့တိုင်း ကုမ္ပဏီမှပြန်လာလျှင် လာကြည့်သည်။ ညရောက်ရင်တော့ ဘားရှိ ထပ်ခိုးလေးတွင်သာ အိပ်လေသည်။ တစ်ခါတစ်ခါတော့ အန်တီ့ကို လွမ်းသော်လည်း အန်တီချစ်လား မချစ်လား စမ်းသပ်ဖို့က ဒီနည်းပင်ရှိတော့ အန်တီ့ကိုအဆက်အသွယ်ဖြတ်ထားရသည်။ ကော်ဖီဆိုင်ကိုလည်း မလှည့်ဘဲ မန်နေဂျာကိုအပ်ထားသည်။ ဘားကိုတော့ သူမလာဘူးဟုသာ Bartender လေးကို မှာခိုင်းထားသည်။ ကျန်တဲ့သူငယ်ချင်းတွေကတော့ သံစဉ်ဘယ်မှာရှိသည်ကို အန်တီ့ကို မပြောကြပါ။

ဒီနေ့ သက်ရာနှင့် သံစဉ်တို့ နေ့လယ်စာကို သက်ရာ၏ ဟိုတယ်တွင် စားနေကြသည်။ နှစ်ယောက်သား ဟိုတယ် အပေါ်ထပ် စားသောက်ဆိုင်တွင်စားနေကြခြင်းပင်။

" သံစဉ်...နင်နဲ့ ဟိုတယ်မှာဈေးစကားလာပြောတဲ့ Innwa ကုမ္ပဏီသူဌေးက စိတ်ချရရဲ့လား"

" စိတ်ချရပါတယ်..သူတို့က အဓိကက လိုချင်တာ ပတ္တမြားလေ၊ ပတ္တမြားကို အလုံး(၃၀)ရွယ်တူလိုချင်တာတဲ့...သူ့မိန်းမမွေးနေ့လက်ဆောင်အတွက်တဲ့...ငါတို့၂ပတ်အတွင်းရှာရမှာ..စရံတော့ပေးထားတယ်"

" အဲလိုဆိုတော်သေးတာပေါ့.."

" အွန်း...ငါ အောင်ပန်းရုံးခွဲကို သွားဦးမယ် နောက်ရက်လောက်"

" တစ်ယောက်တည်းလား"

" အေး..တစ်ယောက်တည်း..ဟိုမှာက ရုံးခွဲကိုဦးစီးနေတဲ့ ကိုကောင်းထက်ရှိတယ်...အဲ့ရုံးကို တစ်ချက်စစ်ရင်း ငါလည်း အနားယူရင်းပေါ့"

ယောက္ခမကြီးကမြားနတ်မောင်Where stories live. Discover now