" ဟဲလို...ဒေါ်မြနှင်းဆီချိုလားမသိဘူးဗျ"
" ဟုတ်ကဲ့ရှင့်"
"လိပ်စာ.......ဟုတ်ပါတယ်နော်"
" ဟုတ်ကဲ့ရှင့်...ဘာကိစ္စများရှိလို့လဲရှင့်"
" deli လာပို့တာဗျ"
" ဪ ဟုတ်ကဲ့ရှင့်"
" နောက်၃မိနစ်နေရင် ရောက်မယ်ခင်ဗျ"
" ဟုတ်ကဲ့"
ဒီရက်ပိုင်း မြတစ်ယောက် ဘာမှမမှားထားမိပါ။ သို့သော် မောင်မှာထားသည်လား မသိဟူ၍ စောင့်ယူရန် အိမ်ရှေ့ထွက်လာခဲ့သည်။
* ပစ္စည်းက မောင်မှာလည်း တို့နာမည်ရေးစရာမှမလိုတာရော်*ခဏအကြာ ဖုန်းထပ်ဆက်၍ Deli ထွက်ယူသော အခါ မြတစ်ယောက် အံ့ဩသွားလေသည်။
နှင်းဆီနီနီများကို (၁၁)ပွင့်တိတိစည်းထားသော ပန်းစည်း တစ်စည်း၊ သူအကြိုက်ဆုံးစာရေးဆရာမ၏ နောက်ဆုံးထွက်စာအုပ်၊ snack box အကြီးတစ်ခု။
" ဒေါ်မြနှင်းဆီချိုထင်တယ်"
" ဟုတ်ကဲ့"
" ပစ္စည်းတွေလက်ခံပေးပါဦးနော်"
" ဟုတ်ကဲ့"
မြတစ်ယောက်လည်း ပစ္စည်းတွေကို မနိုင်မနင်းသယ်လာကာ အိမ်ထဲရောက်တော့ ပစ္စည်းတွေကို သေချာကြည့်လိုက်သည်။ ပန်းစည်းပေါ်တွင် စာရွက်လေးတစ်ရွက်။
" မနေ့ညက ကိစ္စက အန်တီထင်သလိုမဟုတ်ဘူး စိတ်မဆိုးနဲ့နော် အန်တီ"
မောင့်လက်ရေးဖြင့်ရေးထားသော စာရွက်လေး။ မြတစ်ယောက်ပြုံးမိသွားသည်။
" ဟဲ့ မိချို...အဲဒါဘာတွေလဲ"
ဘုန်းကြီးကျောင်းမှပြန်လာသော ဒေါ်မြစံပယ်ချိုက အိမ်ပေါက်ဝတွင်ထိုင်ကာ ပြုံးစိစိလုပ်နေသော သမီးဖြစ်သူကို ကြည့်ရင်းမေးလေသည်။
"ဟိုလေ....မောင်က ချိုစိတ်ကောက်နေတယ်ထင်လို့ ...စာအုပ်တွေ၊မုန့်တွေ၊ပန်းစည်းနဲ့ချော့တာ...ဟီး"
" ညည်းက ဘာကောက်စရာရှိလို့လဲ"
အမေဖြစ်သူကိုအမှန်အတိုင်းပြောပြလျှင် မောင့်အပေါ်စိတ်ကွက်မည်လည်းစိုးသဖြင့် မုသားသုံးလိုက်ရသည်။
YOU ARE READING
ယောက္ခမကြီးကမြားနတ်မောင်
Romanceဟန်ဆောင်လက်ထပ်ထားတဲ့ အထဲမှာ စည်းမျဉ်းတစ်ခုက တစ်ယောက်ကိုတစ်ယောက်မချစ်မိဖို့ပဲတဲ့။ နှစ်ယောက်လုံး အဆုံးထိ မချစ်ဘဲနေနိုင်ပါ့မလား။