လွန်ခဲ့တဲ့၂ရက် ကျောင်းပြန်တက်ပြီး နောက်တနေ့...
"သူက ခုထိအဲ့အကျင့်ကမပျောက်သေးဘူးလား?"
"ဟဲ့ ဒါက အကျင့်မှမဟုတ်တာ ပျောက်မလား"
"အော် အေး ဟုတ်သားနော် ဟိ ဟိ"
"ငါတို့ King လေးကိုနှမျောလိုက်တာဟယ်"
"သူကသာဖြစ်နေတာနေမှာပါ ဟိုက အစတည်းက ရုပ်တည်ကြီးနဲ့ဟာ"
"အေးနော်"
ကျောင်းဝမှာ အသင်းခေါင်းဆောင်နဲ့တွေ့လိုက်တာမို့ ဆိုင်ကယ်ပေါ်ကဆင်းကာ စကားပြောရင်းလျှောက်လာကြတုန်း အနားကဖြတ်သွားတဲ့သူတွေရဲ့ ပြောစကားကြောင့် လှမ်းလက်စ ခြေလှမ်းတွေတုံ့သွားမိတယ်။
"ဘယ်သူတွေဘာပြောပြော ကိုယ်မှန်နေရင် ပြီးတာပါပဲ ရှောင်းကျန့်ရာ"
မျက်မှောင်တချက်ကျုံ့လိုက်ရင်းက..
"သူတို့က ခု ဘာအကြောင်းကို ပြောချင်နေကျတာလဲ?"
"ပွဲနေ့က မင်းကို ဝမ်ရိပေါ်ပွေ့ပြီး ဆေးရုံခေါ်သွားတဲ့ကိစ္စက တော်တော်ဂယက်ရိုက်သွားတယ် ပြီးတော့ဘယ်သူဖြန့်လိုက်မှန်းမသိတဲ့သတင်းတခုက.."
ခေါင်းဆောင်ကပြောရခက်သလို ခေါင်းကုတ်လိုက် လည်ပင်းပွတ်လိုက်လုပ်နေတုန်း။
"မင်းက ဝမ်ကောကို မြူစွယ်နေတာတဲ့"
"ရှောင်ထန်း!!"
"ပြောရမှာပဲလေ သူသိကိုသိမှဖြစ်မယ့်ကိစ္စပဲဟာ"
ခေါင်းဆောင်က တားသလို အော်လိုက်တာကို ရှောင်ထန်း ကလဲမခံ။
"မ..မဟုတ်တာကြီးကို"
"အေး မဟုတ်ဘူးဆိုတာ ငါတို့လဲသိပေမယ့် လူတစ်ယောက်နဲ့တစ်ရာ ဘယ်သူက အနိုင်ရမလဲ မင်းတွေး လူညီတော့ အမှားကလဲ အမှန်ဖြစ်သွားတာပဲ"
"ရိပေါ် ရိပေါ်ရော သိလား?"
"အဲ့ဒါတော့ ငါတို့လဲ သေချာမသိဘူး"
တော်သေးတာက ခုချိန်အနားမှာ ရိပေါ်ရှိမနေတာပါပဲ။ဆိုင်ကယ်ကို ကားပါကင်မှာသွားထားနေတာမို့ ပြောနေတဲ့စကားတွေကို ရိပေါ်မကြားလိုက်တာပဲ ကျေးဇူးတင်ရမလိုလို။
BẠN ĐANG ĐỌC
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanfictionဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။