မြနှင်းဆီချို တစ်ယောက် အိပ်ယာမှ နိုးလာခဲ့လေသည်။ ညက သံစဉ်မောင်က လူကို ဘာမှမလုပ်ဘဲ ဒီတိုင်း အိပ်သွားခဲ့သည်။ အိပ်ရင်းအကန်ခံရတာကလွဲလျှင် သံစဉ်မောင်သည် မိမိအသားကို လက်ဖြင့်ပင်မထိ။ နိုးတာနဲ့ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုး သန့်ရှင်းရေးလုပ်ပြီးနောက် အပြာနုရောင်ပါတိတ်ကိုဝတ်ဆင်လိုက်သည်။ထို့နောက် အလုပ်သွားရန် ထွက်ခဲ့လေသည်။
လှေကားပေါ်မှ ဆင်းပြီးပြီးချင်း လက်တစ်စုံက သူ့ကို ပစ္စည်းထားသည့်အခန်းကိုဆွဲခေါ်သွားသည်။
" ချာတိတ် လွှတ်"
" ရှူး တိုးတိုး....ဧည့်ခန်းထဲမှာမေမေရှိတယ် ပြောစရာရှိလို့"
" ဘာပြောမှာလဲ တို့ အလုပ်မှာအရေးကြီးကိစ္စရှိလို့ စောစောသွားရမှာ"
" အန်တီ့အလုပ် ခဏခေါက်ထား...ဒီနေ့ မောင် စောစော နိုးလို့ မေမေနဲ့ မနက်စာစားတာလေ..အဲဒါ..အန်တီ့မေမေက စစ်စစ်ပေါက်ပေါက်တအားစစ်နေတယ်...ယုံတဲ့ပုံလည်းမပေါ်ဘူး...မေးခွန်းတွေမေးတယ်"
" ဘာတွေမေးတာလဲ မောင်"
" ဘယ်လိုတွေ့ကြတာလဲ....ဘယ်သူကအရင်ဖွင့်ပြောလဲကအစ မေးတာ"
" ဟင်.....မေမေက အဲဒါတွေတောင်မေးတယ် ဟုတ်လား...မောင် ဘယ်လိုဖြေလိုက်လဲ နှစ်ယောက်သားဖြေတာမတူရင် ဒုက္ခနော်"
" မောင်ပါ....ဟီးဟီး မပိုင်ရင်ခြင်တောင်မရိုက်ဘူး ဒီလိုဖြေလိုက်တာ..မေမေဘာတွေမေးမှန်းမသိဘူး...မောင်ရှက်တယ်....အန်တီ့ကိုမေးလိုက်နော် ဆိုပြီး လစ်ထွက်လာတာ"
" တော်သေးလို့ မောင်"
" မတော်နဲ့ နောက်တစ်ခါမေးရင် ဘယ်လိုဖြေရမလဲ"
" ယဉ်တို့အိမ်မှာ မောင်နဲ့အန်တီ ခဏခဏတွေ့ရင်း ရင်းနှီးတယ် အဲကနေတွဲတယ်ပေါ့"
" ဟုတ်ကဲ့ အန်တီ...ဘယ်သူဖွင့်ပြောတာလဲကျတော့ရော"
" အဲဒါက.....တို့ဖွင့်ပြောတာပဲထားပါတော့"
" ဟုတ်....ဟီးဟီး"
"မဟီးနဲ့တော့ ကျွန်မ မနက်စာမစားတော့ဘူး အလုပ်တန်းသွားတော့မယ်လို့ မေမေ့ကိုပြောလိုက်ဦး အလုပ်ကနောက်ကျတော့မယ်"
YOU ARE READING
ယောက္ခမကြီးကမြားနတ်မောင်
Romanceဟန်ဆောင်လက်ထပ်ထားတဲ့ အထဲမှာ စည်းမျဉ်းတစ်ခုက တစ်ယောက်ကိုတစ်ယောက်မချစ်မိဖို့ပဲတဲ့။ နှစ်ယောက်လုံး အဆုံးထိ မချစ်ဘဲနေနိုင်ပါ့မလား။