" မြ..နှင်း...ဆီ...ချို..မင်းနဲ့ငါ ကွာရှင်းမယ်"
အန်တီခေါင်းမူးနေတယ်ဆို၍ အမောတကောပြေးလာကာ အခန်းတံခါးကို မခေါက်ဘဲ အတင်းဝင်လာခဲ့လေသည်။မြင်လိုက်ရသော မြင်ကွင်းကြောင့် မောင်သာမက နွေပါ ကြက်သေသေကုန်လေသည်။
အသံကုန်ဟစ်လိုက်သောကြောင့် ကုတင်ပေါ်က နှစ်ယောက်သား လန့်၍ တုန်သွားကြသည်။ အန်တီက ကုတင်ပေါ်တွင် အဝတ်မပါဘဲ စောင်ဖြင့်ပတ်ထားသည်။ ရဲနောင်ကတော့ အပေါ်ပိုင်းဗလာဖြင့် အောက်က တဘက်အဖြူကိုပတ်ထားသည်။
" အဲဒါ ဘာဖြစ်နေကြတာလဲ"
" မြင်တဲ့အတိုင်းပဲလေ..."
" မြနှင်းဆီချို ပြီးစလွယ်မပြောနဲ့"
" ပြောတော့ ဘာဖြစ်လဲ ဟုတ်ပြီ ဖောက်ပြန်နေကြတာ ဖောက်ပြန်နေကြတာ"
" ဘာလို့ဖောက်ပြန်တာလဲ"
" ရိုးသွားလို့"
မောင်က ထပ်အော်မည်လုပ်တော့ နွေက မောင့်နားကပ်ကာ
" စိတ်လျှော့ဦး အခန်းတံခါးပိတ်လိုက်..သူတို့ခွေးဇာတ်ခင်းလည်း နင်အော်ရင် နင်သိက္ခာကျမှာ နင့်ပါပါးသိက္ခာကိုလည်းငဲ့ဦး"
မောင်က နားလည်စွာဖြင့် အခန်းတံခါးကိိုပိတ်ထားလိုက်သည်။
" ဒီလိုဖြစ်နေတာဘယ်လောက်ကြာပြီလဲ"
" မှတ်တောင်မမှတ်မိတော့ဘူးနော မြ"
ရဲနောင်က မြဘက်လှည့်ကာ မြ ပုခုံးကိုကိုင်လျက် ပြောသည်။
" ဟေ့လူ ခင်ဗျားမေးနေတာမဟုတ်ဘူး ဝင်မပါနဲ့"
" ပါတော့ ဘာဖြစ်လဲ..ငါက မြချစ်သူလေ မဟုတ်ဘူးလား မြ"
" ဟုတ်တယ် ကိုနောင်"
" ရွံလိုက်တာကွာ"
မောင်က ရဲနောင်ကို ပင့်လက်သီးဖြင့် တစ်ချက်ကျွေးလိုက်သည်။ လက်သီးက မပြင်းသော်လည်း ရဲနောင်က လဲသွားသဖြင့် စားပွဲစောင်းနှင့် သူ့နဖူးကွဲသွားလေသည်။ သွေးများကျလာလျက်။ အန်တီက ဘေးက တဘက်ကိုပတ်ကာ ကုတင်ဘေးတွင် လဲသွားသော ရဲနောင်ကို ပွေ့ထူလိုက်သည်။ ထို့နောက် သွေးများကိုသုတ်ပေးပြီး မောင့်ထံရောက်လာကာ မောင့်ပါးကို ဖြန်းခနဲ မြည်အောင်ချလိုက်လေသည်။
YOU ARE READING
ယောက္ခမကြီးကမြားနတ်မောင်
Romanceဟန်ဆောင်လက်ထပ်ထားတဲ့ အထဲမှာ စည်းမျဉ်းတစ်ခုက တစ်ယောက်ကိုတစ်ယောက်မချစ်မိဖို့ပဲတဲ့။ နှစ်ယောက်လုံး အဆုံးထိ မချစ်ဘဲနေနိုင်ပါ့မလား။