တစ်နေ့ကျောင်းပိတ်ရက်တွင် ဖူးဖူးနှင့်မောင်တို့ ဘုရားခန်းထဲတွင် သန့်ရှင်းရေးလုပ်နေကြလေသည်။ တကယ်ဆို ဒီအလုပ်က ဒေါ်မြင့်တို့လုပ်မည်ဖြစ်သော်လည်း သမီးကို သန့်ရှင်းရေးလုပ်ရသည်။ ကိုယ့်ကိုကိုယ်အားကိုးရမည်ဆိုတာကို သိစေချင်သည်။
ထို့ကြောင့် နှစ်ယောက်သား သန့်ရှင်းရေးလုပ်ကြခြင်းပင်။ဖူးဖူးက ဘုရားစင်နောက်မှ ကြိုးကျစ်ထားသော သင်္ကန်းစလေးကိုတွေ့ကာ မောင့်ကိုပြလေသည်။
" မာမီ..ဒါကဘာလေးလဲ"
" ဒါလေးက သင်္ကန်းစလေးလေ..ဒါကိုစည်းရင် သရဲတွေမကပ်နိုင်တော့ဘူး"
" ဖူးဖူးစည်းထားချင်တယ်"
" စည်းထားရင် အောက်မကျအောင် ဖူးဖူးဂရုစိုက်ရမယ်နော်"
" ဟုတ်ကဲ့ မာမီ"
သင်္ကန်းကြိုးစလေးကို ဖူးဖူးလက်သေးသေးလေးတွင် ချည်ပေးလိုက်လေသည်။ဖူးဖူးကတော့ ကလေးပီပီ သူ့လက်ကိုမြှောက်ကာ ပါဝါရိမ်းဂျားဟုအော်၍ ဆော့နေလေသည်။
" ဒေါ်ဖူးဖူးရေ...ဆော့မနေပါနဲ့..သန့်ရှင်းရေးလုပ်ပြီးရင် ရေချိုးရအောင်..ဒီနေ့ သမီးမေမေ လာတွေ့မှာနော်"
" ဟုတ်"
ဖူးဖူးလည်း သန့်ရှင်းရေးကူလုပ်ပေးပြီး ရေချိုးတော့သည်။
နေ့လယ်တစ်နာရီရောက်တော့ မြတစ်ယောက်ရောက်လာလေသည်။ ရဲနောင်ကလည်းနောက်ကလိုက်လာလေသည်။ လက်ထဲတွင်က ကစားစရာမျိုးစုံ၊မုန့်မျိုးစုံဖြင့်။
မြ အိမ်ထဲကိုဝင်မယ်လုပ်တော့ မောင်နှင့်တည့်တည့်တိုးသည်။ မောင်က မသိချင်ယောင်ဆောင်ကာ ခြံထဲဆင်းသွားလေသည်။ ဖူးဖူးက အင်္ကျီအဖြူအနက်စင်းကြားအင်္ကျီလေးနှင့် ဂျင်းပြာကြိုးသိုင်းဘောင်းဘီကိုဝတ်ထားလေသည်။ ခေါင်းကလည်း ကြက်တောင်စည်းလေးနှစ်ခုစည်းထားသဖြင့် ချစ်စရာအလွန်ကောင်းနေလေသည်။ မြက ဖူးဖူးကို ပွေ့ချီလိုက်လေသည်။
" ဖူးဖူး မေမေ့ကိုလွမ်းလား"
" ဟင့်အင်း"
" ဘာလို့လဲ မေမေက သမီးကိုလွမ်းနေတာ ချစ်လွန်းလို့"
YOU ARE READING
ယောက္ခမကြီးကမြားနတ်မောင်
Romanceဟန်ဆောင်လက်ထပ်ထားတဲ့ အထဲမှာ စည်းမျဉ်းတစ်ခုက တစ်ယောက်ကိုတစ်ယောက်မချစ်မိဖို့ပဲတဲ့။ နှစ်ယောက်လုံး အဆုံးထိ မချစ်ဘဲနေနိုင်ပါ့မလား။