အပိုင်း - (၁)

24.3K 872 59
                                    

သီတာ မင်းသမီးလေးကို လိုချင်တပ်မက်မောသူ
ရာမ မင်းသားလေးနဲ့ မယှဉ်နိုင် အချစ်ပြိုင်ပွဲမှာ ... အေ့ ~~

မယ်သီတာကိုစွဲလမ်းမိတဲ့ အသည်းကြမ်းနဲ့ လူကြမ်း
မယ်သီတာကိုဆုံးရှုံးသွားလို့ နှလုံးသားများလောင်ကျွမ်း ... အေ့ ~~

အချစ်ရှုံးသမား ... အေ့. ဂစ်... ဒသဂီရိ 

အချစ်ရှုံး~~~~~ သမား ... ဝေါ့ 

" ဆျာထောင်... ဆျာထောင် အဆင်ပြေရဲ့လား "

" အချစ်ရှုံး... အေ့... ဝေါ့ "

ထန်းရည်မူးပြီး ခြေလိမ်နေသည့်ဆရာသမားကိုထမ်းရင်း ခွေးပုတစ်ယောက် ဇောချွေးပြန်နေသည်။ ညဆယ်ချက်တီးရှိနေပြီမို့ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်နေသည်။ အာလေးလျှာလေးနှင့် ကီးကြောင်ပြီးအော်ဆိုနေသောဆရာသမားကို ပါးစပ်ပိတ်ထားဖို့လိုတာကြောင့် ကျောပိုးထားသည်ကိုချလိုက်သည်။ 

" ဆျာထောင်. ဆျာထောင် အသိလေးကပ်ဦး... အိမ်နားရောက်တော့မယ်... မြို့အုပ်မင်းသိရင် တပည့်တို့နှစ်ယောက်လုံး ဂတ်ထဲအလည်သွားနေရမယ် "

" မမစိမ်း... စိမ်းသရဖူစိမ်း... ဒီမောင်ရဲ့အသည်းကိုခွဲသွားတဲ့ မမစိမ်း . အေ့ "

" တိုးတိုးပြောပါ . ဆျာထောင်ရယ်... ရှိကြီးခိုးပါရဲ့ "

ဆရာတပည့်နှစ်ယောက် သူထိန်းကိုယ်ထိန်းနှင့် မြို့အုပ်မင်းမသိအောင် ခြံထဲခိုးကြောင်ခိုးဝှက်ဝင်လာပြီး အိမ်နောက်ဖေးအပေါက်ကနေ တက်ဖို့ကြံလိုက်သည်။ 

ဝုတ် ဝုတ် ...

အိမ်နောက်ဖေးပေါက်က လှေကားပေါ်ကို ခြေတစ်ဖက်လှမ်းတက်ရုံရှိသေး ကြားလိုက်ရတဲ့အသံကြောင့် ခွေးပု ခေါင်းမွေးထောင်သွားသည်။ ညမှောင်မှောင်မို့ ဘယ်အရပ်ကနေလာနေကြမှန်း မသိပေမယ့် အနားကိုပြေးလာကြတဲ့ ခြေသံတတောက်တောက်တွေကို ဆက်တိုက်ဆိုသလို ကြားလိုက်ရသည်။

" မိစွာ . မိုက်မိုက်စန်း .! ... အေ့ . ဖေ့သမီးလေးတွေ . ဖေ့ကို လာကြိုတာလား "

" ဆျာထောင် နေဦးလေ... ဟာ . ဆျာထောင့်သမီးတွေကို နောက်မှနှုတ်ဆက်ပါတော့ ... မြို့အုပ်မင်း လာရင် ကျွန်တော်တို့နှစ်ယာက်လုံး အဆော်ခံရလိမ့်မယ် ဆျာထောင်ရဲ့ "

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]Where stories live. Discover now