"ကိုယ် ဟိုကိုပြန်ရဦးမယ်"
"ဟမ်!"
ရည်းစားဖြစ်လို့တွဲဖြစ်တာမှ တစ်ပတ်မပြည့်သေးဘူး ခု ပြန်ရတော့မယ်ဆိုတော့ အဲ့ ဝမ်ရိပေါ်ကိုလေ လည်ပင်းသာနင်းပြီးမေးလိုက်ချင်ပါတယ်။'မင်း လူမှဟုတ်သေးရဲ့လား?'လို့။
နေ့လည်စာစားပြီး လန်ဒန်ကို ခဏပြန်ရမယ်လို့ပြောလိုက်ပြီးတည်းက ငြိမ်သွားတဲ့ ရှောင်းက တိုက်ခန်းကိုပြန်ရောက်သည်ထိ တိတ်ဆိတ်နေတာမို့ ရိပေါ် မနေတတ်တော့။
"ရှောင်း!"
ထိုင်နေတဲ့တစ်ဖက်မှာဝင်ထိုင်လိုက်ရင်း သူ့ပခုံးကိုလှမ်းဖက်လိုက်တော့ ...
"သွား! လာမထိနဲ့!"
"ရှောင်း!"
"ဟင့် အင့် မင်းက ဒီတခါလဲ ထပ်ထားသွားဦးမှာမလား ပြောတော့ ချစ်တယ်ဆိုပြီး ခု ဘယ်လောက်များကြာသေးလို့လဲ ပြန်တော့မယ်က ဖြစ်လာပြီ သွား! ပြန်! မုန်းတယ် မင်းကို ဟင့် ဟင့်!"
ဟော ကိုယ့်မှာ ဘာမှတောင် မပြောရသေးဘူး။သူတစ်ယောက်ထဲပြောပြောပြီး ငိုနေတာများ နှပ်တွေပါထွက်လို့။
"ရော့"
ကမ်းပေးတဲ့ တစ်ရှူးစကိုဆွဲယူလို့ မျက်ရည်တွေရော နှပ်တွေပါဆွဲလို့သုတ်ပြီးမှ..
"ပြန်.တော့.မယ်"
"နေဦးလေကွာ ကိုယ် ဘာမှတောင် မပြောရသေးတဲ့ဟာကို"
"မနေဘူး! နေလဲ ပြန်မှာပဲဟာကို"
ဟော ကြည့် လုပ်ပြန်ပြီ။ဒီဟာလေးဟာလေ။
"ခန ..ခနလေးကွာ ကိုယ် ပြောတာလေး ရှောင်းက စိတ်ရှည်ရှည်နဲ့ ခနနားထောင်ပေးလေကွာ နော်"
စကားဆုံးတော့မော့ကြည့်လာတဲ့ မျက်ဝန်းရှည်သွယ်သွယ်လေးထဲ မျက်ရည်တွေအိုင်ထွန်းလို့ ငိုဖို့ကလဲ အဆင်သင့်ရယ်။မျက်တောင်ဖျားလေးတွေမှာလဲ ခုနကငိုထားတဲ့ လက်ကျန်မျက်ရည်တွေကြောင့် စိုလက်နေတာရယ်။
"ကိုယ် ရှောင်းကို ခေါ်သွားချင်တယ် လက်ထပ်ပြီးတော့"
"ဘာ!!"
"ရှောင်း ခန ခနလေကွာ"
"မင်း ငါ့ကို ဘာထင်နေလဲ ဝမ်ရိပေါ်! မင်း ရည်းစားစကားပြောတာကို ချက်ချင်းအဖြေပြန်ပေးလို့ အပေါစားထင်နေတာလား ဟမ်? ငါ့မှာတော့ မင်းကို ချစ်လိုက်ရတာ မင်းက ငါ့ကို အဲ့လောက် လွယ်တယ်လို့ ထင်ထားတယ်ပေါ့ ဟုတ်လား?"
![](https://img.wattpad.com/cover/368526571-288-k52754.jpg)
YOU ARE READING
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanfictionဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။