" ဘာများဖြစ်သလဲ ခင်ခင် ... အစောနကတည်းက မျက်နှာသိပ်မကောင်းလှဘူး "
ကျော်ကျော်ဟန် မော်တော်ကားမောင်းနေရင်း ဘေးနားက ချစ်ဇနီးလေးကို စောင်းငဲ့ကြည့်ရင်း မေးလိုက်သည်။ မျက်နှာလှလှလေးက မကြည်မလင်နဲ့ ညှိုးနေတာမလို့ ဘာများဖြစ်သလဲ စိတ်ပူရပါသည်။
" ဘာဖြစ်ရမလဲ . ရှင်ကြီးကို စိတ်ဆိုးနေတာပေါ့... သိရဲ့လား "
" ဟင် ... အစ်ကို့ကို စိတ်ဆိုးတယ်ဆိုတော့ ဘာများလုပ်မိလို့လဲ ခင်ခင်ရဲ့ "
တကယ်ပဲ မသိလေရော့သလားဆိုတဲ့ မျက်နှာပေးနဲ့ ဇနီးလေးက မျက်စောင်းခဲလေတဲ့အခါ ကျော်ကျော်ဟန်ပြုံးလိုက်မိသည်။ မြို့အုပ်မင်းတစ်ယောက်ဖြစ်နေလည်း အိမ်သူသက်ထားဇနီးနဲ့သာဆို ကျော်ကျော်ဟန်ကလည်း သာမန်ပုရိသအမျိုးသားတစ်ယောက်ပဲဖြစ်ပေသည်။
" ပစ်တိုင်းထောင်ကို တောပို့လိုက်တဲ့ကိစ္စ အခုထိ မကျေလည်သေးဘူးလား ခင်ခင်... ကိုကိုက ကိုကို့ညီလေးကောင်းဖို့စီစဉ်တာပဲ ခင်ခင်ရယ် "
" ကောင်းဖို့စီစဉ်ပေးတာများ တောပို့ရတယ်လို့... အကောင်းကြိုက်လွန်းတဲ့မောင်ငယ်က ဟိုမယ် အဆင်မှပြေပါ့မလားလို့ ခင်ခင်စိတ်ပူတယ် ကိုကိုကျော်ရဲ့ "
" အစ်ကိုက ဘာမှမစီစဉ်ပဲနဲ့တော့ ညီငယ့်ကိုလွှတ်မလား ခင်ခင်ရယ် ... ဒီမှာဆို လိုတာရပြီး ဆိုးသွမ်းလွန်းလို့ ထိန်းမှမနိုင်တော့ပဲ . ခင်ခင့်မောင်လုပ်တဲ့လုပ်ရပ်ကြောင့် ကိုကိုဘယ်လောက် တစ်ဖက်ကို မျက်နှာပူရလဲဆိုတာ ခင်ခင်မသိတာလဲ မဟုတ်ဘူး "
ကျော်ကျော်ဟန်က ဇနီးလေးကိုနားလည်အောင် ချော့ချော့မော့မော့ပြောရင်း မော်တော်ကားကို လမ်းမကြီးပေါ် မောင်းတက်လိုက်သည်။
" အခုလည်း အဆင်ပြေနေတာပဲမဟုတ်ဘူးလား ကိုကိုကျော် ... ဒီနေ့ မင်္ဂလာပွဲမယ် သတို့သမီးဖြစ်တဲ့ ဆရာမလေးကိုမြင်တော့ ခင်ခင်ဖြင့် အမြင်မကြည်ချင်ပါဘူး . ဆရာမလေးအပြစ်တော့ မဟုတ်ပေမယ့် မောင်ငယ်လေး ခံစားသွားရတာကိုတော့ ခင်ခင်သဘောမကျဘူး "
" ကဲ ခင်ခင်ရယ် ... ညီငယ်က တစ်သက်လုံး တောမှာသွားနေတာမှ မဟုတ်ပဲကွယ် ... ဟိုမှာ ဆွမ်းစားဆောင်နဲ့ ကျောင်းကိစ္စတွေပြီးရင် ကိုကိုပြန်ခေါ်မှာပဲကို "
YOU ARE READING
မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]
Tiểu Thuyết Chungရယ်စေ၊ မောစေ အသက်ရှည်စေ ဟာသနှော၍ ရယ်မောပျော်ရွှင်စေရန်အလို့ငှာ လုလင်မောင်မောင်(ပစ်တိုင်းထောင်) နေမင်းပုည(ရွှေဒင်္ဂါး) (Own Creation) Starting Date •• 1/4/2024 Ending Date •• 22/9/2024