Part-28

4.3K 228 36
                                    

နောက်နေ့မနက်တွင်တော့ မောင် ဖူးဖူးလေးကို ပြန်ခေါ်လာခဲ့သည်။ ကလေးကလည်း ဘာမှမသိသေး။ မေမေရောဟုမေးလျှင် မောင်က မေမေခရီးသွားနေတယ်ဟုသာဖြေလေသည်။ ဖူးဖူးကို ကျောင်းပို့ဖို့ ပြင်ပေးပြီးနောက် မောင်တအားပင်ပန်းလွန်းသဖြင့် ဒရိုင်ဘာကိုပဲပို့ခိုင်းလိုက်တော့သည်။

မောင်တစ်ညလုံး အရက်ပဲသောက်နေမိသည်။ ဆေးလိပ်ကိုလည်း အဖွာမပျက်။ မျက်ကွင်းတွေလည်းညိုနေသည်။ မောင်အန်တီ့ကိုမုန်းသလားဆို မမုန်းနိုင်ပါ။ ရှေးကစာရေးဆရာကြီးတွေပြောတာတော့ချစ်ပြီးသားလူတစ်ယောက်ကို ဘယ်နှလုံးသားကမှမုန်းအောင်မစွမ်းဆောင်နိုင်ပါဘူးတဲ့လေ။ မောင်လည်း ဘယ်မုန်းနိုင်မလဲ သို့သော် စိတ်နာမိပါသည်။ အသက်မက ချစ်ခဲ့ပြီး အသည်းနင့်အောင် ဘဝကို ဖျက်ဆီးသွားသူအား စိတ်နာမိပါသည်။

မောင်ဖုန်းကိုဖွင့်ကြည့်တော့ သတင်းတွေက ပလူထနေသည်။ MEGAအောက်မှ Royalကုမ္ပဏီခွဲထွက်ခြင်းနဲ့ သူတို့အိမ်ထောင်ရေး အကြောင်း မောင် ဖုန်းကိုပြန်ပိန်ထားလိုက်သည်။ မျက်လုံးကိုလည်းမှိတ်ထားလိုက်သည်။ နေရာတိုင်းတွင် အန်တီ့ပုံရိပ်များ၊ အန်တီ့အသံများ ကိုကြားနေရသည်လေ။ မြင်ယောင်နေရသည်လေ။ မောင်တစ်နေကုန် အခန်းထဲကမထွက်တာကို သက်ရာသိတော့ ဟိုတယ်မှအပြန် အိမ်ကိုလာလည်သည်။

မောင်က ရေမချိုး၊မိုးမချိုးဘဲ ဒီအဝတ်အစားကိုပဲဝတ်ထားလေသည်။ ခေါင်းမဖြီးထားသဖြင့် ဆံပင်များပွသယောင်းလျက်။ ဆေးလိပ်တိုများ၊ အရက်ပုလင်းခွံများကတော့ နေရာတွင်နှံ့လျက်။

" သံစဉ်ရယ် ...ဒီလောက်ကြီးဖြစ်မနေပါနဲ့ဟာ...ငါ့တူမမျက်နှာလေးလည်း ထောက်ဦး နင်ဒီလိုဖြစ်နေတာ ဖူးဖူးမြင်ရင် ဘယ်လိုလုပ်မလဲ"

" မြင်တော့ ငိုမှာပေါ့"

" ကလေးငိုရင် စိတ်ဒဏ်ရာရရင် မကောင်းဘူးနော်"

" အေးပါ...ငါသိပါတယ်...ငါစိတ်ချလက်ချ စိတ်နာပြီးရင် အသစ်ကပြန်စမှာပါ"

" အင်း..."

" ဒါနဲ့ သူဟန်ဆောင်ကောင်းတယ်မထင်ဘူးလား ရာရာ"

ယောက္ခမကြီးကမြားနတ်မောင်Where stories live. Discover now