Unicode
"ကိုယ်မင်းအတွက် သီချင်းတွေအများကြီး...မင်းနားထောင်ရင်း..က..."
"မင်းပါးစပ်ကို ပိတ်ထားရင်ကောင်းမယ်....Jeon Henry...ငါမင်းနဲ့စကားမပြောချင်ဘူး..."
အဲ့လိုပြောနေကတည်းက မနေ့က ကိစ္စကို စိတ်ဆိုးမပြေသေးမှန်း သိသာနေပြီး Jeon Henry ကို တုံ့ပြန်သည့် လေသံလေးက မာဆတ်ဆတ်ရှိသေးသည်။
ကားပေါ်တွင် လက်ပိုက်လျက်ထိုင်နေကာ Jeon Henry ကိုလုံးဝမကြည့်ပေ။
ဒီနေ့တော့ သူတို့နှစ်ယောက်ခွဲနေသည့် အိမ်ကို ပြန်တော့တာဖြစ်သည်။ Taehyung က ဖိအားမပေးပင်မဲ့ Jeon Henry က သက်သက်နေချင်တာကြောင့်လည်း ဖြစ်သည်။
"ကိုယ်တောင်းပန်ပါတယ်ကွာ...တကယ်ကိုမရည်ရွယ်လိုက်တာပါ"
"မင်းလက်မပါဘူးလား...တံခါးခေါက်လေ...တော်ပြီဆက်ပြောလည်း ဒေါသထွက်ရုံဘဲ...စကားထပ်မပြောနဲ့..."
စိတ်ဆတ်နေသည့်အချိန်မို့ထင်သည်။ ဘာမှကို ပြောလို့မရ။
"Taehyung..."
"Jeon Henry...မင်းအဖြစ်က ငါ့ကို Jeon Baba လို့တောင်မခေါ်နိုင်တော့ဘူးလား...ငါ့ကို ပိုဒေါသဖြစ်အောင်လာလုပ်နေတာလား..."
"Jeon Baba...မင်းဗိုက်ကြီးနေတာလား..."
"ဘာပြောတယ်...Jeon Henry..."
မိတဲ့နေရာဆွဲလုပ်တော့ ဆံပင်ကို မိသည်။ ဆွဲထားလိုက်ခြင်းကြောင့် Jeon Henry တစ်ယောက်အီသွားတာပင်။
"Jeon Baba...နာတယ်...လွှတ်စမ်းကိုယ့်ကို"
"မင်းဘာလို့ငါ့ကိုအဲ့လိုပြောလဲ"
လက်တစ်ဖက်ကလည်း တစ်ဘုန်းဘုန်းနဲ့ထိရိုက်သေးပြီး ခြေထောက်တစ်ဖက်က Jeon Henry ရဲ့ပေါင်ပေါ်မှာ။
"ကိုယ်ကားမောင်းနေတယ်...လွှတ်လို့...မင်းနာတော့မယ်နော် Jeon Baba"
"မင်းလုပ်ရဲလား...ငါ့ကိုလုပ်ရဲလားလို့ Jeon Henry..."
ကားကို အရှိန်သတ်ကာ ဘေးသို့ချလိုက်သည်။ ပြီးတော့ လူလည်းပြတ်ကာ တစ်လမ်းလုံးတွင် သူတို့ကားတစ်စီးသာ ရှိနေတာဖြစ်သည်။
ကားရပ်သွားသည်အထိ Jeon Henry ကိုထုရိုက်နေစဲဖြစ်ကာ ဆံပင်ကိုလည်း ဆွဲထားနေစဲပင်။ ဒါလေးမေးမိတာကို အဲ့လောက်ဒေါသထွက်စရာလို'လိုလား။