ဟေဇယ်လ်တို့ မင်္ဂလာဆောင်ပြီးသည့်နောက်နေ့တွင် မောင့်အိမ်၌ ပရိတ်တရားနာ ဆွမ်းကပ်ကြလေသည်။
ပရိတ်တရားနာပြီးနောက် မောင်က ဘုန်းကြီးတစ်ပါးကို လျှောက်ထားသဖြင့် ဘုန်းကြီးက ခြံအနောက်ဘက်သို့လာကာ သရက်ပင်ကို ပရိတ်အပ်ချည်ကြိုးများဖြင့်ချည်ထားကြသည်။ အန်တီကတော့ ကြိုးချည်နေချိန်တွင် မရိပ်မိစေရန်သက်ရာက စကားရောဖောရော လိုက်ပေးနေရှာသည်။
" ဒကာမလေး..ဒီလောက်ပဲ ဦးဇင်းတို့ကလုပ်ပေးနိုင်မှာ သူတို့လည်း ဘုံဘဝသားတွေဆိုတော့ ဦးဇင်းတို့က သူ့ကိုနိုင်ထက်စီးနင်းလုပ်မိမှာစိုးတယ် ဒါနဲ့ပက်သက်တဲ့ လောကီဆရာတစ်ဦး ရောက်လာပါလိမ့်မယ် ဦးဇင်းတို့အသိပါ။ ဦးဇင်းတို့လွှတ်ပေးလိုက်ပါ့မယ် သူ တပေါင်းကျရင် လာပါလိမ့်မယ်"
" ဒါဆို တပည့်တော်က နောက်ထပ် ၄လလောက်စောင့်ရမှာဆိုတဲ့သဘောပေါ့"
" ကံကောင်းရင် မြန်ချင်မြန်နိုင်ပါတယ်...ဘုရားတရားများများလုပ်ပေါ့"
" တပည့်တော် အိမ်ရွှေ့ရင်ရော"
" မရဘူး ဒကာမလေး...သူ့ပင်ရင်းက ဒီနေရာဆိုပေမယ့် သူက ဒကာမလေးတို့နောက်ကို လိုက်နိုင်တယ်"
" တင်ပါ့ ဘုရားတရားပဲလုပ်နေပါ့မယ်"
" ကိုယ်ဝန်သည်ကိုတော့ ဂရုစိုက်ပါ"
" တင်ပါ့"
" ရော့...ဒါလေးကို ဆောင်ထား တစ်နေ့နေ့ကျ လိုမယ်ထင်လို့ ဒါလေးကို ရေစိမ်ပြီးတိုက်ရင် ပယောဂပျောက်တယ် ဥာဏ်ရှိသလိုအသုံးချ သိမ်ဝင်သင်္ကန်းမို့လို့"
ဘုန်းကြီးတစ်ပါးက ကြိုးကျစ်ထားသော သင်္ကန်းစလေးကိုပေးလိုက်သည်။မောင်လည်း တရိုတသေဖြင့် ဘုရားဆင်းတုအနောက်ဘက်တွင် ထည့်ထားလိုက်သည်။ မောင်နေ့တိုင်းတော့ ပရိတ်ရေကိုပွါးကာ အိမ်ရှိရေသန့်ဘူးများရေကရားများတွင်ထည့်၍ ထိုရေကိုလည်း အန်တီ့ကို တိုက်လေသည်။သူကိုယ်တိုင်လည်းသောက်၍ တစ်အိမ်သားလုံးလည်း သောက်စေသည်။
ဆွမ်းကပ်ပြီးနောက်နေ့တွင် ယောက္ခမဖြစ်သူ ရောက်လာလေသည်။
YOU ARE READING
ယောက္ခမကြီးကမြားနတ်မောင်
Romanceဟန်ဆောင်လက်ထပ်ထားတဲ့ အထဲမှာ စည်းမျဉ်းတစ်ခုက တစ်ယောက်ကိုတစ်ယောက်မချစ်မိဖို့ပဲတဲ့။ နှစ်ယောက်လုံး အဆုံးထိ မချစ်ဘဲနေနိုင်ပါ့မလား။