မောင် က အရင်ကလို ငေးမှိုင်ပြီးတစ်ယောက်တည်းမနေတော့။ အားလျှင် ဟေဇယ်လ် အသစ်ဖွင့်မည့် bakeryကိုသွားကာ ကူညီပေးလေ့ရှိသည်။ မောင်အရင်လိုမဟုတ်ဘဲ တက်ကြွလာသည်ကို အန်တီကမသိ။
မောင်က ညစာစားသည်အထိ ဟေဇယ်လ့်အိမ်တွင်သာ စားလေသည်။ ပြုံးရွှင်လာသဖြင့် အလုပ်လုပ်သည်လည်း စိတ်ကြည်လာလေသည်။ မောင် အရင်ကနဲ့ပင်မတူတော့ချေ။
ဟေဇယ်လ်၏ bakeryလေးကို မောင်၏ ကော်ဖီဆိုင်နှင့်ကပ်လျက်ဖွင့်ထားသည်။ ဆိုင်ရှင် ချောချောလေးကြောင့်ရော မုန့်လက်ရာကြောင့်ပါ နေ့တိုင်းရောင်းကောင်းလေသည်။
ဟေဇယ်လ်ကတော့ သူ့ဆိုင်လေး အထိုင်ကျသွားမှသာ သူမ အဖေ၏ အလုပ်ကို လက်လွှဲယူမည်ဟုပြောထားသဖြင့် လောလောဆယ် ဆိုင်အတွက်သာ သူမ အချိန်ပေးလေသည်။ မောင်ကတော့ သူအလုပ်ပြီးသည်နှင့် ဟေဇယ်လ့်ဆီ အချိန်မှန်လာစမြဲ။ မောင့်တစ်နေ့တာမှန်သမျှကိုဟေဇယ်လ်မညည်းမညူနားထောင်ပေးသည်။ လိုအပ်တာကိုလည်း အကြံဥာဏ်ပေးလေ့ရှိလေသည်။
တစ်နေ့တွင်
ဟေဇယ်လ် bakeryမှာ ကိုယ်တိုင် strawberry pie လုပ်ကြည့်နေစဉ် လူတစ်ယောက်ဝင်လာလေသည်။
ထိုလူက ဝန်ထမ်းကောင်မလေးနှင့်စကားပြောပြီးနောက် ထိုဝန်ထမ်းကောင်မလေးရောက်လာလေသည်။" မမ ...မမနဲ့တွေ့ပြီး စကားနည်းနည်းပြောချင်လို့တဲ့ သံစဉ်မောင့်အကြောင်းလို့ပြောပါတယ်"
" မမ လာခဲ့မယ်နော်...ညီမလေး ဒါလေးတွေကြည့်ပေးထားပါဦး"
ထိုလူက ဟေဇယ်လ်ကို နောက်ကျောပေးထိုင်နေလို့ ဘယ်သူမှန်းမသိရ။ ဟေဇယ်လ်ထိုင်လိုက်မှ
" ဪ...ဘယ်သူများလဲလို့ ဒေါက်တာနွေပဲ"
" ဟုတ်ကဲ့...မတွေ့တာကြာပြီ မဟေဇယ်လ် ပြန်ရောက်လာတာ ကြိုဆိုပါတယ်နော်"
" ကျေးဇူးပါရှင်...လာရင်းကိစ္စက မောင့်အကြောင်းလို့ပြောတယ်နော်"
" ဟုတ်ပါတယ် မဟေဇယ်လ်..သံစဉ့်အကြောင်းပါ..ဒီစကားမျိုးကိုပြောမှာဆိုတော့ နားနဲ့မနာ ဖဝါးနဲ့နာပါနော်"
" ဟုတ်ကဲ့ရှင့်"
" မဟေဇယ်လ်နဲ့သံစဉ်နဲ့က အရင်က ရည်းစားတွေပေါ့နော် အခုကျ ရည်းစားဟောင်းတွေဖြစ်ကုန်ပြီပေါ့...အဲပြောရရင် အခုအခြေအနေနဲ့ဆို မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေပေါ့"
YOU ARE READING
ယောက္ခမကြီးကမြားနတ်မောင်
Romanceဟန်ဆောင်လက်ထပ်ထားတဲ့ အထဲမှာ စည်းမျဉ်းတစ်ခုက တစ်ယောက်ကိုတစ်ယောက်မချစ်မိဖို့ပဲတဲ့။ နှစ်ယောက်လုံး အဆုံးထိ မချစ်ဘဲနေနိုင်ပါ့မလား။