ညနေ(၄)နာရီ....
အန်တီ့ကားလေးက ခြံထဲကို မောင်းလာလေသည်။ မောင်လည်း ကားသံကြားမှ အခန်းပြင်သို့ထွက်ကာ အန်တီ့ကိုအပြေးကြိုတော့သည်။ ဝုန်းဒိုင်းကြဲပြေးလာသော မောင့်ကို ကြည့်ကာ ယောက္ခမဖြစ်သူ ဒေါ်မြစံပယ်ချိုက တော့ ခေါင်းတယမ်းယမ်းဖြင့်
" လှေကားပေါ်ကနေ ပြုတ်ကျနေပါ့မယ် မောင်ရယ်"
" မကျပါဘူး အန်တီ့စာရွက်ဖိုင်တွေပေး မောင်သယ်ပေးမယ်"
အန်တီက ဧည့်ခန်းထဲတွင် ဝင်ထိုင်ကာ အမောဖြေနေလေသည်။ မောင်က ရေသွားခပ်မည်ပြုစဉ် မာလာကရောက်လာကာ ရေခွက်ကို ယူလာပေးသည်။
" မမကြီး ရေပါရှင့်"
" ကျေးဇူး မာလာ"
" အန်တီ"
" ပြောလေ မောင်"
" ဒီည အပြင်သွားမလို့ .....အဲဒါ ဟိုလေးယောက်လည်းပါတယ်"
" ဘယ်အချိန်ပြန်လာမလဲ မောင် သွားတာကသွားပါ"
" မတရားကြီးတော့ ညမနက်ပါဘူး အန်တီစောင့်နေမှာဆို မစောင့်နဲ့လို့ပြောမလို့ပါ အိပ်နှင့်လိုက်လေ"
" ဒါဆို ညနက်တော့မယ့်ပုံပါပဲ"
" ဟဲဟဲ.....တကယ်တော့ ပိစိလေးလောက် ညနက်မှာ"
" ရတယ် အန်တီ စာဖတ်ရင်း စောင့်နေမယ် နက်ဖြန်လည်း အန်တီအလုပ်ပိတ်တာပဲကို မနက်မိုးလင်းမှထတာပေါ့"
" ဒါဆို ခွင့်ပြုတယ်ပဲ သတ်မှတ်တယ်နော်"
" ခွင့်ပြုပါတယ် သောက်စရာရှိတာပဲသောက်နော် ဟိုကြူးဒီကြူး ပတ်မကြူးခဲ့နဲ့ ကြူးခဲ့ရင် ဗိုက်ကြောပြတ်မှာ"
" ဟုတ်ကဲ့ပါ ..."
သံစဉ်မောင်က မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး အခန်းအပေါ်ထပ် တက်သွားလေသည်။" မမကြီး"
" ပြောလေ မာလာ"
" ဟိုကြူး ဒီကြူး က ဘာကိုပြောတာလဲမသိလို့"
" ကောင်မလေးတွေ ပတ်မကြောင်ခဲ့နဲ့ ပြောတာပါ မာလာရယ် သူက အိမ်ထောင်မကျခင်က ရှုပ်တတ်တယ် တက္ကသိုလ် queen တွေနဲ့တောင် တစ်လစီတွဲနေတာအခုမှငြိမ်ကျသွားတာ မာလာ က ရိုးတာပဲ"
YOU ARE READING
ယောက္ခမကြီးကမြားနတ်မောင်
Romanceဟန်ဆောင်လက်ထပ်ထားတဲ့ အထဲမှာ စည်းမျဉ်းတစ်ခုက တစ်ယောက်ကိုတစ်ယောက်မချစ်မိဖို့ပဲတဲ့။ နှစ်ယောက်လုံး အဆုံးထိ မချစ်ဘဲနေနိုင်ပါ့မလား။