ကျောင်းထမင်းစားခန်းထဲ မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုက အကြည့်မလွှဲချင်လောက်စရာပါပဲ။
မုန်လာဥနီကို ရှေ့သွားကြီးကြီးလေးတွေနဲ့ကိုက်ကာ ထမင်းကိုလဲတမြုံ့မြုံ့စားနေပုံလေးက ယုန်လေးတစ်ကောင် အစားသေချာလေး စားနေသလိုကို ကြည့်ကောင်းနေတာ။
သူ့ကိုကြည့်နေတဲ့ ကိုယ် ကိုယ်တိုင်တောင် ထမင်းဆက်စားဖို့မေ့နေတဲ့အထိ တမေ့တမောကို ဖြစ်လို့။
"ရှောင်းကျန့်!!"
တစုံတယောက်က ခေါ်လိုက်တဲ့ အမည်နာမတခုက ယုန်ပေါက်လေးနာမည်ထင်ပါရဲ့ ထမင်းငုံ့စားနေရာက လက်လှမ်းပြတဲ့ အနှီလူသားလေးက ပြုံးလဲပြုံးလိုက်သေးတာ။
သူ့ဘဝမှာတော့ အရယ်အပြုံးသိပ်မရှိပေမယ့်။ခုမြင်နေရတဲ့ ယုန်လူသားလေးကတော့ တော်တော်လေးကို ပြုံးရယ်တတ်တယ် ထင်ပါရဲ့။ခုနကလဲ ထမင်းစားနေရင်းကို ပြုံးတုံ့တုံ့ လုပ်နေသေးတာရယ်။
"မင်းကလဲ ငါ့တောင်မစောင့်ဘူး"
ထမင်းစားပွဲဆီ ပန်းကန်ကိုင်ကာရောက်လာသူက ဆူဆောင့်ဆောင့်ပြောတော့..
"ဟီး ငါမေ့သွားလို့ပါ"
"အေးပါ မေ့ မေ့ မင်းက မင်းကြိုက်တဲ့ဟင်းနေ့ဆို အကုန်ကို မေ့နော်"
"ဟီးး"
သူငယ်ချင်းရဲ့အပြစ်ပြောတဲ့စကားကို သွားကြီးကြီးလေးတွေပေါ်အောင်ပြုံးပြနေတာလေးကိုက ဖြူစင်လွန်းလှတာရယ်။
"ကျောင်းတက်ချိန်ကျ eng ဆရာ အချိန်နော် မင်း အိမ်စာတွေပြီးပြီလား?"
"ဟာ!!"
စားနေတဲ့ထမင်းလုတ်ကို ရပ်လိုက်ပြီး ပန်းကန်ကိုဆွဲကာ အသဲအသန်ထပြေးသူလေးကို ချော်လဲကျမှာ စိတ်ပူသွားမိတာလဲ ကိုယ့်မှာ ဘာမဆိုင် ညာမဆိုင်နဲ့ရယ်သာ။
ထမင်းစားပျက်အောင် လာပြောတဲ့ သူ့သူငယ်ချင်းကိုရော၊အရိုက်ကြမ်းပါတယ် နာမည်ကြီးတဲ့ ဒီကျောင်းက အထက်တန်းကိုင်တဲ့ eng ဆရာကိုပါ စိတ်ထဲက နာနာလေးမေတ္တာပို့လိုက်မိတယ်။သူတို့ကြောင့် ယုန်ကောင်လေး အစားပျက်သွားပြီရယ်။
YOU ARE READING
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanfictionဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။