အပိုင်း - (၁၀)

7K 501 31
                                    

double update မို့ အရှေ့က အပိုင်း - (၉) ကို အရင်ဖတ်ပါ။

>>>>>>>>>>

ခြံရှေ့က ဆူဆူညံညံ အသံတွေကြောင့် ပစ်တိုင်းထောင် အိပ်နေရာ‌ကနေ နိုးလာသည်။ ပြတင်းပေါက်တွေ ဖွင့်ထားတာကြောင့် တိုးဝင်လာတဲ့ နေရောင်စူးစူးက အခန်းပတ်ဝန်းကျင်မှာ လင်းထိန်နေသည်။ နေအလင်းရောင်ကို ကြည့်ခြင်းအားဖြင့် အ‌ချိန်မစောတော့ဘူးဆိုတာ သိလိုက်တာကြောင့် ပစ်တိုင်းထောင် မျက်လုံးတွေကို လက်ခုံနဲ့ဖိပွတ်ရင်း လှဲအိပ်နေရာမှ ထထိုင်လိုက်သည်။

" ကိုဒင်္ဂါး ... ဟိုနားက ပန်းလေးချိုးပေးဦး "

" အဲ့နားက ပန်းများတယ်တော့ . အဲ့အခက်ကလေး မိကဲကို ချိုးပေး "

အိပ်မှုန်စုံမွှားဖြစ်နေတုန်း ခြံရှေ့ကနေ ထပ်မံကြားလိုက်ရတဲ့ အသံတွေကြောင့် ပစ်တိုင်းထောင် မျက်မှောင်ကျုံ့လိုက်မိသည်။ မနက်စောစောစီးစီး သူများအိမ်ရှေ့မှာ ဆူဆူညံညံဖြစ်နေတာမလို့ ထွက်ကြည့်ဖို့ပြင်ကာ ခြင်ထောင်ကို လှန်တင်လိုက်သည်။

" ဟ . လေတိုက်နေတာပဲ "

ခြင်ထောင်ကို လှန်တင်တင်ချင်း ပစ်တိုင်းထောင်မျက်နှာကို ဝှေ့တိုက်လာတဲ့ လေအေးတွေကြောင့် ပြုံးလိုက်မိသည်။ ပုံမှန်ဆို လေတိုက်ရင်တောင် ပူနွေးခြောက်သွေ့တာမို့ မိုးနံ့ပါတဲ့လေကြောင့် ပစ်တိုင်းထောင် သဘောခွေ့သွားရသည်။

" အငယ် ... အစ်မကို အခက်တွေ ပစ်ချပေးချေ ... မနိုင်မနင်းနဲ့ ပြုတ်ကျဦးမယ် "

မျက်လုံးတွေကိုမှိတ်လို့ တိုက်ခတ်နေတဲ့လေကို ခံစားနေရင်း ကြားလိုက်ရတဲ့ အစ်မငွေမှုန်အသံကြောင့် ထိုင်နေရာကနေ ထရပ်လိုက်သည်။

ပြတင်းပေါက် အပေါ်အောက်နှစ်ဆင့်ရှိပေမယ့် အောက်ဘက်က ပြတင်းပေါက်ကိုသာ ဖွင့်ထားတာမလို့ ပစ်တိုင်းထောင်က အပေါ်ဘက်အဆင့် ပြတင်းပေါက်ကို ဆွဲဖွင့်လိုက်သည်။ 

" ပိတောက်ပန်းတွေ ... "

ပြတင်းပေါက်ဖွင့်ဖွင့်ခြင်း အပေါ်ထပ်ကနေ လှမ်းမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပစ်တိုင်းထောင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူကြီးတို့ခြံထောင့်က ပိတောက်ပင်ကြီးမှာ ပိတောက်ပန်းတွေက ဝါထိန်နေအောင် ပင်လုံးကျွတ် ပွင့်နေခြင်းကြောင့်ဖြစ်သည်။

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]Where stories live. Discover now