အပိုင်း - (၁၃)

5.4K 404 14
                                    

" သမီးတို့ ခန့်မှန်းကြည့် ... ကိုကိုကြီးနဲ့ မမကြီးသာရောက်လာရင် ဖေ ဖျားနေလို့ ရွှေဒင်္ဂါးတို့ကို မကောင်းဆိုမယ်လို့ထင်လား "

ဝုတ် ဝုတ် ~

" အင်းလေ . ဘယ်ထင်ပါ့မလဲနော့ . ဖေကြီးဘာသာ ကမြင်းလို့ဖြစ်တာကို ... သမီးတို့လည်း သက်သေရှိတယ်ဟုတ် "

မိစွာနဲ့ မိုက်မိုက်စန်းက ပစ်တိုင်းထောင်ဘေးမှာ လျှာကလေးတစ်လစ်။ မနက်ခင်းအစောကတည်းက သူကြီးတို့မိသားစုနဲ့ ခွေးပုက ကိုကိုကြီးနဲ့ မမကြီးကိုကြိုဖို့ ရွာထိပ်ထွက်သွားကြတာဖြစ်သည်။

ပစ်တိုင်းထောင်ကိုတော့ ဖျားနေတာကြောင့် လေစိမ်းတိုက်ရင် ပိုဆိုးမယ်ဆိုကာ ရွှေဒင်္ဂါးက အိမ်မှာထားရစ်ခဲ့သည်။ တစ်ယောက်တည်း အပေါ်ထပ်မှာ နေခဲ့ရတာ ပျင်းတယ်ပြောလိုက်တော့ ရွှေဒင်္ဂါးက မိစွာနဲ့ မိုက်မိုက်စန်းကိုပါခေါ်လာပြီး အခန်းထဲ ထည့်ပေးခဲ့တာဖြစ်သည်။

မနေ့က မိစွာနဲ့ မိုက်မိုက်စန်းကပါ ပစ်တိုင်းထောင်နဲ့အတူ ရွှံ့လူးတဲ့အထဲ ပါတာမလို့ အိမ်ပြန်ရောက်တော့ ရွှေဒင်္ဂါးက ရေသေချာချိုးပေးထားသည်။ သန့်ပြန့်နေတာကြောင့်လည်း ရွှေဒင်္ဂါးက အိပ်ခန်းထဲထိ အသာတကြည် လွှတ်ပေးထားတာဖြစ်သည်။ ရေချိုးထားတဲ့ မိစွာနဲ့ မိုက်မိုက်စန်းဆီကလည်း အခုထိတိုင် ရွှေဝါဆပ်ပြာခဲနံ့က သင်းသင်းမွှေးနေသေးသည်။

" ကိုကိုကြီးတို့ကလည်း မရောက်သေးဘူးလား မသိပါဘူး ... ရွှေဒင်္ဂါးတို့ကလည်း ပြန်ရောက်မလာသေးဘူး "

‌ပစ်တိုင်းထောင်က ရွှေဒင်္ဂါးရဲ့အခန်းပြတင်းပေါက်ကနေ မြင်နေရတဲ့ ခြံဝကို လည်ပင်းတဆန့်ဆန့် လှမ်းမျှော်ကြည့်မိသည်။ မျှော်ကာမှ ပိုကြာဆိုသလို ကိုကိုကြီးတို့ကို သွားကြိုတဲ့ နွားလှည်းလေးကလည်း တော်တော်နဲ့ပင် ရောက်မလာနိုင်။

" မျှော်သာမျှော် ပေါ်မလာ ... မျှော်တော်ယောင် မျှော်တော်ယောင် ... "

ပစ်တိုင်းထောင် ပါးစပ်ထဲရှိရာကို သီချင်းစပ်ဆိုလိုက်ရင်း လက်တွေကလည်း တစ်ဖက်တစ်ချက်စီမှာ အိပ်နေကြတဲ့ မိစွာနဲ့ မိုက်မိုက်စန်းကို ပွတ်သပ်ပေးနေလိုက်သည်။ မျက်လုံးတွေကလည်း အသေအချာ ပိတ်ထားခဲ့တဲ့ ခြံတံခါးကို အကြည့်မပြတ်။

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]Where stories live. Discover now