8

390 27 0
                                    

"ရိပေါ် ဒါလေးစားမယ်နော် ဟိုနားကဟာလေးလဲ ဝယ်ကျွေးပါနော် ငါ့ပိုက်ဆံကကုန်သွားပြီ"

အနားကပ်ခါ သူ့ပိုက်ဆံအိတ်လေးပါဖွင့်ပြလို့ ပူဆာနေတဲ့ အကောင်ငယ်လေးက အရာရာကိုအလိုလိုက်ပေးချင်စရာ။

"စားတော့စား အစပ်တွေအရမ်းမစားနဲ့ ရှောင်း"

"အင်းပါ စိတ်ချ စိတ်ချ"

ပါးစပ်ကသာ စိတ်ချပြောတာ။စားဖို့ပြင်နေတာတွေက မြင်‌ရတာနဲ့တင် ရေငတ်ချင်စရာတွေကြီး။တော့ပိုကီ၊ ငါးအသားချောင်းကိုမှအစပ် မောက်ချိုက်ကိုလဲ အစပ်များများဆိုပဲ။အစပ်တော့ တော်တော်စားနိုင်တာလေးပါ။ဒါတောင် ကိုရီးယားခေါက်ဆွဲအစပ်လိုက်ကျွေးဖို့ ‌ဘိုကင်ကကြိုယူထားသေးတာ။

"ဟီး ဗိုက်ကိုတင်းသွားတာပဲ နောက်ရက် ငါပြန်ဝယ်ကျွေးမယ်နော် ခုတော့ မင်းပိုက်ဆံတွေ ငါသုံးလိုက်တာများသွားပြီ ဟီး"

"အေးပါ ပိုက်ဆံကုန်တာက အရေးမကြီးပါဘူး မင်းစားထားတွေအများကြီးနော် ဗိုက်အောင့်နေမယ်"

"ရတယ် ရတယ် အိမ်ရောက်မှဆေးသောက်လိုက်မယ်"

လည်လို့ပတ်လို့ဝပြီး ဗိုက်လဲပေါက်ထွက်မတတ်တင်းတော့မှပဲ ညဈေးထဲကထွက်တော့တဲ့ အမောင်ရှောင်းကျန့်ကိုတော့ ရိပေါ် ခြေရောလက်ရောပါ မြှောက်ရသည်။စားလဲစားနိုင်သလို လျှောက်လဲလျှောက်နိုင်တဲ့ ခြေထောက်ပါပေ။

သူမို့မညောင်းနိုင်တယ် ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် ဈေးတန်တဲ့ဆိုင်ပတ်ကြည့်လိုက်နဲ့ ညဈေးကိုသူပတ်တာပဲ ၁၂ခေါက်လောက်ရှိမလား မသိ။‌

ရှေ့ကသွားနေတဲ့ သူတော့မသိ နောက်ကလိုက်ရတဲ့ ရိပေါ်မှာတော့ လူများများထဲ သူပျောက်သွားမှာစိုးလို့ ကြည့်ရတာတမျိုး သူသွားသမျှ လိုက်လျှောက်ရတာတမျိုးနဲ့ မျက်လုံးရော ခြေထောက်တွေပါ ညောင်းကိုက်လာတာမို့ သူ့လက်တွေကိုဖမ်းဆွဲပြီး အတူတူလျှောက်တော့မှသာ မျက်လုံးက အနားရတော့တာ။ခြေတံရှည်သလောက် တော်တော့်ကိုလဲ ခြေရှည်တဲ့ဟာလေးပါလေ။

"ဒါဆိုလဲ ပြန်မယ် တက်တော့"

"ပြင်းပြင်းလေးမောင်းနော် ရိပေါ်"

Love Knot (မေတ္တာနှောင်ကြိုး) (Completed)Where stories live. Discover now