"အရေးကြီး meeting တဲ့!! ရှောင်းကျန့်"
ဆပ်ပြာသည်လင်ပျောက်သလိုလို၊ သားပျောက်အမေလိုလို အာပြဲနဲ့အော်လို့ အခန်းထဲဝင်လာတဲ့ ကျိရန်က လက်တစ်ဖက်က ရှောင်းကျန့်ကိုဆွဲထူလို့ တစ်ဖက်ကလဲ ဖိုင်တွေကိုဆွဲယူနေပါသေးတယ်။
"အား! ကျိရန်!.မင်း ဘာဖြစ်နေတာလဲ?"
"အော်မနေနဲ့ မင်းအမေလင်က အရေးပေါ်အမြန်တဲ့ မင်း အဲ့ဂိမ်းပဲဆော့မနေနဲ့!!"
"သူ့ဖာသာ အရေးပေါ်တာလေ ငါပေါ်တာမှ မဟုတ်တာ!"
"ဒါကြောင့် မင်းအနားက အနံ့တွေထွက်နေတာ"
နှာခေါင်းကိုတရှုံ့ရှုံ့နဲ့ အနံ့ခံသလိုပါလုပ်နေတာမို့ ရှောင်းကျန့်မှာ ကိုယ့်ကိုယ်ကိုတောင် မလုံမလဲဖြစ်သွားရတယ်။
"ဘာ!..ဘာ အနံ့လဲ!"
"ပြုတ်စော်!!"
"အား!! ကျိရန်!!"
အင့် ဗုန်း!!
"ဟာ..ဟိတ်!"အော်ရင်းနဲ့ရိုက်လိုက်တာကို ရှောင်ပြီး အခန်းထဲကပြေးထွက်သွားသူနောက် ထပ်ချပ်မကွာ ဖိုင်နဲ့လိုက်ရိုက်နေရင်း အကွေ့ကထွက်လာသူကို မတွေ့ပဲ ဝင်တိုက်မိတော့တယ်။
"ရှောင်းကျန့်!..ထ.ထနိုင်ရဲ့လား?"
"အဲ့ဒါ ဘယ်လိုဖြစ်လာကျတာလဲ? ဟမ်!!"
သွားပြီ။ဒီတခါ ပြုတ်စော်က ကိုယ်ပါနံပြီထင်ပါရဲ့။ကျိရန်မှာ တွေးလဲတွေး ပစ်စလက်ခတ်လဲကျသွားတဲ့ သူငယ်ချင်းကိုလဲ ထူပေးနေရတယ်။
"ဘယ်လိုဖြစ်လာကျတာလဲ?!"
အမေးကို ခုထိ ခေါင်းမော့ကာဖြေမလာသေးသူ နှစ်ယောက်ကို ကြည့်ရင်း ဝမ်ကျိုးချန် စိတ်လေသွားမိတယ်။ရုံးကို ကစားကွင်းနဲ့မှားလာကျသလား မသိဘူးရယ်။
"ဖြေလေ!!"
"ဟို..ဟိုလေ
ခွီ ခွီ!
ပြန်ဖြေမလို့ဟာကို တခွီခွီအသံထွက်လာတာကြောင့် စုန့်ကျိရန်မော့ကြည့်လိုက်တော့ သူ့ကိုတည့်တည့်စိုက်ကြည့်လို့ ပြုံးစိစိလုပ်နေတဲ့ လူတစ်ယောက်။ဘယ်သူ ဘယ်ဝါမသိပေမယ့် မျက်စောင်းတချက်ပိတ်ထိုးလိုက်ရင်း..
YOU ARE READING
Love Knot (မေတ္တာနှောင်ကြိုး) (Completed)
Fanfictionဒီလိုဝေးကျရမယ်မှန်းသာကြိုသိခဲ့ရင်... ချစ်မိသမျှ အရာရာဆုံးရှုံးတတ်တဲ့ငါက မင်းကို ထပ်ပြီးမတွယ်တာမိအောင် နေခဲ့မိမှာ။