'လာကြိုစရာမလိုဘူး ကျနော့်ဖာသာ အားလုံးစီစဉ်ထားတယ်'လန်ဒန်ကပြန်လာမယ်ဆိုလို့ လေဆိပ်ကို ဘယ်အချိန်လာကြိုပေးရမလဲ ဖုန်းဆက်မေးမိပါတယ် တခါတည်းစကားအပြတ်ပြောတာနဲ့ ကြုံရတော့တယ်။
'အိမ်ထိန်းကြီးကို လာကြိုခိုင်းလိုက်မယ်လေ သား ပါး သားအခန်းကိုလဲ ရှင်းခိုင်းထားပြီးပြီ'
'ကျနော် ဟိုတယ်မှာပဲတည်းမယ် အကုန်စီစဉ်ပြီးသားမို့ ဘာမှပူမနေပါနဲ့'
'မဟုတ်သေးဘူးလေ သား သား!'
ဟူးးးး
ဒီတခါလဲ သူပြောချင်ရာ ပြောလို့ ဖုန်းချသွားတဲ့ သားကြောင့် ဝမ်ကျားရန် သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်မိတယ်။မှားသွားပြန်ပြီ။ဒီတခါလဲ သားနဲ့ပတ်သတ်ပြီး မှားသွားပြန်ပြီ။ဖခင်တစ်ယောက်ရဲ့အတ္တနဲ့ ထိန်းချုပ်လိုက်မိတာက ခုတော့ သားနဲ့အဝေးဆုံးကိုရောက်သွားစေတဲ့ ဆုံးဖြတ်ချက်ဖြစ်နေတယ်ဆိုတာ အချိန်လွန်မှသိခွင့်ရလိုက်တာ ဝမ်ကျားရန်အတွက် ပြင်ဆင်ခွင့် ရှိနေပါ့မလားတောင် မသိတော့ပေ။"သူဘယ်မှာလဲပဲ သိချင်တယ်"
"ရှန်ဟိုင်းနည်းပညာတက္ကသိုလ်မှာ civil ကို အဓိကမေဂျာအဖြစ်ယူထားပါတယ် သခင်လေး"
"ရပြီ ပြန်တော့"
"ဟို သခင်ကြီးက..
ထိုင်ရက်က လက်ကာပြလာတာမို့ ဆက်မယ့်စကားတွေကို အားလုံ ရပ်ပစ်လိုက်ရတယ်။
"ဝမ်သခင်ကြီးကို ကျေးဇူးတင်ပါတယ် ပြောပေးပါ နောက်လဲ သူနဲ့ပတ်သတ်တာမှန်သမျှ ကျနော်ဖာသာရှေ့ဆက်မှာမို့ ဘာမှဝင်မစွက်ဖက်ဖို့ပါ ပြောပေးပါ"
"ဟို..
MacBook ကိုကြည့်နေရာက ခေါင်းမော့ကြည့်လိုက်တာကြောင့် ဆက်မယ့်စကားတွေကို မျိုချလိုက်ရင်း..
"ဟုတ်ကဲ့ပါ သခင်လေး ခွင့်ပြုပါဦး"
လက်သာယမ်းပြလိုက်တာမို့ ခေါင်းညွှတ်အရိုအသေပေးကာ အခန်းထဲကထွက်လာလိုက်ရတယ်။အခန်းအပြင်မှာ ရပ်စောင့်နေတဲ့ အတွင်းရေးမှူးဆိုသူနဲ့ bodyguard ၂ယောက်ကလဲ သူတို့သခင်လိုပဲ ရုပ်သေကြီးတွေနဲ့မို့ အားလုံခေါင်းအသာရမ်းပြီးသာ ဟိုတယ်အပြင်ကို ထွက်လာလိုက်တော့သည်။သခင်ကြီးကိုလဲ သခင်လေးမှာတာတွေ ပြန်ပြောရဦးမှာ။
YOU ARE READING
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanfictionဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။