[ 93 ]

1.8K 270 2
                                    

Unicode

အပိုင်း - ၉၃

Movie အသစ်အတွက် စာချုပ်ချုပ်ဆိုပြီးနောက် ရိုက်ကူးရေးအဖွဲ့နှင့် တွေ့ဆုံမည့်အချိန်ကို ကြိုတင်သတ်မှတ်ပြီးပေပြီ။

လုကျင်းလန်နှင့် ဝမ်ကျားနင် ရုပ်ရှင်အတူရိုက်မည်ဆိုတာကိုလည်း ကြားရော အမေလုက မျှော်လင့်စောင့်စားနေပြီး ရိုက်ကွင်းကို လာလည်ချင်သည်ဟု ပြောခဲ့သည်။ သို့ရာတွင် လုကျင်းလန်က ငြင်းလိုက်၏။

လုကျင်းလန် ငြင်းရသည့်အကြောင်းရင်းက သူ့အမေ ဘယ်လိုပြုမူရမှန်း မသိ ဖြစ်နေမှာစိုးတာကတစ်ကြောင်း၊ အပြင်လူများ၏ ရှေ့တွင် သူမ ဝမ်ကျားနင်ကို အလွန် ချစ်ခင်ပြနေလျှင် မလိုလားအပ်ဘဲ ပြဿနာတွေ ရှုပ်လာမှာစိုး၍တစ်ကြောင်းကြောင့် ဖြစ်သည်။

ဒီအသိုင်းအဝိုင်းထဲက လူတွေ သူနှင့်ဝမ်ကျားနင်၏ ဆက်ဆံရေးကို ဘယ်လောက်ပဲ သိပါသည်ဆိုဆို ရိုက်ကွင်းမှာတော့ လူအများရှေ့တွင် သူတို့နှစ်ယောက် နီးနီးကပ်ကပ်မနေဘဲ ဆင်ခြင်လေ့ရှိသည်။

ရှဲ့ရို့မင်မှာလည်း သူ့ဟာနှင့်သူ ရိုက်ကူးရေးအကျင့်တစ်ခုရှိသည်။ အခြေအနေ၊ အချိန်အခါပေးသရွေ့ movie ဇာတ်ညွှန်းရှိ ပထမဆုံးဇာတ်ဝင်ခန်းကို ဇာတ်ကား၏ အဖွင့်အနေနှင့် ဦးဆုံးရိုက်ကူးခြင်း။

ပထမဆုံးဇာတ်ဝင်ခန်းသည် အနည်းငယ် ဟောင်းနွမ်းစုတ်ပြတ်နေသော စာသင်ခန်းတစ်ခုထဲမှာ ဖြစ်သည်။ စာရေးစားပွဲငယ်ရှေ့တွင် ၁၀ နှစ်အရွယ်ကလေးမလေးတစ်ယောက် ထိုင်ကာ block ဆက်ဖို့ လုပ်နေ၏။ မလှမ်းမကမ်းမှာတော့ လူကြီးလည်း မကျ ကလေးလည်း မကသည့် ကောင်‌ကလေးတစ်ယောက်။ ခေါင်းစွပ်အနွေးထည်ဝတ်ထားသော ထိုကောင်လေး၏မျက်နှာမှာ ဖြူဖျော့သွယ်လျနေပြီး ကိုယ့်ဆံပင်ကိုယ် လက်နှင့်ဆုပ်ထားလျက် တွေဝေငေးငိုင်နေသည်။

ထိုကောင်လေးသည် ယဲ့ရှင်း‌တစ်ဖြစ်လဲ ဝမ်ကျားနင်။

ယဲ့ရှင်းသည် ၁၈ နှစ်ပဲရှိသေး၏။ ဝမ်ကျားနင်နှင့် ယှဉ်လျှင်..မဟုတ်သေး ခေါ့ရှင်ဟန်၏ ရှိရင်းစွဲအသက်နှင့်ယှဉ်လျှင် ယဲ့ရှင်းက လေးငါးနှစ်လောက်ပဲ ပိုငယ်လိမ့်မည်။ ရှဲ့ရို့မင် ဝမ်ကျားနင်ကို ရွေးချယ်ရသည့်အကြောင်းရင်းမှာ သူ့ကို ပေါ့ပေါ့ပါးပါး အဝတ်အစားဆင်ပေးလိုက်လျှင် တက္ကသိုလ်ကျောင်းသားနှင့် တူသွားသောကြောင့်ပင်။ ယခင်က အသက်ငယ်ငယ် သရုပ်ဆောင်များစွာကို ရှဲ့ရို့မင် မြင်ဖူးသော်လည်း သူ လိုချင်သည့်ပုံစံမျိုး မတွေ့ခဲ့။ ‘Bitter Summer’တွင် ဝမ်ကျားနင်၏ ပုံစံက ယဲ့ရှင်း၏ကာရိုက်တာနှင့်လည်း အံကိုက်ဖြစ်နေပြီမို့ ကျန်သည့် ဇာတ်ရုပ်ကို သရုပ်ဖော်ဖို့အပိုင်းမှာတော့ ဒါရိုက်တာ၏ လမ်းညွှန်ချက်နှင့် သူ၏ သရုပ်ဆောင်စွမ်းရည်ဖြင့်သာ ဖြည့်စွက်ရပေမည်။

ပြီးပြည့်စုံခြင်း || ဘာသာပြန် [COMPLETED]Where stories live. Discover now