Part-4

5.8K 297 0
                                    

" မေမေ မာလာ ဆိုတဲ့ ကောင်မလေး ပါလာပြီ"

မောင်က ရှေ့ကနေ၍ အထုတ်တွေကိုသယ်ပေးလိုက်သည်။ မာလာကတော့ နောက်မှနေ၍ လိုက်လာခဲ့သည်။

" မာလာဆိုတဲ့ ကောင်မလေးပဲ အေးဘုံက သေချာမှာခဲ့ရလား"

" မှာခဲ့ပါတယ် မေမေကြီး"

" ဟုတ်ပြီ ဒါဆို ဒီနေ့တစ်ရက် နားလိုက်ပါ နောက်နေ့မှ အလုပ်စပေါ့"

" ဟုတ်ကဲ့ရှင့်"

" တလက်စတည်း သံစဉ်က သူနေရမယ့် အခန်းပြလိုက်နော်"

" ဟုတ် မေမေ"

—————

" ဒါ ညီမလေး နေရမယ့် အခန်း ရေချိုးခန်းလည်းပါတယ်နော် တွဲလျက်ပဲ"

" ဟုတ်ကဲ့ မမ.....ဟို"

" ပြောလေ ညီမလေး"

" မမ နာမည်က...."

" သံစဉ်မောင်"

" ဟုတ်ကဲ့ သားအမိနှစ်ယောက်တည်းပေါ့နော"

" ဘယ်ကသာ..သုံးယောက်ရှိတာ အဲဒါရှေ့က ယောက္ခမလေ အမျိုးသမီးက အလုပ်မှာ ဒါကြောင့် အစ်မ လာကြိုတာ ညီမလေးကို"

" ဟုတ်ကဲ့ရှင့်"

" ဒါဆို အစ်မ အလုပ်သွားပြီနော"

" ဟုတ်ကဲ့"

မောင် အခန်းထဲမှထွက်လာခဲ့ပြီး မေမေ့ကိုနှုတ်ဆက်ကာ ဘားသို့ထွက်လာခဲ့လေသည်။

အလုပ်တွင် စာရင်းများစစ်ပြီးနောက် တစ်ပတ်စာဝယ်ရမည့် ingredients များကိုလည်း စာရင်းလုပ်ပေးခဲ့သည်။ kitchen ကိုလည်းပတ်စစ်ခဲ့လေသည်။ မောင့်ဘားက သီချင်းငြိမ့်ငြိမ့်လေးဖွင့်ထားပြီး ငြိမ်သက်နေတတ်သည့်ခံစားမှုကိုရစေသည့် ဘားပင်ဖြစ်သည်။ ထို့ကြောင့် အေးဆေးထိုင်ချင်သူများက မောင့်ဘားကိုလာတတ်ကြသည်။

Barရှိရုံးခန်းထဲတွင်

......phone ring......

" ဟဲလို....အန်တီ"

" မောင်...ဒီည ပြန်လာမှာလား ဘားမှာပဲနေမှာလား"

" မောင်ပြန်လာဖို့များတယ် အန်တီ....ဘာလို့လဲ ဝက်သားနီချက် ချက်ထားလို့လား"

ယောက္ခမကြီးကမြားနတ်မောင်Where stories live. Discover now