အပိုင်း - (၁၅)

5.4K 430 15
                                    

" ဟင့်အင်း ... ပြန်မလိုက်ဘူးနော် ... မပြန်ချင်သေးဘူး ... သူကြီးတို့နဲ့ နေဦးမှာ "

ကျောင်းအလှူအဖြစ် ဘုန်းကြီးကျောင်းမှာ ‌တစ်နေ့တာ အကျွေးအမွေးပြီးလို့ မောမောပန်းပန်းနဲ့ အိမ်ပြန်လာပြီးနောက် ရေမိုးချိုးပြီး အိမ်ရှေ့ကွပ်ပျစ်မှာ ထိုင်နားနေကြတုန်း ကိုကိုကြီးက ပစ်တိုင်းထောင်ကို မြို့ပြန်ခေါ်မယ်ဆိုတာကြောင့် အကြောက်အကန် ငြင်းနေမိခြင်းဖြစ်သည်။

ခွေးပုကတော့ မျက်နှာငယ်လေးနဲ့ နှုတ်ဆိတ်နေပြီး ကွပ်ပျစ်အောက်မှာ ကျုံ့ကျုံ့လေးထိုင်နေကာ ကိုမင်းမျိုးကတော့ တစ်ဖက်က ထန်းလက်ကုလားထိုင်မှာ ခပ်ဆိတ်ဆိတ်သာ ထိုင်နေသည်။

" ဘာဖြစ်လို့ မလိုက်ချင်သလဲ မောင်ငယ် ... ပြောတော့ဖြင့် ဒီမယ်မနေချင်ဘူးဆို "

" ဟာ မမကြီးကလည်း ... အဲ့တာက အရင်တုန်းက ကျွန်တော်ပြောတာလေဗျာ "

" ညီငယ် ... ဒါက သူများရွာလေ ... ညီငယ့်အိမ်မှ မဟုတ်တာ . အကြာကြီးနေလို့ မရဘူးလေ "

" ကိုကိုကြီးကလည်း ... တင်ကျွေးထားတဲ့ ရွှေဒင်္ဂါးတို့တောင် ဘာမှမပြောတာကို ကိုကိုကြီးက ဘာဖြစ်လို့ ပြန်ခေါ်နေကြတာလဲ "

ပစ်တိုင်းထောင်အသံကြောင့် ခြံထောင်မှာရှိတဲ့ မိစွာနဲ့ မိုက်မိုက်စန်းကို ထမင်းကျွေးရင်း အနားမှာ ငုတ်တုတ်ထိုင်နေတဲ့ ရွှေဒင်္ဂါးက ပစ်တိုင်းထောင်ကို လှည့်ကြည့်လာသည်။ ပစ်တိုင်းထောင်နဲ့ အကြည့်ချင်းဆုံတော့ မျက်နှာလွှဲသွားတဲ့ ရွှေဒင်္ဂါးက မိစွာရဲ့ခေါင်းကိုသာ ပွတ်သပ်နေသည်။

" ဘာလဲ ... ကိုကိုကြီးက ဇွတ်ပြန်ခေါ်ချင်နေတာ သူကြီးက ကျွန်တော့်ကို တင်မကျွေးနိုင်တော့ဘူးဆိုပြီး ကိုကိုကြီးကို ပြောထားလို့လား "

" ဟေ ... မပြောပါဘူး ပစ်တိုင်းထောင်ရဲ့ . အဘတို့ဆီမှာ ဘယ်လောက်နေနေပါ ... ပျော်သလောက်နေလည်း အဘက ခေါ်ထားမှာပါ "

ပစ်တိုင်းထောင်စကားကို သူကြီးက ခြေကာလက်ကာနဲ့ ငြင်းသည်။ သူကြီးက အဲ့လိုပြောမှာမဟုတ်မှန်း ပစ်တိုင်းထောင်သိပေမယ့် မြို့ကို ပြန်မလိုက်ချင်တာကြောင့် သူကြီးရှိရာကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]Where stories live. Discover now