တစ်ပတ်။၇ရက်ရှိပြီ။ခုချိန်ထိ ပြဿနာတွေက မပြီးသေး။ရိပေါ်လဲ ပင်ပန်းနေတာများ ညဖက်တွေတောင် ကောင်းကောင်းအိပ်မပျော်တဲ့ထိ ဖြစ်လာနေပြီ။ရှန်ဟိုင်းမှာ ရှိနေတဲ့ ဟိုက်ခွမ်းကောကိုလဲ အမှု့ကိစ္စတွေအတွက် ပြန်ခေါ်ထားတာ မနက်ဖြန်လောက်တော့ ရောက်မည်ထင်သည်။
ပင်ပန်းနေတဲ့ ခင်ပွန်းသည်အတွက် ဘာအကူအညီမှ မပေးနိုင်လို့ ရှောင်းကျန့် သူ့ကိုယ်သူ ဝမ်းနည်း နေမိတယ်။ဒါပေမယ့်လဲ ပင်ပန်းနေသူကို ထပ်ပြီး စိတ်ပင်ပန်းရအောင်တော့ သူ့ခံစားချက်တွေကို ဖွင့်မပြောရက်ပါ။
📞📞📞
'Hello''ရှောင်း! ကိုယ်ပါ'
ကိုယ့်အတွေးနဲ့ကိုယ်မို့ ဖုန်းမြည်လာတော့လဲ ယူသာကိုင်လိုက်တာ နံပတ်ကို မကြည့်မိလိုက်။
'အာ ..ရိပေါ် ပြောလေ'
'စာကြည့်ခန်းထဲက ကိုယ့်အလုပ်စားပွဲပေါ်မှာ ဖိုင်အပြာလေးကျန်ခဲ့လို့ ရှောင်း ကိုယ် ဒီကလူလွှတ်လိုက်မယ် အဲ့ဖိုင်လေး ထည့်ပေးလိုက်ပါနော်'
'အင်း အင်း ထမင်းစားပြီးပြီလား..ကို.ကို'
ဟိုရက်က ခေါ်ပြီးတည်းက ဒီနာမ်စားကို သူဘယ်လောက်ပဲထပ်ခေါ်ခိုင်း ခေါ်ခိုင်းမခေါ်ဖြစ်ခဲ့ပေမယ့် ခုတော့ စိတ်ထဲခေါ်ချင်လာတာကြောင့် ခေါ်လိုက်မိပြီးမှ ရှက်လိုက်တာဆိုတာ။
'ဟမ်! ရှောင်း ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာ'
'ဘ.ဘယ်လို.ခေါ်လို့လဲ ဘယ်လိုမှ မခေါ်ပါဘူးနော်'
'ခေါ်လိုက်ပါတယ် ကိုယ်ကြားလိုက်တယ်'
'ကြားရင်လဲ ကြားလိုက်တယ်ပေါ့ ဒါပဲ'
'ရှောင်း! ဟာ ဟေ့!'
ဘယ်လိုခေါ်ခေါ် ဖုန်းကတော့ချသွားပါပြီ။ဟက် ကောင်လေးတစ်ယောက် ခေါ်ပြီးမှ ရှက်သွားတာ ထင်တယ်။
"နစ်! အိမ်က ငါ့အမျိုးသားဆီမှာ ဖိုင်တခုသွားယူလာခဲ့"
"ဟုတ်ကဲ့ boss"
ဒီရက်ပိုင်းအတွင်း အကုန်လုံးက အလုပ်တွေများနေတာကြောင့် ဘယ်သူမှ သေချာကို မနားဖြစ်သေး။ချိန်ကွမ်းမင် အမှု့တွေက တူးလေပေါ်လေမို့ လုပ်ရတာ လက်စကိုမသတ်နိုင်။ဟိုက်ခွမ်းကောကိုလဲ ခေါ်ထားပြီးပြီမို့ နောက်ရက်တွေဆိုရင်တော့ ရှောင်းအနားကပ်လို့ရနိုင်ကောင်းပါရဲ့။
YOU ARE READING
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanfictionဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။