Part-15

4.9K 258 18
                                    

" ခြံရှေ့မှာ deliလာပို့လို့ မမကြီး"

" ရှုပ်ကရှုပ်နဲ့ မောင်ဘာတွေမှာထားပြီလဲမသိဘူး"

မြက ဘူးကိုသယ်ကာ အိပ်ခန်းထဲတွင် ဂိမ်းဆော့နေသော မောင့်ဆီဘူးသွားပေးလေသည်။

အိမ်ထောင်သက် ၅နှစ်အတွင်း အေးစက်လာခဲ့သည်။ အရင်က မောင်က မြ အနားကို တအားကပ်လွန်းသည်။ မြက သူ့ကို အလုပ်ပဲအာရုံစိုက်ဖို့ပြောပြီး မြကိုယ်တိုင်လည်း အလုပ်ပဲအာရုံစိုက်တော့ မောင်က သိပ်အနားမကပ်တော့။

မြကို သိပ်ပြီးလည်းစကားပြောခြင်းမရှိတော့။ အခုလည်း ရုံးပိတ်တောင် မောင်ဟာ သူ့ဘာသူ အခန်းထဲ၌ နေလေသည်။ အရင်ကဆို မြတို့ရက်ကန်းရုံအလုပ်ပိတ်လျှင် တူတူလျှောက်လည်နေကြ အခုတော့ မြက အလုပ်တွေကိုဦးစီးနေရလေပြီလေ။ မေမေကလည်း စိတ်ချပြီဆိုကာ နယ်ကိုပြန်သွားတော့ အိမ်မှာလည်း ခြောက်ကပ်လို့ပင်။

မြက တစ်ခါတစ်လေ ညစာကို ဧည့်သည်တွေနဲ့စားပြီးပြန်လာခဲ့သည်။ မောင်က ထမင်းစားပွဲမှာ မစားဘဲစောင့်နေတတ်သည်။ နောက်များတော့ မောင် မစောင့်တော့ပါ။ ဘာမှလည်း သိပ်မပြောတော့ချေ။ မောင့်မျက်နှာတွင်လည်း အပြုံးအရယ်သိပ်မတွေ့ရတော့။

" မောင်...ဘာမှာထားပြန်ပြီလဲ..ဒီမှာဘူး"

ဘူးကို ကုတင်ပေါ်တင်ပေးခဲ့လိုက်လေသည်။ မောင်က ဂိမ်းကိုသည်းကြီးမည်းကြီးဆော့နေသည်။

မြက ဘာမှပြန်မပြောဘဲ ထွက်သွားတော့မှ

" နောက်တစ်ခါ ခင်ဗျား အလုပ်လုပ်နေတုန်း အနှောင့်အယှက်မဖြစ်အောင် မာလာ့ကိုပို့ခိုင်းလိုက်ပါ"

မြက တံခါးကို ဆွဲပိတ်သွားသည်။

မောင်က မြသွားမှ ဘူးကို စိတ်ဝင်တစားဖွင့်ကြည့်သည်။ တကယ်ဆို သူမမှာဘဲ သူ့နာမည်နဲ့ သူ့လိပ်စာနဲ့ပို့လိုက်တယ်ဆိုတော့

* ငါလည်း give away မပေါက်ပါဘူး ။ surprise gift ပေးမယ့်လူလည်းမရှိပါဘူး။ ဘယ်သူပို့တာပါလိမ့်*

မောင်ဖွင့်ကြည့်တော့ နှင်းဆီပွင့်ဖတ်များကိုထည့်ထားသည်။ အလယ်တွင်က ဘူးအသေးလေးတစ်ဘူး ထပ်တွေ့ပြန်သည်။ ဘူးခွံပေါ်က စာကိုဖတ်ကြည့်တော့

ယောက္ခမကြီးကမြားနတ်မောင်Where stories live. Discover now