"ငါက ၇နှစ်သားတည်းက လန်ဒန်မှာ အဖွားနဲ့နေခဲ့ရတာ ငါ့အဖေနဲ့အမေက ကွဲနေတာ ခု အဖွားဆုံးလို့ ပါးဆီပြန်လာနေတာ ဒါပဲ ငါ့အကြောင်းက"
"မင်း မားကရော"
"နောက်အိမ်ထောင်နဲ့"
"အာ sorry ပါနော် ရိပေါ်"
"ရတယ် ဒါက ငါ့အတွက်သိပ်မဆန်းဘူး ငယ်ငယ်တည်းက ကြုံနေကျ ကိစ္စ"
"ဘာလို့မဆန်းရမှာလဲ ဆန်းတာပေါ့ မိဘနှစ်ပါးရဲ့လုပ်ရက်က သားသမီးတွေအတွက်အရိပ်ပဲလေ မင်းဆိုငယ်ငယ်တည်းက မိဘမေတ္တာမဲ့ခဲ့ရတဲ့ဟာကြီးကို ဘယ်လိုတောင် တောင့်ခံနိုင်ခဲ့တာလဲ ငါဆို မင်းလိုတောင့်ခံနိုင်မယ်မထင်ဘူး"
ကိုယ့်မိသားစုကြားမှာ ဒီထက်ပိုပြင်းတဲ့ လျို့ဝှက်နက်နဲတာတွေရှိနေသေးပေမယ့် ထုတ်မပြရက်ဘူး။ဘာလို့လဲဆို ဒီလောက်လေးကိုတောင် ကိုယ်ခံစားခဲ့ရတာဆိုပြီး သနားနေတဲ့ကောင်လေးက တခြားအကြောင်းတွေသာ သိခွင့်ရခဲ့မယ်ဆို ဘယ်လောက်ဝမ်းနည်းနေလိမ့်မလဲလေ။
"ပြီးတော့ ဒါက မင်းရဲ့အားနည်းချက်လိုဖြစ်နေခဲ့တာကို ငါကအလိုက်မသိ မေးမိလိုက်တာလေ အဲ့လိုလုပ်တာက အနာဟောင်းကိုပြန်ဆွသလိုပဲတဲ့ မားပြောဖူးတယ်"
"ငါလဲ မင်းအကြောင်းတွေသိချင်ခဲ့တာပဲလေကွာ"
"ငါအကြောင်းက ဘာမှထွေထွေထူးထူးကိစ္စမှ မဟုတ်တာကြီးကို"
"ထားလိုက်ပါတော့ကွာ ဟုတ်ပြီလား စိတ်ညစ်စရာတွေ တွေးမနေနဲ့တော့နော်"
"အင်း"
တကယ်ဆို သူပြောတာအမှန်။သူငယ်ချင်းပဲလေ ဒါတွေသိနေဖို့မှ မလိုအပ်တာဆိုတာ။ခုတော့ သူငယ်ချင်းလေး စိတ်ညစ်သွားရတာပဲ အဖတ်တင်တယ်။
~~~~~~^အဖြူလေးယူရမလား အနီရောင်လေးယူရမလားဟင်^
^အဖြူလေးယူ မင်းနဲ့ပိုလိုက်တယ် အနီကအရောင်ပဲ မင်းကြိုက်တာလေ အရုပ်ကလဲ မင်းအကြိုက်မှမဟုတ်တာ အဖြူလေးရဲ့ အရုပ်ကမှ မင်းကြိုက်တဲ့ဟာလေ ပြီးတော့ မင်းလွယ်နေတဲ့အိတ်နဲ့ အဖြူလေးတပ်မှ ပိုလိုက်တာ^
Keychain လေးဝယ်ဖို့အရေးကို တကူးတကရှင်းပြနေတဲ့ရိပေါ်က တကယ့်ကို စိတ်ပါဝင်စားစွာ။ပုံတွေပြပြီး cb မှာစာပို့လိုက်တည်းက သေချာကြည့်ပြီး ရွေးပေးနေတာဖြစ်မည်။
ESTÁS LEYENDO
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanficဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။