"လာ ဒီမှာငါပြမယ်!"
ခုမှ လက်ထဲက ပစ္စည်းတွေကိုသတိရပြီး စားပွဲပေါ်ချရတော့တယ်။
"ရော့ မင်းမှာတဲ့ ဖိုင်အပြာ"
"အင်း ယွီပင်း အဲ့ထဲမှာ လိုတဲ့အချက်တွေအကုန်ပါတယ် သွားလုပ်လိုက်တော့"
"ဟုတ်ကဲ့ Boss"
ရှောင်းက ယွီပင်းကို တချက်ခေါင်းမော့ကြည့်ပေမယ့် ဘာမှတော့မပြော။
"ဒါ စာကြည့်ခန်းထဲက..
"ဟုတ်တယ် မင်း laptop ဒါပေမယ့် အဲ့ထဲမှာ မင်းကို ပြစရာရှိနေလို့"
"ပြစရာ?"
"အင်း ဒီမှာ လာကြည့် လာ!"
သူ့အနားကပ်ထိုင်လိုက်ရင်း သူပြတာကို ကြည့်လိုက်မိတော့..
"ဒါ..ဒါတွေက..
"ငါလဲ ဖိုင်တွေပြုတ်ကျမှ တွေ့လိုက်မိတာ မင်း ဒါတွေတခါမှ ဖွင့်မကြည့်ဖူးဘူးလား?"
"ဟင့်အင်း! ငါက ဖွားရဲ့အမှာစကားပြီးတာနဲ့ပိတ်လိုက်တာ စတစ်တောင်ထိုးထားမိရက်သားမို့ မဖြုတ်ဖြစ်သေးတာ"
"အာ ဒါဆို ခု ဒါကို ဘယ်လိုလုပ်ကျမလဲ?"
"တရားရုံးမှာ သက်သေအဖြစ်တင်သွင်းရမှာ အမှု့တစ်ခုထပ်တိုးသွားတာပေါ့"
"ဒီကိစ္စကရော"
သူလက်ညိုးထိုးပြလာတဲ့ဟာက ချိန်ကွမ်းမင်နဲ့ပေါင်းပြီး မားက ဖွားရဲ့ ကုမ္ပဏီအမြတ်ငွေတွေကို ဖြောင်ထားခဲ့တဲ့ကိစ္စတွေ။
"ဒါကတော့ ငါကိုယ်တိုင်ပဲ ရှင်းရမယ်ထင်ပါတယ်"
"မင်း အဆင်ပြေရဲ့လား?"
"ပြေပါတယ်"
ပေါင်ပေါ်ကို တက်ထိုင်လာပြီး လည်ပင်းကိုဖက်ကာ..
"ဘာပဲဖြစ်ဖြစ် ငါ့ကိုပြောပြနော် အဆင်ပြေတာလဲပြောပြ အဆင်မပြေတာလဲပြောပြနော် ခုဆို ငါတို့က တသွေးတသားထဲဖြစ်နေပြီလေ"
"ဘာလို့?"
သိသိရက်နဲ့မေးလိုက်တော့ လည်ပင်းကိုသိုင်းဖက်ထားရာက ပခုံးပေါ်မျက်နှာအပ်လာပြီး..
"ဟို..ဟိုနေ့ကပဲ အ..အတူတူနေ.ပြီးတာလေ..အဲ့တော့ တသားထဲဖြစ်ပြီပေါ့"
YOU ARE READING
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanfictionဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။