အပိုင်း - (၁၄)

6.1K 470 54
                                    

နံနက်မိုးမသောက်မီ အချိန်ကတည်းက ဦးမင်းငွေအိမ်မှာ သက်ဝင်လှုပ်ရှားနေပြီဖြစ်သည်။ အကြောင်းကတော့ ဒီနေ့က မြန်မာ့နှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့မလို့ ဆရာတော့်ကျောင်းမှာ ဆွမ်းစားဆောင်နဲ့ သိမ်ကျောင်းရေစက်ချလှူဒါန်းပွဲအတွက် ပြင်ဆင်နေကြခြင်းဖြစ်သည်။

" မမကြီးရဲ့ မောင်ငယ်က ချောလိုက်ခန့်လိုက်တာကွယ် ... ခင်ခင် မပြောလား ကိုကိုကျော် ... ဒီအရောင်က မောင်ငယ်နဲ့ အရမ်းလိုက်မှာလို့ "

မမကြီးက မြို့ကနေ ပစ်တိုင်းထောင်အတွက် ဝယ်လာပေးတဲ့ လည်ကတုံးအင်္ကျီထက်မှာ ရွှေကြယ်သီးတပ်ပေးနေရင်း ကိုကိုကြီးကို သဘောတကျဆိုသည်။ ကိုကိုကြီးကတော့ ဘာမှမဖြေပဲ လက်ကကြယ်သီးကိုတပ်နေပြီး ပြုံးရင်းနဲ့သာ ပစ်တိုင်းထောင်နဲ့ မမကြီးကို ကြည့်နေသည်။

" ကဲ့ . ပိုးပုဆိုးကတော့ မောင်ငယ်တို့ ညီအစ်ကိုနှစ်ယောက်ဆင်တူဆိုတော့ ညီအစ်ကိုမှန်း မသိကြမှာ စိုးရိမ်စရာမလိုတော့ဘူး အဟင်း "

" ဟမ့် ... မပြောလည်း ကျွန်တော်က သူကြီးတို့အိမ်ရောက်နေတာ ကြာပြီဆိုတော့ ကိုကိုကြီးညီမှန်း တစ်ရွာလုံးတင်မကဘူး . ရွာနီးနားတွေကပါ သိကြပြီ "

မမကြီးက ပစ်တိုင်းထောင်အင်္ကျီမှာ ရွှေကြယ်သီးတွေ တပ်ပေးပြီးသွား‌တော့ ကိုကိုကြီးနားကို ပြန်ရောက်သွားသည်။ ပစ်တိုင်းထောင်က ကိုကိုကြီးပြင်ဆင်ပေးထားတဲ့ ခါးပတ်ကို ပုဆိုးပေါ်ကနေ ခါးမှာသိုင်းပတ်လိုက်သည်။ ပိုးပုဆိုးပေမလို့ အခန့်မသင့်ရင် ‌လျောကျတတ်တာကြောင့် ပစ်တိုင်းထောင်အကြောင်း သိသူပီပီ ခါးပတ်ဝတ်ထားစေတာဖြစ်သည်။

" အခုလိုကျတော့လည်း မမကြီးတို့က မိသားစုလေး ကျနေတာပဲ "

မမကြီးက ကိုကိုကြီးပခုံးကို ဆုပ်ကိုင်ထားပြီး ကိုကိုကြီးနဲ့ ပစ်တိုင်ထောင်ကို တစ်လှည့်စီကြည့်ကာ အပြုံးမျက်နှာလေးနဲ့ဆိုသည်။ ကိုကိုကြီးနဲ့ ပစ်တိုင်းထောင်က ခဲရောင်လေးမှာ ငွေချည်ကြိုးလေးတွေ ထည့်သွင်းရက်လုပ်ထားတဲ့ ပုဆိုးနဲ့ အင်္ကျီအဖြူလည်ကတုံးကို ဝတ်ဆင်ထားပြီး မမကြီးကတော့ ခဲရောင်ပိုးသားအင်္ကျီ ရင်စေ့လက်ရှည်၊ ငွေရောင်ချိတ်ထဘီလေးနဲ့ဖြစ်သည်။

မောင်တို့ဆိုလေ ပျားသကာသို့ချိုလှစေ [[ Complete ]]Where stories live. Discover now