" မာလာ ရှိလား မြ"
အိမ်ရှေ့တွင် မဝင်သေးဘဲ ရပ်ကာမေးနေသော ကိုရဲနောင်၊
" မာလာနောက်မှာရှိတယ် ခေါ်ပေးမယ်နော် ထိုင်ပါဦး ကိုရဲနောင်"
မြက ဧည့်ခန်းထဲမှာ စာဖတ်ရင်း၊ မီးဖိုခန်းထဲက မာလာ့ကိုသွားခေါ်သည်။ မြလမ်းလျှောက်သွားသည်ကို ကိုရဲနောင်က မျက်တောင်မခတ်တမ်းကြည့်လျက်။ ခဏကြာတော့ မာလာက ကျုံ့ကျုံ့လေးနောက်ကနေ လိုက်လာခဲ့လေသည်။
ကိုရဲနောင်နှင့် မာလာက သူတို့က တစ်ရွာတည်းသားအချင်းချင်းဖြစ်ကြသည်ဟု အကုန်လုံးအား လိမ်ညာထားကြသည်။ ထို့ကြောင့်ပင် မာလာနှင့်ပက်သက်၍ ကိုရဲနောင်က အိမ်ကိုအဝင်အထွက်ရှိနေခြင်းပင်။
" ဒီနေ့ ရွာပြန်မလို့ မာလာ ဘာမှာဦးမလဲ"
" အိမ်ဖို့ ပိုက်ဆံပေးလိုက်ချင်တယ် ဦးလေး"
" ရတယ်လေ စောင့်နေမယ်"
မာလာက ထွက်သွားသည်။ ကိုရဲနောင်က မြကိုစကားစသည်။
" မြက မတွေ့တာကြာတော့ သိပ်လှလာတာပဲ"
" ကိုရဲနောင်ကို မုန့်ကျွေးပါ့မယ် တအားမြှောက်နေတော့"
" ရပါတယ်ဗျာ...မြက တကယ်လှတာကို ကျွန်တော့်ရင်ထဲ အေးမြသွားတာပဲဗျ"
" ရှင်.."
မာလာက အထုတ်တစ်ထုတ်ဖြင့် ရောက်လာလေသည်။
" ဦးလေး ဒါလေးယူပေးသွားပါဦး"
" ဟုတ်ပြီ ဟုတ်ပြီ"
ကိုရဲနောင်က အထုတ်ကိုယူကာ ထပြန်ဖို့လုပ်သည်။ မာလာက ခြံရှေ့ထိလိုက်ပို့လေသည်။နှစ်ယောက်တည်းရှိချိန်ကျမှသာ
" ငါမှာတဲ့ပစ္စည်းတွေပြဦး"
" အထုတ်ထဲမှာ အစ်မလက်သည်းညှပ်တုန်းက တွေ့တဲ့ လက်သည်းခွံတွေရော ဆံပင်တွေရော အစ်မလွှင့်ပစ်ခိုင်းထားတဲ့ အင်္ကျီရောပါတယ်။"
" မြဟာရော"
" တူတူပဲ သက်သက်ခွဲထည့်ထားတယ်"
" အေး ကောင်းတယ်..လောလောဆယ် ဒီအထုတ်လေးကို ခြံအနောက်ဘက်ထောင့်မှာ မြုပ်ထား ဘာဆိုတာ နင်ဖွင့်ကြည့်ဖို့မစဉ်းစားနဲ့"
YOU ARE READING
ယောက္ခမကြီးကမြားနတ်မောင်
Romanceဟန်ဆောင်လက်ထပ်ထားတဲ့ အထဲမှာ စည်းမျဉ်းတစ်ခုက တစ်ယောက်ကိုတစ်ယောက်မချစ်မိဖို့ပဲတဲ့။ နှစ်ယောက်လုံး အဆုံးထိ မချစ်ဘဲနေနိုင်ပါ့မလား။