Part-30 (The End)

9.6K 287 32
                                    

ဆေးရုံတွင် အန်တီက မှိန်းနေဆဲ။ ရဲနောင်ကလွဲပြီး ကျန်တဲ့လူမှန်သမျှကို အန်တီ ဆေးရုံတက်သည့် အကြောင်းကိုမောင်အကြောင်းကြားထားသည်။ အန်တီက အခန်းထဲတွင် လှဲလျောင်းနေသည်။ ဒေါက်တာညွှန်ကြားချက်ကြောင့် မည်သူမျှ အခန်းထဲဝင်ခွင့်မရှိ။ လူနာက အသက်ရှုလမ်းကြောင်းပိတ်နေသည်တဲ့လေ။

" မာမီ မေမေ သက်သာလာမှာနော"

" သက်သာမှာ ဖူးဖူးမေမေ သက်သာရင် မာမီတောင်းပန်စရာတွေရှိသေးတယ်"

ဖူးဖူးက ဆေးရုံအခန်းအပြင်ရှိ ခုံတန်းလေးတွင်ထိုင်ကာ ဝက်ဝံရုပ်လေးကိုပိုက်ထားသည်။ ခဏကြာတော့ လူတစ်ယောက်ရောက်လာလေသည်။

" ဟို...သံစဉ်မောင်မလား"

" ဟုတ်ကဲ့ အကိုကြီးက...မြင်ဖူးသလိုလို"

" နိုဝင်ဘာမိုးဟေ့..ဩဂတ်စ်ဖုန်းဆက်လို့ တောင်ကြီးကနေ ဒီကိုလာခဲ့တာ ဘာကူညီရမလဲ"

" သူက အခန်းထဲမှာ အပြင်လူဝင်မရသေးဘူး စောင့်ဆိုင်းအခြေအနေပဲ...အဆင်ပြေရင် ဟိုတယ်က ပစ္စည်းတွေယူပြီး MEGA သစ်လုံးအိမ်ဆီရွှေ့ထားလို့ရလား"

" ရတယ်လေ...ငါ့မှာကားပါတယ်...တစ်ခါတည်း ကလေးကိုပါ ခေါ်သွားရမလား"

" ရပါတယ် ကလေးက လူတစ်ယောက်လောက်ရှိနေမှရတာ"

" ဪ..ဒါဆို..ပစ္စည်းတွေယူပြီးထားလိုက်မယ် သမီးမေလေးက ညီမလေးကို ခဏကြည့်ထားလိုက်နော်"

" ဟုတ်ကဲ့ဖေဖေ"

နိုဝင်ဘာမိုး၏ သမီးဖြစ်သူက ဖူးဖူးလေးဘေးတွင်ထိုင်ကာ ဖူးဖူးနှင့်ဆော့ပေးနေလေသည်။ ဖူးဖူးက အဖော်ရသွားသဖြင့် ပျော်နေလေသည်။မောင်က စကားစ၍မေးလိုက်သည်။

" မေလေးက နာမည်အပြည့်အစုံက"

" မေဖြူစင်မိုးပါရှင့်"

" ဪ..အသက်က"

" ၁၄...တိမ်လွှာနဲ့၁နှစ်ပဲကြီးတာ"

သူ့မမ တိမ်လွှာနာမည်ပါလာတော့ ဖူးဖူးက ခေါင်းထောင်ကြည့်ကာ

ယောက္ခမကြီးကမြားနတ်မောင်Where stories live. Discover now