တရားရုံးတွင် ကူညီပေးမည့် လရောင်၏ ဆရာရှေ့နေကလည်းရောက်နေလေသည်။ သံစဉ်၏ သူငယ်ချင်းများဖြစ်သည့် ဩဂတ်စ်မိုး၊ နွေဆူးခက်အောင်၊ စောသက်ရာ၊ လရောင်ခတို့ကလည်း ရောက်နေကြသည်။ သူ့ပါပါးနှင့် သူ့အကို သံလွင်မောင်တို့ကတော့ သိမယ့်ပုံပင်မပေါ်။ မသိအောင်လည်း အန်ကယ်စိုးထိုက်ကို တမင်မပြောဘဲထားခဲ့ရသည်။
တရားရုံးသို့ မြတို့ကားလေးက ဝင်လာသည်။ မြကတော့ မီးခိုးရောင် ချိတ်ထဘီလေးကို သေသပ်စွာဝတ်ထားသည်။ အန်တီယဉ်နှင့် အန်ကယ်တို့က နောက်မှလိုက်လာသည်။ မြ ထိုကလေးကိုရှာကြည့်နေလေသည်။ လက်ထပ်ရမည့် ကလေးက ပျောက်လို့နေပါရောလား။
မကြာပါ။ သံစဉ်မောင်တစ်ယောက် ရောက်လာလေသည်။ သူ့ကြည့်တော့ ပြုံးပြုံးရွှင်ရွှင်ပင်။ ရှပ်အဖြူလေးနှင့် မီးခိုးရောင်ဘောင်းဘီကိုဝတ်ထားသည်။
" နောက်ကျလို့ ဆောရီးပါ အန်တီ မောင် လက်စွပ်သွားဝယ်နေတာ"
ပြောရင်း သံစဉ်မောင်က လက်စွပ်ဘူးလေးကိုထုတ်လိုက်သည်။စိန်လက်စွပ်တစ်ကွင်း
" စိန်ကနည်းနည်းသေးနေလို့ စိတ်မဆိုးနဲ့ အန်တီ မောင် တတ်နိုင်သလောက် အရင်ဝယ်ပေးတာ"
ပြောရင်းပဲ လက်ကိုဝတ်ပေးလိုက်သည်။ မြကတော့ အင်းမလုပ် အမ်းမလုပ်နိုင်တော့။ ကြောင်ပြီးကြည့်နေလေသည်။ ရိပ်မိသော သံစဉ်မောင်က နားနားကပ်ကာ
" အန်တီ ကလည်း လက်စွပ်က ဟန်ပြပါဆို အန်တီမေမေစစ်ရင် အဆင်ပြေအောင်လို့ ကြောင်မနေနဲ့လေ ရှေ့နေရှေ့ကြီးကို အန်တီမေ့နေလို့ အပြေးဝယ်ခဲ့ရတာ ခုမနက်ကို"
အဲဒီကျမှ မြတစ်ယောက် သက်ပြင်းချလိုက်ရသည်။ ဒီကလေးက စေ့စပ်သည်ဟုချီးကျူးမိနေသည်။ ဘယ်ကတည်းပင် ထိုကလေးဆို အကောင်းမြင်နေမှန်းပင်မသိ။
" ကဲပါ လက်မှတ်ထိုးရအောင် နောက်ကျနေပြီ မောင်"
" ဟုတ်ကဲ့ အန်တီ"
လက်မှတ်ထိုးပြီးနောက် လာပေးကြသည့် သူငယ်ချင်းများကို ဆိုင်တစ်ဆိုင်တွင် မုန့်ဝယ်ကျွေးကြသည်။ သူတို့ပြန်သွားတော့ ဆိုင်တွင် အန်တီနှင့်မောင်တို့ နှစ်ယောက်သာကျန်ခဲ့တော့သည်။
YOU ARE READING
ယောက္ခမကြီးကမြားနတ်မောင်
Romanceဟန်ဆောင်လက်ထပ်ထားတဲ့ အထဲမှာ စည်းမျဉ်းတစ်ခုက တစ်ယောက်ကိုတစ်ယောက်မချစ်မိဖို့ပဲတဲ့။ နှစ်ယောက်လုံး အဆုံးထိ မချစ်ဘဲနေနိုင်ပါ့မလား။