Part-8

5.7K 268 0
                                    

MEGA  gems mining and jewellery trading ကုမ္ပဏီ၏ CEOဖြစ်သူ ဦးနေမောင်မှာ ရုံးခန်းထဲတွင် တစ်စုံတစ်ခုကို တွေးနေလေသည်။ နိုင်ငံ၏ top ten စာရင်းဝင် သူဌေးဖြစ်သော်လည်း သူ့အပူနှင့်သူပင်။သက်ပြင်းရှည်တစ်ချက်ကိုချလိုက်ကာ သူ့လူယုံတော်ဖြစ်သည့် ကိုစိုးထိုက်ကို ခေါ်လိုက်သည်။ ကိုစိုးထိုက်က ချက်ချင်းရောက်လာကာ

" သူဌေး ဘာခိုင်းစရာရှိလို့လဲဗျ"

"ဒီမဂ္ဂဇင်းကိုဖတ်ကြည့် စိုးထိုက်"

" ဒီလအတွက် လူငယ်လုပ်ငန်းရှင်အဆင့်သတ်မှတ်ချက်တွေပဲ ဘာလို့လဲ သူဌေး"

" ပြီးအောင်ဖတ်စမ်းပါ"

" ဟာ...စောသက်ရာက နံပါတ်(၁)တဲ့ဗျ။ သံစဉ့်သူငယ်ချင်းပဲ ဟိုတယ်လုပ်ငန်းရှင်ပေါက်စမလား"

" အေး"

" ဩဂတ်စ်လည်းပါတယ် နံပါတ်(၄)တဲ့။ သံစဉ့်သူငယ်ချင်းတွေပါတယ်"

" အေး..သူတို့ပါတယ် ...တကယ်ဆို အငယ်လေးက ငါ့လုပ်ငန်းကိုဆက်ပြီးဦးစီးရင် သူလည်းပါမှာ တကယ်ကွာ အငယ်လေး တအားမိုက်တယ် ကော်ဖီဆိုင်ဖွင့်တော့ ပိုက်ဆံဘယ်လောက်ရမှာကျလို့..ဒီကိုလာပြီး ငါ့ကုမ္ပဏီမှာလာလုပ်ပါလား ငါကုမ္ပဏီခွဲတစ်ခုပေးမှာပါ...အခုအကြီးကောင် သံလွင်ကိုကြည့် အဆင်ပြေနေပြီ..အငယ်လေး မိုက်တယ်ကွာ"

" သူဌေးရယ် သူလည်း သူ့ရည်မှန်းချက်အတိုင်း သူပျော်တာလုပ်နေတာပါ၊ သူလည်းသူ့အတိုင်းအတာနဲ့အောင်မြင်နေတာပါ။ သံစဉ်က သူဌေးကို သူဘယ်လောက်လုပ်နိုင်တယ်ဆိုတာ ပြနေတာပါ သူဌေးရယ် ခဏလောက်စောင့်ကြည့်ပါဦး သူက လူတော်ပါ"

" စိုးထိုက် မင်းက ငယ်ငယ်ကသူ့ကိုထိန်းလာခဲ့တဲ့လူဆိုတော့လည်း မင်းစကားကိုယုံပါတယ်။ မင်းတကယ် သူ့ကို တော်တော်ကာနေတယ်"

" သံစဉ်က ကျွန်တော့်သမီးလိုပဲလေ သူဌေးရယ် ဒါနဲ့ သူဌေး သူ့ကိုခွင့်လွှတ်ပြီလား"

" ခွင့်လွှတ်ပါတယ်ကွာ...ကိုယ့်သားသမီးပဲကို"

" တကယ်ဆို ချီးကျူးသင့်တယ် သံစဉ်က သူ့ဘာသာနေပြီး အလုပ်လုပ်နေတာ ကျွန်တော့်အိမ်မှာတောင်မရှိဘူး"

ယောက္ခမကြီးကမြားနတ်မောင်Where stories live. Discover now