"ငါ ကြောက်တယ်!"
"ကိုယ်တစ်ယောက်လုံးပါတယ်လေကွာ"
သူပါလို့ကို ကြောက်နေတဲ့ဟာကို သူပါတယ် အားပေးနေတော့ လူကဘာပြန်ပြောရမယ်မသိ။ကိုယ့်ဖာသာ ကိုယ့်အိမ်ပြန်တာတော့ ကြောက်စရာလိုမလား။
"အဆင်ပြေမှာပါနော်"
"စိတ်အေးအေးထား ဟုတ်ပြီလား"
"ဟင်းးးး အင်း ဝင်ရအောင်"
အိမ်ထဲဝင်ဖို့အရေး ကားပေါ်တင်အချီအချစကားပြောနေတာ ၁နာရီကျော်လောက်ရှိနေပြီ။နောက်ဆုံးတော့ သက်ပြင်းရော ဆုံးဖြတ်ချက်ပါတခါတည်းချလို့ ကားပေါ်ကဆင်းလိုက်တော့တယ်။
"ရိပေါ်"
"အင်း ကိုယ်ရှိတယ်"
အိမ်အဝရောက်ကာမှ နောက်လှည့်လို့ခေါ်လိုက်တဲ့သူကို အားပေးသလို ပခုံးတချက်ဖျစ်လိုက်တော့ မော့ကြည့်လာတဲ့ မျက်ဝန်းလေးတွေက ကြောက်ရွံ့နေသလားလို့.
"အဆင်ပြေရဲ့လား ရှောင်း"
"ငါ ကြောက်နေတာ.. မင်း နဲ့ ခွဲ ရ မှာ ကို"
သူ့ရဲ့ကြောက်လန့်မှု့က ကိုယ့်ကြောင့်ဆိုတာသိလိုက်ရတော့ သူကြောက်နေတာလေးကို ကြည့်ပြီး စိတ်ထဲက ကျေနပ်သွားမိတယ်။မတရားမှန်းသိပေမယ့်လဲ ချစ်ရသူရဲ့အမျိုးမျိုးသောခံစားချက်တွေက ကိုယ့်အတွက်ပဲဖြစ်စေချင်တာတော့ သူ့ရဲ့အတ္တကြီးမှု့ထင်ပါရဲ့။
"ဟယ်! သားတို့ အိမ်အဝကြီးရပ်ပြီး ဘာလုပ်နေကျတာတုန်း လာ အိမ်ထဲဝင်ကျလေ"
အိမ်ထဲဝင်ဖို့အရေး စိတ်အားတင်းနေတဲ့နှစ်ယောက်က ရှောင်းမားခေါ်သံကြောင့် ခုတော့ အိမ်ထဲကို မဝင်မဖြစ်ဝင်ရတော့မယ်။
"လာပါကွာ ကိုယ်ရှိတယ် အားမငယ်နဲ့"
လက်လေးကို တချက်ဖျစ်ညှစ်လိုက်ပြီး အိမ်ထဲသာဝင်ခဲ့လိုက်တော့သည်။လာမယ့်ဘေး ပြေးတွေ့ကျတာပေါ့ ရှောင်နေလို့မှမရတဲ့ဟာ။
••••••••
"ဦးလေးသားကို ဘာတွေနဲ့တင်တောင်းမှာလဲ?"
"ပါး!!"
"သား ပါးပါး စကားပြောနေတယ်လေ"
"ဒါ..ဒါပေမယ့်..

VOUS LISEZ
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanfictionဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။