" မောင်"
" ပြောလေ အန်တီ"
" အန်တီ အိမ်မပြန်သေးဘဲ မောင့်ဆိုင်လိုက်ခဲ့မယ်နော် အဲလိုလုပ်လို့ရလား"
" ရတယ်လေ အန်တီ...ဒါဆို မောင် ဆိုင်ပဲတန်းမောင်းလိုက်မယ်နော်"
" ဟုတ်ကဲ့ပါရှင့်"
နာရီဝက်လောက်စကားများပြောလျက် ဆိုင်ကိုမေင်းလာခဲ့သည်။ ဆိုင်ကိုရောက်လျှင် မောင်နဲ့အန်တီတို့ ဆိုင်၏ထပ်ခိုးခန်းထဲဝင်သွားကြသည်။
" မောင့်လက်ကိုဆေးလိမ်းရအောင် ညကျတစ်ခါထပ်လိမ်းရမယ်"
" လိမ်းပြီးသား အန်တီ..ညကျမှထပ်လိမ်းပေးတော့နော်...အခုတော့ အန်တီ ရုံးခန်းထဲနားနေလိုက် စားချင်တာမှာစားသိလား..တစ်ယောက်တည်းဖြစ်နေရင်ဆိုင်ရှေ့ကောင်တာမှာထိုင်လည်းရတယ် ...ကြိုက်တာလုပ်နော် မောင် ဘားကိုခဏသွားပြီး surprised check လုပ်မလို့"
" ဟုတ်ပြီမောင်...ကားကို ဂရုစိုက်မောင်းနော်"
မောင်က ကားသော့ယူကာ တစ်ခါတည်းထွက်သွားတော့သည်။ မြလည်း ကောင်တာတွင်ပဲ ဝင်ထိုင်လိုက်သည်။ ကောင်တာနှင့်မနီးမဝေးတွင် ကောင်မလေး သုံးယောက်အုပ်စုက စကားများပွစိပွစိပြောလျက်။ ကျန်ဝိုင်းများက သူ့ဘာသာ အေးဆေးနေသော်လည်း ထိုအုပ်စုက ဆူနေသလိုပင်။ မြလည်း မကြားချင်မှအဆုံး.သူတို့အသံတွေကိုကြားနေရသည်။
"ဟဲ့..ဒီဆိုင်ပိုင်ရှင်ကလေ ငယ်ငယ်ချောချောလေး မီးခိုးရောင်ဆံပင်နဲ့ ရှယ်ချောတာပဲ..လုံးဝငါ့type အားကိုးချင်စရာ"
" ငါလည်း သူlive လွှင့်ရင် မြင်နေကျ ရယ်လိုက်ရင်ကို ငါ့ခန္ဓာကိုယ်တစ်ခုလုံးလေဟာနယ်ထဲရောက်သွားသလိုပဲ...ငြိချင်လိုက်တာ"
" နာမည်က သံစဉ်မောင်တဲ့...မောင်လို့ခေါ်ရမှာပေါ့ တွဲရင် အူယားစရာ...ဘားလည်းဖွင့်တယ်ဆိုတော့ ဒီနေ့ကော်ဖီဆိုင်ထိုင်ငမ်း...နောက်နေ့ဘားသွားငမ်းရှယ်ပဲဟယ်"
" အခုထိုင်နေတဲ့ အန်တီကြီးက ငါ့ရဲ့အနာဂတ်မောင်နဲ့ ဘာတော်လဲမသိဘူး သိချင်လိုက်တာ"
ကောင်မလေးတွေရဲ့စကားတွေကို မြ မကြားချင်မှအဆုံး။ ဒီစကားတွေမောင်သာကြားရင် မြောက်တက်နေလောက်သည်။မြလည်း ဘာစိတ်ကူးပေါက်သည် မသိ အိမ်ကိုဖုန်းဆက်လိုက်သည်။
YOU ARE READING
ယောက္ခမကြီးကမြားနတ်မောင်
Romanceဟန်ဆောင်လက်ထပ်ထားတဲ့ အထဲမှာ စည်းမျဉ်းတစ်ခုက တစ်ယောက်ကိုတစ်ယောက်မချစ်မိဖို့ပဲတဲ့။ နှစ်ယောက်လုံး အဆုံးထိ မချစ်ဘဲနေနိုင်ပါ့မလား။