မာလာက သံစဉ်မောင့်ကိုတွဲကာ အိမ်ထဲခေါ်လာခဲ့သည်။ အန်တီကိုတော့ အိမ်ထဲရောက်တဲ့အထိ မတွေ့ချေ။
" အန်တီ......ဘယ်မှာလဲလို့"
" မမကြီးက အပေါ်ထပ်မှာပါ အစ်မ"
" စောင့်နေမယ်ထင်တာ မစောင့်နဲ့ပြောလည်းစောင့်နေမယ်ထင်တာကို သူအိပ်သွားတာပဲ"
" ဟုတ်ကဲ့"
" အန်တီမကောင်းဘူးကွာ ရော့ ဝယ်လာတာ မင်းပဲစားလိုက်တော့"
သံစဉ်မောင်က လက်ထဲက စားစရာထုပ်ကို မာလာ့ကိုပေးလိုက်သည်။
သံစဉ်မောင်တစ်ယောက် ဆိုဖာကိုလှဲချလိုက်သောအခါ အားပါသွားပြီး မာလာက သူ့ခန္ဓာကိုယ်ပေါ်ရောက်လာသည်။
မာလာက သူ့ကို မဲ့ပြုံးပြုံးကာ နှုတ်ခမ်းချင်းနမ်းလိုက်လေသည်။ သံစဉ်မောင်ရဲ့ လက်တစ်ဖက်က မာလာ၏ ခါးပေါ်တွင်။" ငါရှောင်ပေးဖို့ လိုသေးလား နှစ်ယောက်လုံး"
ဒေါ်မြနှင်းဆီချိုက လှေကားပေါ်မှ လက်ပိုက်လျက်ကြည့်နေလေသည်။ တကယ်တော့ သူ့ခမျာ မောင်ထွက်သွားကတည်းက အခန်းထဲတွင် စာဖတ်လျက် စောင့်နေခဲ့သည်။ မောင့်ကို ချစ်လားမချစ်လားကတော့ သူကိုယ်တိုင်ဝေခွဲမရနိုင်ပေမယ့် သံယောဇဉ်တော့ရှိသည်။ လက်ထပ်ထားတဲ့အတွင်းတော့ မောင်ဟာ သူပိုင်တဲ့လူပင်။ အခုလို ဧည့်ခန်းထဲတွင် နှစ်ယောက်သား ဖြစ်ပျက်နေသော အခါ သူ့မျက်ဝန်းထဲမှ မျက်ရည်များက စိုလျက်။
" မမကြီး မာလာ တောင်းပန်ပါတယ် အစ်မက မူးလာပြီး သူ့ဘက်ကစ...."
" အခန်းပြန်အိပ်တော့ မာလာ"
" ဟုတ်ကဲ့ မမကြီး"
မာလာက သူ့အခန်းရှိရာသို့ ပြေးသွားလေသည်။
မြတစ်ယောက်က ဆိုဖာပေါ်က မောင့်ကို လာထူလေသည်။
" မောင် ထပါဦး အိပ်ခန်းထဲသွားအိပ်ရအောင်"
" ဟေဇယ်လ် လားဟင် ဟေဇယ်လ်လား မောင့်ကို ခေါ်တာ ဟေဇယ်လ်လားလို့"
" ဟေဇယ်လ်လည်းမဟုတ်ဘူးတော် ရှင့်မယား လက်ထပ်ယူထားတဲ့ ရှင့်မယားအစစ်"
" အား....အန်တီ ..အစက အပေါ်မှာအိပ်နေတာမလား"
" ဘယ်ကလာအိပ်ရမှာလဲ...ရှင့်စောင့်နေတာလေ....ဒီကိစ္စ အပေါ်မှာ ပြန်ရှင်းမယ် တွဲမယ်လုပ်တုန်း ထချင်ထ မထချင်ရင် ဒီမှာ အိပ်နေခဲ့"
YOU ARE READING
ယောက္ခမကြီးကမြားနတ်မောင်
Romanceဟန်ဆောင်လက်ထပ်ထားတဲ့ အထဲမှာ စည်းမျဉ်းတစ်ခုက တစ်ယောက်ကိုတစ်ယောက်မချစ်မိဖို့ပဲတဲ့။ နှစ်ယောက်လုံး အဆုံးထိ မချစ်ဘဲနေနိုင်ပါ့မလား။