"အားကျန့် ကိုယ့်အမျိုးသားအပေါ် မဆိုးရဘူး ဂျီမကျရဘူးနော် အရာရာကိုသည်းခံရမယ်နော် တဆိတ်ရှိ စိတ်ဆိုး စိတ်ကောက်မလုပ်ရဘူး ကြားလား သား"
"မား မှာနေတာ ၁၈ခေါက်ရှိနေပါပြီနော် မှတ်မိနေပါပြီလို့ မဆိုးပါဘူးလို့ ကိုယ့်သားလေးအဝေးသွားရတော့မှာကို သတိရနေမယ်တို့ အစားပုံမှန်စား ကျန်းမာရေးဂရုစိုက် ဒါတွေမမှာပဲ သူ့သမက်ကိုမဆိုးနဲ့ပဲမှာနေတယ် သားကို မားက မချစ်တော့ဘူးမလား ဒါကြောင့် သူများလက်ထဲအတင်းထိုးထည့်နေတာ"
"ဟော်တော်! ဖြစ်ရလေ အားကျန့်ရယ်"
ဟားး ဟားးး ဟားးး
"ငါ့သားကတော့ကွာ စံပဲဟေ့!"ပါးပါးရောမားကပါ ပြောပြီး ရယ်ကျတော့သည်။မဟုတ်ဘူးလား သူတို့လုပ်နေတာ။ကိုယ့်မှာတော့ မိဘတွေနဲ့ခွဲရတော့မယ်ဆိုပြီး အားငယ်နေတဲ့ဟာကို ဒါတွေပဲထပ်ခါထပ်ခါလာပြောနေတော့ စိတ်ဆိုးလာပြီရယ်။
"ကဲကဲ စိတ်မဆိုးနဲ့နော် မားက သားကိုသတိရနေမှာပေါ့ နေ့တိုင်းလဲ ဖုန်းဆက်လေနော် မားကို ဟုတ်ပြီလား?"
"သွားပါ ခုကျမှ! ရိပေါ် ပြန်မယ် မနေတော့ဘူး ဒီရှောင်းလင်မယားဆီမှာ!"
ကားသော့ကိုပါ ကောက်ဆွဲပြီး ရှေ့ကနေကော့တော့ကော့တော့နဲ့ ထွက်သွားတဲ့ဟာလေးကို မားက မျက်စောင်းထိုးလိုက်ပြီး..
"သူဝမ်းနည်းနေတာ သူများမြင်မှာစိုးလို့ စိတ်ကောက်ချင်ယောင်ဆောင်သွားတာ သွား! လိုက်သွားတော့ သား မဟုတ်ရင် စိတ်ကောက်ခံနေရမယ်"
"ဟုတ် သွားလိုက်ပါဦးမယ် ခင်ဗျ"
"အေး အေး ပါးမှာတာတွေ မမေ့နဲ့နော် သားရိပေါ်"
"ဟုတ်ကဲ့"
ကားပေါ်ရောက်တော့ ငိုထားတဲ့မျက်နှာလေးက ဖောင်းအစ်နေပြီ။
"ကြာလိုက်တာ ငါကသားအရင်းလား? မင်းက သားအရင်းလား?"
စရစ်ပါပြီ။
"လမ်းခရီးမှာ ဂရုစိုက်ဖို့နဲ့ သူ့သားလေးကို ဂရုစိုက်ဖို့မှာနေလို့ပါ ရှောင်းရယ် စိတ်မဆိုးလိုက်ပါနဲ့"
ESTÁS LEYENDO
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanficဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။