အားလုံးပြီးဆုံးသွားတော့ နေ့ရက်တွေက အရင်လိုပဲ သာသာယာယာ။ရိပေါ်ရဲ့သခင်လေးကလဲ အရင်လို စားချင်တာတွေစားလို့ လိုက်တားရစမြဲ။ကော်လေးလိုကပ်နေလို့လဲ အဖွဲ့သားတွေက ဝိုင်းစ,ကျစမြဲ။
"ဒါလေးသောက် ငါပါသောက်မှာ"
ဂက်စ်အအေးတွေဆီ လက်လှမ်းနေတဲ့ ကိုယ့်အနားလာပြီး သူကိုင်လာတဲ့ နို့ဘူး၂ဘူးကိုမြှောက်ပြလာတယ်။
"ပြီးရော"
ကိုယ်သောက်ချင်တာကို မသောက်နဲ့မပြောပဲ သူသောက်စေချင်တာကို အစားထိုးတိုက်တတ်သူကို ကိုယ်ကလဲ ဆန့်ကျင်ဖက်လုပ်မနေပါ။သူက ကိုယ့်အတွက်လုပ်ပေးတဲ့ဟာ ငြင်းစရာလား။
"လာပါပြီ super glue တွေ"
"အမ် ?ဘာကြီးတုန်း super glue က"
ကိုယ်တွေကိုကြည့်ပြီးပြောလာတဲ့ ရှောင်ထန်းကို နားမလည်သလို ပြန်မေးလိုက်တော့။
"မင်းတို့လေ မင်းတို့နှစ်ကောင်ကိုပြောတာ ကော်လိုကပ်နေကျလို့ super glue လို့ခေါ်တာ"
"အာ အဲ့လို မဟုတ်"
"တော်ပါကွာ လာ မင်းတို့ကိုစောင့်နေတာ"
"အင်း အင်း"
ကျောင်းပိတ်ရက်ပေမယ့် ပြိုင်ပွဲတွေရှိနေတာရယ် အငယ်တွေကို ပြိုင်ပွဲဝင်နိုင်အောင် သင်ပေးနေတာရယ်ကြောင့် ဘတ်စကတ်ဘောကွင်းထဲမှာ လူကအပြည့်။
"ကဲ ဒီတခါ နောက်ဆုံးနှစ်ရဲ့ နောက်ဆုံးဖိုင်နယ်ပဲ ကြိုးစားလိုက်ကျရအောင်ကွာ"
နည်းပြဆရာ အပြောကြောင့် ရင်ထဲမှာတောင်သိပ်မကောင်း။အထက်တန်းလဲပြီးတော့မှာဖြစ်သလို ခုပြိုင်ရမယ့်ပွဲကလဲ အထက်တန်းကျောင်းသားဘဝရဲ့နောက်ဆုံးပွဲ။
"လျှောက်တွေးမနေနဲ့ ကစားတာပဲ အာရုံစိုက်"
အတွေးများနေတဲ့ကိုယ့်အနား သွေးပူလေ့ကျင့်ခန်းလုပ်ရင်းက တိုးတိုးလေးကပ်ပြောလာတဲ့ စကားသံဩရှရှလေး။
"အင်း"
ခေါင်းတချက်ဆတ်ပြလို့ ဘောလုံးကိုကောက်ကိုင်လိုက်တော့တယ်။
~~~~~~
"ဂိုး!!! ...ရေး!!! ...ပေကျင်းကွ!!"
BẠN ĐANG ĐỌC
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanfictionဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။